နာဂဒေသတွင် ၀က်သက်ရောဂါကြောင့် သေဆုံးသူ ၆၈ ဦး အထိရှိလာပြီး နန်းယွန်းမြို့ ကဲဆန်ဆာလင်နှင့် ကဲဆန် ကားလန် ကျေးရွာများ၌ အခြေအနေဆိုးကာ ကျန်းမာရေး စောင့်ရှောက်မှု မရသေးဟု သိရ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၀က်သက်ရောဂါ အစုလိုက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၆၈ ဦးအထိရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်ခြင်း မရှိသေးကြောင်း နာဂလူမှုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြားသည်။ (more…)


Read more

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် စက်တင်ဘာလကုန် နောက်ဆုံး လျှောက်ထားရမည်

ယခုပညာသင်နှစ် ဒသမတန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာလကုန် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သြဂုတ်လ ၂၅ ရက်တွင် သတင်းထုတ်ပြန် ကြေညာသည်။ (more…)


Read more

တိုင်းဒေသကြီး၊/ပြည်နယ်ပါတီ ဥက္ကဌများအဖြစ် တာဝန်ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲ ငယ်စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟို ကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီကော်မတီ ဥက္ကဋ္ဌများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ်လိုက်ကြောင်း သိရသည် –

Read more

စမ်းချောင်းမြို့နယ်/ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပုံမှန်စည်းဝေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ ရပ်ကွက်ပါတီကော်မတီဝင်များ ပုံမှန်အစည်းအဝေးကို သြဂုတ်လ (၂၅) ရက်နေ့ မွန်းတည့် (၁၂) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီပါတီအတွင်းရေးမှူး ဦးစိုးမြင့်မှ ပါတီဗဟိုမှ ချမှတ်ထားသောဦးတည်ချက်များနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မိုးတွင်းကာလ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်နှင့် အမျိုးဘာသာသာသနာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

Read more

အမရပူရပြည်ခိုင်ဖြိုး မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

(၂၆.၈.၂၀၁၆)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် အမရပူရမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် 264/3 အနီးလမ်းဘေးဝဲယာတွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများနှင့် ပြည်ခိုင်ဖြိုးအဖွဲ့များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသိန်းထွန်းဦးနှင့်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများများမှ ပြည်ခိုင်ဖြိုးများ စုစုပေါင်း(၂၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြပြီး လမ်းဘေးအရိပ်ရပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ချက်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၂၄-၈-၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် တစ်ရပ်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သဘောထားကြေညာချက်တစ်ရပ်ကို သြဂုတ် (၂၅) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းကြေညာချက် အပြည့်အစုံမှာ –

14054040_421453608029772_2978012658390226235_n

(more…)


Read more

“စဉ်ဆက်မပြတ် ဦးဆောင်မှုပေးနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကို မျိုးဆက်သစ်အဖြစ်တာဝန်များ လက်ဆင့်ကမ်းလိုက် သော်လည်း ယခင်ဦးဆောင်ခဲ့ကြသည့် လူကြီးများက အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းက တာဝန်မထမ်းဆောင်နိုင်သော်လည်း ပါတီဗဟိုဦးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နာယကကြီးများ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများအဖြစ် ပါတီကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြမှာဖြစ်သည့်အတွက် အားတက်ရသလို၊ စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းဖြစ်ပါတယ်။ ပါတီရှင်သန် ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာခံယူလိုပါတယ်။” သြဂုတ် (၂၄) ရက် နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ ဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆) တတိယနေ့ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်


Read more

ဒီပို့တီဗိုတိုက်စစ်မှူး မာတီနက်ဇ်ကို အာဆင်နယ်ခေါ်ယူ

04527527

 အဲဗာတန်အသင်းက ခေါ်ယူရန် ကြိုးစားနေသော ဒီပို့ တီဗိုအသင်းတိုက်စစ်မှူး လူး ကပ်စ်ပီးရက်ဇ်မာတီနက်ဇ်ကို အာဆင်နယ်အသင်းက ကြားဖြတ်ခေါ်ယူ လိုက်ကြောင်း ဂါးဒီးယန်း သတင်းဌာနက ဖော်ပြသည်။

လူးကပ်စ်ဟု လူသိများသော တိုက်စစ်မှူးနှင့် အဲဗာတန်က ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် အသင်းပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းပေးရန် သဘောတူထား သော်လည်း အာဆင်နယ်က လူးကပ်စ် (၂၇)နှစ်ကို နောက်ဆုံး မိနစ်တွင် ခေါ်ယူလိုက်ကြောင်း ယင်းသတင်းက ဆိုသည်။

Read more

ဥရောပအကောင်းဆုံး ဘောလုံးသမားဆု စီရော်နယ်ဒို ရရှိ

14067926_1316715858374873_1736649333056044563_o

ပေါ်တူဂီနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုကို ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ်  ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ဒီနှစ်အတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို နောက်ဆုံး ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ စီရော်နယ်ဒို၊ ရီးရဲလ်နဲ့ ဝေးလ် တိုက်စစ်မှူး ဂါရတ်ဘေးနဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းတို့ ၃ ဦးထဲကနေ ရော်နယ်ဒိုကို မဲပေး ရွေးချယ်လိုက်တာပါ။

Read more

သခွါးသီးကုထုံး

မျက်နှာ အညိုအမည်းစက်တွေနဲ့ ဝက်ခြံအမာရွတ်၊ အချိုင့်အခွက် အပါအဝင် အရေးပြားရဲ့ အောက်ဆုံးလွှာဖြစ်တဲ့ dermis ဆိုတဲ့ တစ်သျှူးစပျက်စီးမှုတွေကို သဘာဝပစ္စည်းနဲ့ ပြန်လည်ပြုပြင်မယ်ဆို သခွားသီး ကုထုံးကိုပဲ လှပျိုဖြူတို့ ရွေးချယ်လိုက်ပါ။

14021680_696208907198158_7120718392028216933_n

(more…)


Read more