ဆီးရီးယားအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရသေးဟု ကာ့ဒ်တပ်ဖွဲ့ပြော

ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့၌ ကာ့ဒ်တပ်ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူမှု ရရှိသွားပြီဟု အစိုးရစစ်တပ် က သြဂုတ် ၂၁ ရက်တွင် ပြောကြားသော်လည်း သဘောတူညီမှု မရရှိသေးကြောင်း ကာ့ဒ်တပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

ဟာဆာကာမြို့၌ ဆီးရီးယားအစိုးရတပ်ဖွဲ့နှင့် အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ် တပ်ဖွဲ့တို့အကြား သြဂုတ် ၁၇ ရက်ကစ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်နေသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း

ဦးခင်မောင်သီ ပင်လုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်အရန်ဗဟိုကော်မတီဝင်

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) အစည်းအဝေး ကျင်းပ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ်ခန်းမ၌ ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဌေးဦး၊ သူရဦးအေးမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအကြံပေးများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ထူးချွန်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

22B

(more…)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) တွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း (၂၂-၈-၂၀၁၆)

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ယနေ့ (သြဂုတ် ၂၂ ရက်) နံနက် (၈) နာရီခွဲအချိန်က ပါတီဌာနချုပ် ခန်းမတွင် ကျင်းပရာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းအပြည့်အစုံမှာ –

 

22 HQ1 22 HQ2

(more…)


Read more

ဒုတိယအကြိမ် ပါတီညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် မိုးညှင်းပြည်ခိုင်ဖြိုး ကျွန်းပင်များစိုက်ပျိုး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ လမ်းညွှန်စီမံမှုဖြင့် မိုးညှင်းမြို့နယ် လုံးကျွတ် ပါတီဝင်များက ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) ကို ဂုဏ်ပြုကြိုဆိုထောက်ခံပွဲများ နယ်မြေဒေသ အလိုက် သြဂုတ်လ (၁၉) ရက်နေ့မှ သြဂုတ်လ (၂၁) ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြသည်။

14022279_131065794007837_1068004174543225925_n

(more…)


Read more

တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးကော်မတီဝင်များ ဘ၀ာဝဘေးဒဏ်ကြောင့် နေအိမ်ပျက်စီးမှု အခြေအနေများ သွားရောက် ကြည့်ရှု

14054421_342793409386006_7877176494455640250_o

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သြဂုတ် (၁၉) ရက်နေ့က လေပြင်းတိုက်ခတ်မှုများနှင့်အတူ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မိုင်းကိုးအုပ်စုရှိ မယ်ဖုန်းလုံရွာ နေအိမ်များ အမိုးလန် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သောကြောင့် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးအောင်ဝင်း၊ မြို့နယ် ကော်မတီဝင် ဦးစိုးကျော်အောင်နှင့် မြို့နယ်ရုံး စာရေး/အထွေထွေလုပ်သားတို့သည် သြဂုတ် (၂၁) ရက်နေ့က မိုင်းကိုးအုပ်စု မယ်ဖုန်းလုံရွာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး မယ်ဖုန်းလုံရွာ သူကြီး ဦးကျခီးနှင့် တွေ့ဆုံ၍ ကူညီပံ့ပိုးမှုများ ပြုလုပ်နိုင်ရေးအတွက် နေအိမ်များ ပျက်စီးမှုအခြေအနေအား လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

Read more

တိုင်း၊ ခရိုင်၊ /မြို့နယ်ပါတီကော်မတီဝင်များ ပုသိမ်မြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

14051834_672105852963695_7549253806924395522_n

ဧရာဝတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းကော်မတီဝင် ဦးဥာဏ်လင်း၊ ပုသိမ်ခရိုင် အတွင်းရေးမှူး ဦးကျော်ကျော်၊ ကော်မတီဝင် ဦးလှဌေး၊ ပုသိမ်မြို့နယ် အတွင်းရေးမှူး ဦးဌေးမင်းလွင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးသိဏ်းထွဏ်း၊ ဦးကျော်သိန်းထွန်း၊ ဦးကိုကိုလေး၊ ဦးအောင်စိုးဦး၊ ဦးကျော်ထွန်းဇော်၊ ဦးထွန်းထွန်းဦး၊ ခရိုင်/မြို့နယ်ရုံးအဖွဲ့ဝင်များ၊ ဒေသခံ ရပ်ကျေးပါတီ ခေါင်းဆောင်နှင့် ပါတီဝင်များ ပါဝင်သော အဖွဲ့သည် သြဂုတ်လ (၁၈) ရက် နံနက် (၁၁) နာရီအချိန်မှ စတင်၍ ရေကြီးနစ်မြုပ်လျှက်ရှိသော ထန်းကုန်းကျေးရွာ၊ ထန်းကန့်လန့်ကျေးရွာအုပ်စု၊ အစုကြီး၊ ဇီးကုန်း ကျေးရွာများသို့ သွားရောက်ပြီး ရေဘေးသင့် ဒေသခံပြည်သူများ အတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ဗူးများအား တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်လှူဒါန်း ပံ့ပိုးကူညီ ပေးခဲ့ကြကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်နေသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခြင်း

  • ညီလာခံတက်ရောက်ဖြစ်ပုံနဲ့ ပါတီမှာတာဝန်ယူထားတဲ့အပိုင်းကို သိချင်ပါတယ်။

ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ၂ဝ၁၅ကျမှ ပါတီထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အရင်ကတော့ တပ်မတော်မှာ တာဝန် ထမ်းဆောင်ပြီးတော့ အငြိမ်းစားယူပြီးမှ ရွေးချယ်ခံခဲ့ရပြီး ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပါတီရဲ့ လုပ်ဆောင်ချက်ကတော့ သီးခြားကာလတွေမှာလုပ် ခဲ့တာမရှိသေးပါဘူ။ လက်ရှိကာလတွေမှာပဲ ပါတီရဲ့ တာဝန်တွေကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

66442752-21082016

ဦးစိုင်းကျော်မိုး မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက

(more…)


Read more

ကုလသမဂ္ဂ၏ လူ့အခွင့်အရေး စုံစမ်းရေးအရာရှိ မိမိတို့နိုင်ငံသို့ လာစရာမလိုကြောင်း ဖိလစ်ပိုင်သမ္မတ ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြော

ဖိလစ်ပိုင်၏ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွင်း သတ်ဖြတ်နေမှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ယင်းနိုင်ငံသို့ သွားရောက်နိုင်မည်ဟု မျှော်လင့် ထားသော်လည်း သမ္မတ ဒူတာတေးကမူ မိမိလာမည်ကို မကြိုက်သည့်အကြောင်း တဲ့တိုးအိုးပေါက် အကြောင်းပြန်ထားခဲ့သည်ဟု ကုလလူ့အခွင့်အရေး စုံစမ်းရေး အရာရှိက ပြောသည်။

philippine-president_0

(more…)


Read more

ဘန်ကောက်တွင် စည်းကမ်းမဲ့ Pokemon Go ဂိမ်းကစားသူများကို စောင့်ကြည့်မည့် ရဲတပ်ဖွဲ့ ဖွဲ့စည်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် Pokemon Go ဂိမ်းကြောင့် မတော်တဆဖြစ်မှုများကို တုံ့ပြန်ကိုင်တွယ်ရန် Pokemon ရဲတပ်ဖွဲ့ကို သီးခြားဖွဲ့စည်းလိုက်ကြောင်း သိရသည်။

c1_1067812_160822054413_620x413

(more…)


Read more