အကူအညီမရပါက ယခုနှစ်အတွင်း နိုင်ဂျီးရီးယား ကလေးငယ် ၄၉,၀၀၀ ကျော် သေဆုံးရတော့မည်ဟု ကုလ သတိပေး

Nigeria

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်နေကြသော ကလေးငယ် ငါးသိန်းနီးပါးမှာ ယခုအခါ ဆိုးရွားသည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ၏ ယူနီဆက်ဖ်အဖွဲ့က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။ မိုးခေါင်ရေရှားမှုနှင့် နိုင်ငံအနောက်မြောက်ခြမ်းတွင် ဘိုကိုဟာရမ်စစ်သွေးကြွများ ခုနှစ်ကြာထကြွ သောင်းကျန်းနေခြင်းတို့ကြောင့် ကလေးငယ်တို့ ဒုက္ခကျရောက်နေရသည်ဟု ဆိုသည်။

Read more

ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို ဗုံးခွဲသူများအား လုံခြုံရေးတပ်များ ပစ်သတ်

Kabul

ကဘူးလ်၊ သြဂုတ် ၂၅

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ အမေရိကန်တက္ကသိုလ်ကို တိုက်ခိုက်သူ သေနတ်သမားနှစ်ဦးအား အာဖဂန်လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်သုတ်သင် လိုက်သည်။

သြဂုတ် ၂၄ ရက် ညနေပိုင်းက ဗုံးစတင်ခွဲကာ စစ်သွေးကြွများ စီးနင်းတိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ လူ ၂၀ အနည်းဆုံးဒဏ်ရာရသည်။

Read more

အာဖဂန်က အမေရိကန်တက္ကသိုလ် တိုက်ခိုက်ခံရ၊ ၁၃ ဦး သေဆုံး

la-1472056936-snap-photo

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က အမေရိကန်တက္ကသိုလ်မှာ သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့  ကျောင်းသား ၇ ဦးအပါဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ မြို့ရဲ့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့က တိုက်ခိုက်မှုမှာ သေနတ်သမားတွေက ဖောက်ခွဲရေး ပစ္စည်းတွေကိုပါ သုံခဲ့ပြီး တက္ကသိုလ် ပရဝုဏ်ထဲမှာ သေနတ်နဲ့ ပစ်ခဲ့တယ်လို့ အစီရင်ခံထားပါတယ်။

Read more

အီတလီငလျင် သေဆုံးသူ ၁၆၀ ကျော်လာ ၊ ကယ်ဆယ်ရေးများဆောင်ရွက်ဆဲ

Italy

ရောမ၊ သြဂုတ် ၂၅

အီတလီနိုင်ငံ တောင်ထူထပ်ရာဒေသတွင် သြဂုတ် ၂၄ ရက်က ငလျင်လှုပ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရေး တစ်ညလုံးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

အပျက်အစီးများအောက် လူများစွာရှိနေဦးမည် မျှော်လင့်ရပြီး ကယ်ဆယ်ရေးအင်အား ၄၃၀၀ ကျော်ဖြင့် စက်ပစ္စည်းများအကူအညီဖြင့် ရှာဖွေလျက်ရှိသည်။  ငလျင်တွင် သေဆုံးသူပေါင်းက ၁၆၀ ကျော်ရှိလာပြီး ဒဏ်ရာရသူ ၃၆၈ ဦးအနည်းဆုံးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

Read more

အိုင်အက်စ်ချေမှုန်းရေး စစ်ဆင်တိုက်ခိုက်မှု တူရကီစတင်ကာကမစ်မြို့ကို ရွှေ့ပြောင်းရန်အမိန့်ထုတ်

14066480_1746150565625444_8659175786445123873_o

အန်ကာရာ သြဂုတ် ၂၄

တူရကီတပ်မတော်သည် ဆီးရီးယား နယ်စပ်မြို့ဖြစ်သည့် ဂျရာဘူလပ်စ်တွင် အိုင်အက်စ် စစ်သွေြး<ွကအုပ်စုများကို သုတ်သင်ရှင်းလင်းသည့် ထိုးစစ်ဆင်မှု တစ်ရပ်ကို ပြန်လည်စတင်လိုက်ပြီဖြစ် ကြောင်း အာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့သည်။
ဆီးရီးယားရှိစစ်ဆင်ရေးဆင်နွှဲမည့် တူရကီ အထူးတိုက်ခိုက်ရေးအင်အားစု များကို တူရကီနှင့်အမေရိကန်ဦးဆောင် သည့်မဟာမိတ်လေကြောင်း တိုက်ခိုက် ရေးအဖွဲ့က ကျောထောက်နောက်ခံ ပြုထားသည်ဟု အစိုးရအာဏာပိုင်အဖွဲ့ က ပြောကြားသည်။

