သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန် အစည်း အဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများ ဆွေးနွေးညှိနှိုင်းပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့ နံနက် (၉း၃၀) တွင် သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့မှ ပေါင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများအား တွေ့ဆုံ

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၁၀) ရက် နေ့လည် (၁၁) နာရီအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် မွန်ပြည်နယ် ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်း ရေးမှူး ဦးဝင်မော်ဦးတို့မှ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူး များအား တွေ့ဆုံခဲ့သည်။

Read more

ပရဟိတစိတ်ဓာတ်ကို အခြေခံပြီး စုပေါင်းညီညွတ်မှုဖြင့် အောင်မြင်မှုရရှိအောင် ဆောင်ရွက် သွားကြရန် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဝင်များအား မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော ဦးစိုးနိုင်၊ ဦးမြင့်စိုး၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းတို့သည် စက်တင်ဘာ (၉) ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၁ နာရီ ၄၅ မိနစ်အထိ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်သုံးခရိုင်နှင့် မြို့နယ် ၁၁ မြို့နယ်မှ ပါတီဝင် ၄၅ဝ ခန့်နှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Read more

ဇီးကုန်းမြို့နယ်တွင် ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် တာဝန်ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး ခန်းမဆောင်တွင် စက်တင်ဘာလ (၁၀) ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ၊ လစဉ်ပါတီပုံမှန်အစည်းအဝေး နှင့် ပါတီဝင်များကို တာဝန် ပေးအပ်ပွဲ ကျင်းပခဲ့သည်။

Read more

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံ

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကို ယခုလ ၇ ရက်က ဘောလခဲခရိုင်ပါတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် သဘာပတိအဖွဲ့အဖြစ် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကျော်သန်း၊ ဦးအေးမောင်နှင့် ဦးစိုင်းသာစိန်တို့က ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ဘောလခဲခရိုင်ပါတီကော်မတီဝင်များ၊ ဘောလခဲမြို့နယ်၊ ဖားဆောင်း မြို့နယ်နှင့် မယ်စဲ့မြို့နယ်ကော်မတီဝင်များ အသီးသီး တက်ရောက် ကြသည်။

Read more

လီဗာပူးလ်ကို ပြောင်းခဲ့တာက ဘ၀မှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဟု ဘာလော့တယ်လီ ပြော

balotelli

လီဗာပူးလ်အသင်းမှ နိုက်စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားသော အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ သည် ပြင်သစ်ကလပ်အသင်းအတွက် ပထမဆုံး ပွဲဦးထွက်တွင် ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူ နိုင်ခဲ့သည်။

နိုက်စ်အသင်းက မာဆေးလ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဘာလော့တယ်လီက နှစ်ဂိုး သွင်းပေးခဲ့ခြင်း ဖြစ်သည်။ အသက် ၂၆ နှစ်အရွယ်ရှိ အီတလီတိုက်စစ်မှူးက သူ၏ကစားသမားဘ၀တွင် လီဗာပူးလ်သို့ ပြောင်းရွှေ့ ခဲ့ခြင်းသည် အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်ဟု ပြောဆိုလိုက်သည်။

Read more

ယခုရာသီတွင် လာလီဂါဖလားရရှိရေးသာ အဓိကဟု ရီးရဲလ်နည်းပြဇီဒန်းပြော

tajmp

 ဖေဖော်ဝါရီလကုန် က  ဒါဘီပွဲတွင် အိမ်ကွင်း၌ အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့ပြီး နောက် ၁၅ ပွဲဆက်တိုက် အနိုင်ရရှိ ထားသော ရီးရဲလ်အသင်းသည် စပိန်လာလီဂါဖလားရရှိရေး အဓိကဦးစားပေးကြိုးပမ်းမည်ဟု နည်းပြ ဇီဒန်းက ပြောကြားသည်။

ရီးရဲလ်သည် ၂၀၁၁-၁၂ ရာသီနောက်ပိုင်း လာလီဂါဖလား ရရှိခြင်းမရှိသေးပေ။ ယင်းရာသီ က ရီးရဲလ်ကို မော်ရင်ဟို ကိုင်တွယ်စဉ် ဖလားရရှိခဲ့သော်လည်း ယင်းနောက်ပိုင်း ဘာကာက သုံးကြိမ်၊ အက်သလက်တီကိုက တစ်ကြိမ် ရရှိခဲ့သည်။

Read more

ယူအက်စ်အိုပင်း ဆုဖလားကို ဆွစ်ဇာလန် တင်းနစ်သမား ဝေါ်ရင်ကာ ပထမဆုံးအကြိမ် ရရှိ

us-open-final

(ဓာတ်ပုံ – အီးပီအေ)

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန် တင်းနစ်သမား ဝေါ်ရင်ကာက ကမ္ဘာ့နံပါတ် (၁) ဂျိုကိုဗစ်ကို အနိုင်ရပြီး ပထမဆုံး ယူအက်စ်အိုပင်း ဆုဖလား ရရှိနိုင်ခဲ့သလို သုံးကြိမ်မြောက် ဂရင်းဆလင်းချန်ပီယံဆုလည်း ဖြစ်ပါတယ်။

Read more

ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ ဂျာမန်တင်းနစ်မယ် ခါဘာက ပီလစ်ဆကိုဗာကို အနိုင်ရ

women-us-open-tennis-championships-1

(ဓာတ်ပုံ – အီးပီအေ)

ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ချက်တင်းနစ်မယ် ကာရိုလီနာ ပီလစ်ဆကိုဗာကို အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။

Read more

ဥရောပတွင် လေ့ကျင့်ခြေစမ်းရန် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ထွက်ခွာ

myanmar-national-team-mff

မြန်မာ့လက်ရွေးစင်အသင်းကြီးအနေနဲ့ ဆူဇူကီးဖလားမှာ အောင်မြင်မှုတွေ ရရှိဖို့အတွက် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဆိုက်ပရပ်စ် စတဲ့နိုင်ငံတွေမှာ လေ့ကျင့်မှုတွေပြုလုပ်ပြီး ခြေစမ်းပွဲတွေ ကစားဖို့အတွက် စတင်ထွက်ခွာ သွားခဲ့ပါပြီ။

စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ခွာသွားခဲ့တာဖြစ်ပြီး အတွေ့အကြုံကောင်းတွေ ရဖို့အတွက် ရည်ရွယ်ထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိမနေဘဲ ရလဒ်တွေလည်း ဆိုးရွားနေခဲ့ပါတယ်။

Read more