Author: USDP 2016
(၇၇) နှစ်မြောက် ဦးဥတ္တမနေ့အခမ်းအနားသို့ သံတွဲပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ဂုဏ်ပြု
(၇၇)နှစ်မြောက် ဦးဥတ္တမနေ့အခမ်းအနားကို သံတွဲမြို့နယ်လေးမျက်နှာကုန်း သီရိမင်္ဂလာဓမ္မာရုံ၌ မဘသ ဆရာတော်များမှ ဦးဆောင်၍ကျင်းပပြုလုပ်ရာ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကြည်ရွှေမှ ကျင်းပရေးကော်မတီ အတွင်းရေးမှူးအဖြစ်တာဝန်ယူ၍ မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များ(၅၄)ဦးမှ ရခိုင်စည်တော် လူငယ်အဖွဲ့ ဦးဆောင်၍ အခမ်းနားတက်ရောက်ပြီး ဥက္ကဌမှ သဝဏ်လွှာဖတ်ခြင်း ဂုဏ်ပြုပန်းခြင်း ဆက်ကပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
Read moreပဉ္စမမြောက်နှင့် အကြီးမားဆုံးနျူကလီးယားစမ်းသပ်မှု မြောက်ကိုရီးယားပြုလုပ်ခဲ့ဖွယ်ရှိ
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်လေ့ရှိသည့် နေရာအနီး မြေပြင်ပေါ်၌ ငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေ၀သအေဂျင်စီများက သတင်း ထုတ်ပြန်ခဲ့ပြီးနောက် တောင်ကိုရီးယာအရာရှိနှင့် လေ့လာသူများက “မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ ပဉ္စမမြောက်နှင့် အကြီးမားဆုံး နျုကလီးယားစမ်းသပ်မှုကို သောကြာနေ့တွင် ပြုလုပ်ခဲ့ကြောင်း” ပြောကြားခဲ့ကြသည်။

Read more
ကြက်ဥပုပ်ရဲ့အနံ့က နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်

ကြက်ဥပုပ်အနံ့ကိုတော့ ဘယ်သူမှ နှစ်သက်ကြမယ်မထင်ပါဘူး။ ဒါပမယ့် သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက် အရ ကြက်ဥပုပ်ကနေ ထွက်လာတဲ့ အနံ့အသက်ဟာ လူတွေရဲ့ဆီးချိုရောဂါဖြစ်ပွားမှုအပေါ် အကျိုးသက်ရောက် မှုရှိစေတယ်လို့ ဆိုခဲ့ကြပါတယ်။
Exeter တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကြက်ဥပုပ်အနံ့ဟာ ကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေဖြစ်တဲ့ နှလုံး၊ ကျောက်ကပ်နဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ရောဂါတွေအပြင် ဆီးချိုရောဂါ ကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပေါ်တဲ့ နှလုံးရောဂါတွေကို ကုသနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
Read morePlayStation 4 Pro ဂိမ်းစက်သစ်ကို Sony ပွဲထုတ်မိတ်ဆက်

Sony သည် စွမ်းဆောင်ရည်မြင့်မားသော PlayStation 4 ဂိမ်းစက်သစ်တစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။ PlayStation 4 Pro ဟုခေါ်သည့် ဂိမ်းစက်သစ်ကို 4K (ultra-high resolution) ဖြင့် HDR တီဗွီများပေါ်တွင် ကစားနိုင်သည်။ ထို့အပြင် 4K ဂိမ်းများကိုလည်း ကစားနိုင်မည်ဖြစ်သည်။
Read moreရာဇသင်္ဂဟ ဖောင်ဒေးရှင်း ကိုယ်စားအသက်(၁၀၃)နှစ်အထက် အဘိုးအား ထောက်ပံ့လှူဒါန်း
နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရီသုစမ္မ ဦးသိန်းစိန် တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ တစ်နိုင်ငံလုံးရှိ သက်ကြီး၊ ၀ါကြီးဂုဏ်ပြုခံ အဘိုး၊ အဖွားများအား အလှူငွေ များနှင့်အတူ လှူဒါန်းကန်တော့လျှက်ရှိသည်။
Read moreHelio 10-core processor သုံးထားသည့် Redmi Note 4 ပြည်တွင်း ဈေးကွက်ဝင်

Xiaomi မှ အသစ်ထပ်မံ မိတ်ဆက်လိုက်သည့် Helio 10-core processor အသုံးပြုထားသည့် Redmi Note 4 ကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။
Read more