Read more

တိုင်းဒေသကြီး၊/ပြည်နယ်ပါတီ အတွင်းရေးမှူးများအဖြစ် တာဝန်ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲ ငယ်စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟိုကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ်လိုက်သည်-

Read more

တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်လှူဒါန်း

၂၄-၈-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တာချီလိတ်မြို့နယ် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအတွက် တာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူတော်ငွေ (၃၀၀၀-ဘတ်) ပါဝင် လှူဒါန်း ခဲ့ပြီး ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသို့ တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးစိုင်းလုံးထီး၊ မြို့နယ်ဘဏ္ဍာရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်အရံကော်မတီဝင် ဦးခင်မောင်လွင်၊ ရပ်ကွက်စည်းရုံးရေးအဖွဲ့ဝင် ဦးသန့်ဇင်ညိမ်းတို့မှ တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးများမှ ချီးမြှင့်သော ငါးပါးသီလ ခံယူခြင်းနှင့် တရားတော်များ နာကြားခဲ့ကြကြောင်း သိရသည်။

Read more

ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲနှင့် ဥရောပအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်ပွဲ မနက်ဖြန် ပြုလုပ်မည်

14054104_1755106944742189_973377686009925189_n

၂၀၁၆-၁၇ ရာသီအတွက် ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲနှင့် ပြီးခဲ့သည့် ၂၀၁၅-၁၆ ရာသီအတွက် ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ချီးမြှင့်ပွဲကို ယခုတစ်ပတ် ကြာသပတေးနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမဲခွဲပွဲ အခမ်းအနားကို ပြင်သစ်နိုင်ငံ၊ မိုနာကိုတွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ကြာသပတေးည (၁၁း၃၀) နာရီတွင် စတင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Read more

သားဖြစ်သူ ဒါဗီဒယ်ကို လက်ထောက်နည်းပြအဖြစ် ဘိုင်ယန်မြူးနစ်အသင်းသို့ အန်ဆယ်လော့တီ ခေါ်ယူခန့်အပ်

14141739_1755069454745938_1262389074698630358_n

ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဘွန်ဒစ်လီဂါရာသီသစ်ကို စတင်ဆင်နွှဲတော့မည့် နည်းပြအန်ဆယ်လော့တီသည် သူ၏သားဖြစ်သူ ဒါဗီဒယ်အန်ဆယ်လော့တီကို လက်ထောက်နည်းပြအဖြစ် ခေါ်ယူခန့်အပ်လိုက်ကြောင်း သိရှိရသည်။

အသက်(၂၇)နှစ်သာ ရှိသေးသည့် ဒါဗီဒယ်သည် အေစီမီလန်အသင်းတွင် လူငယ်ကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးသော်လည်း အသင်းကြီးသို့ မရောက်ရှိခဲ့ပေ။

ထို့ပြင် နည်းပြအတွေ့အကြုံမှာလည်း အန်ဆယ်လော့တီ ရီးယဲလ်အသင်းကို ကိုင်တွယ်စဉ်က ကြံ့ခိုင်ရေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးခြင်းသာ ရှိသေးကြောင်းလည်း သိရှိရသည်။

Read more

ရိုမက်နိုလီအား ချယ်လ်ဆီးအသင်းက ယူရို(၂၅)သန်းကျော်ဖြင့် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ကြောင်းအေစီမီလန်အသင်း အတည်ပြု

14022275_1754841058102111_2396400627158934105_n

အေစီမီလန်အသင်းက အသင်း၏ နောက်ခံလူ ရိုမက်နိုလီအား ချယ်လ်ဆီး အသင်းက ယူရို(၂၅)သန်းကျော်ဖြင့် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ကြောင်း အသင်း၏ ရုပ်သံမှတစ်ဆင့် အတည်ပြုခဲ့သည်။

အသက်(၂၁)နှစ်အရွယ်ရှိ အီတလီ နောက်ခံလူ ရိုမက်နိုလီသည် ပြီးခဲ့သည့် နွေရာသီက ရိုးမား အသင်းမှ အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်းဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး အေစီမီလန်အသင်း၏ အမှုဆောင်ချုပ် ဂယ်လီယာနီက ရိုမက်နိုလီအား ရောင်းချမည်မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်။

Read more