မိုးကောင်း ပြည်ခိုင်ဖြိုးပါတီ သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူပွဲ ပါဝင် လောင်းလှူကုသိုလ်ပြု

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် စည်းရုံးရေးမှူးများ၊ ပါတီဝင်များပါဝင်သော အင်အား (၂၅) ဦးသည် စက်တင် ဘာလ (၁၄) ရက် နံနက် (၇) နာရီခွဲအချိန်တွင် ပြုလုပ်သော မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် သံဃာ့ဒါန ဆွမ်း ဆန်စိမ်းလောင်းလှူပွဲသို့ ပါဝင် တက်ရောက်၍ ဆွမ်းဆန်တော်နှင့် ကော်ဖီမစ်ထုပ်များ လောင်းလှူကုသိုလ်ယူခဲ့ကြသည်။

 14344903_182997935461451_6368350823299758914_n 14364624_182997952128116_6908818078691615575_n

(more…)


Read more

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်း လောင်းလှူ

မော်လမြိုင်မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူ၊ပူဇော်ခံခြင်းကို ယနေ့ စက်တင်ဘာ(၁၅)ရက်နေ့ နံနက်(၆)နာရီမှစတင်ကာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြသည်။

14333174_429384977236635_53726604987792473_n 14369918_429384957236637_8643139449186144071_n

(more…)


Read more

လယ်ဝေးမြို့နယ်တွင် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စစ်တောင်းမြစ်အရှေ့ခြမ်း တောင်ပေါ် ကရင် တိုင်းရင်းသားများ နေထိုင်သည့် အောင်နန်းချိုကျေးရွာမှ အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်လှူဒါန်းမှုကို ယခုလ ၁၂ရက် နံနက် ၁ဝနာရီက အဆိုပါကျေးရွာတွင် ကျင်းပသည်။

1656315_130874017087734_1111659862_n

(more…)


Read more

ရေးပြည်ခိုင်ဖြိုး ပြည်သူ့ကျန်းမာရေးအတွက် ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

15-mon3

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူများ ကျန်းမာပျော်ရွင်စွာ နေထိုင်နိုင်ရေးကို အလေးထား ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ (၁၃) ရက်နေ့က ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းအား မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ ပါတီဝင်များက ရေးမြို့နယ် ချောင်းတောင်ကျေးရွာ၊ ကလော့လေး (အရှေ့/အနောက်) ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင် ကျောင်းများ၌ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်

(more…)


Read more

သက်ကြီးရွယ်အို အသက် ၁ဝ၅ နှစ်ရှိ ဘွားဘွားအား ငွေကျပ် နှစ်သိန်းထောက်ပံ့လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့ နယ် ရွာစီရွာသာကျေးရွာနေ မြန်မာ သက္ကရာဇ် ၁၂၇၃ ခုနှစ်တွင် မွေးဖွားသူ အသက် ၁ဝ၅ နှစ်ရှိ ဒေါ်ခင်ပုတ်အား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ နိုင်ငံတော်သမ္မတ(ငြိမ်း) အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်က ပေးအပ်လှူဒါန်းသော ငွေသား ကျပ်နှစ်သိန်းကို စက်တင်ဘာ (၁၃) ရက် နံနက် ၁ဝ နာရီက ခရိုင်နှင့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တို့မှ တာဝန်ရှိသူများကထောက်ပံ့ ပေးအပ်ခဲ့သည်။

14370397_648085075361007_472989012394200770_n

(more…)


Read more

တောင်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု စည်းမှူးနှင့် အမှုဆောင်အဖွဲ့တို့အား တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု စည်းမှူးနှင့် အမှုဆောင်အဖွဲ့တို့အား တာဝန် ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၁၄) ရက် နံနက် (၉) နာရီခွဲက ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

14238220_648086225360892_4799681483498524229_n

(more…)


Read more

ဇလွန်ပြည်ခိုင်ဖြိုး ဂါရဝပြုလက်ဆောင်နှင့် ငွေပဒေသာပင်စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင် ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ လိုက်ပါကာ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ၂ဝ၁၅ ခုနှစ် ပါတီအောင်နိုင်ရေး မဲဆွယ်ကာလက လွှတ်တော် ကိုယ်စားလှယ်များ အုပ်စုပေါင်း ၇၁ အုပ်စုရှိ ကွင်းဆင်းစည်းရုံးဟောပြောခဲ့သည့် နေအိမ် များ၊ မြို့ပေါ် (၅)ရပ်ကွက် အစည်းအဝေးပြုလုပ်ခဲ့သော အိမ်များသို့ သွားရောက်၍ အောင်နိုင်ရေး နှစ်ပတ်လည် အထိမ်းအမှတ် ဂါရဝပြု လက်ဆောင်အဖြစ် ပါတီတံဆိပ်ပါ အင်္ကျီအထည် ၃ဝဝ၊ ပုဆိုး၊ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့သည်။

14355124_429017417273391_6176335780984241355_n

(more…)


Read more

ကယားပြည်နယ် သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် မျက်စိအခမဲ့ စမ်းသပ်ကုသမှုဆောင်ရွက်ပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်၊ သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဦးမြအောင် ဦးဆောင်သောအဖွဲ့ ဆရာဝန်ကြီး(၆)ဦးအပြင် သူနာပြုအဖွဲ့ (၁၀)ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်၊ ၀န်ထမ်းများစုပေါင်းပြီး မျက်စိအခမဲ့ ခွဲစိတ်မှုများကို စက်တင်ဘာလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

14359021_429371047238028_6684902687277565972_n

(more…)


Read more

ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး လယ်ဝေးမြို့နယ် ကျေးရွာအုပ်စု ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ဇလီ/ ငှက်ကြီးတောင်ကျေးရွာ အုပ်စု၊ အောင်စည်လာကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယခုလ (၁၂) ရက် နံနက် (၁၁)နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ လယ်ဝေးမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် ကော်မတီဝင် များသည် ဇလီ/ငှက်ကြီးတောင်၊ သစ်ကြိမ်း၊ ပေါက်မြိုင်ကျေးရွာ အုပ်စုများမှ ပါတီဝင်များနှင့် တွေ့ဆုံ၍ ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံများ၊ ပါတီရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

14322293_648125345356980_8125944108516264238_n

(more…)


Read more

ကယားပြည်နယ်ပါတီကော်မတီဝင်များနှင့် ဘောလခဲခရိုင် ပါတီကော်မတီ ၀င်များ တွေ့ဆုံပွဲပြုလုပ်

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ပါတီကော်မတီဝင်များတွေ့ဆုံပွဲကို ဘောလခဲခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၇) ရက် နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတွေ့ဆုံပွဲတွင် သဘာပတိအဖွဲ့အဖြစ် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကျော်သန်း၊ဦးအေးမောင်နှင့် ဦးစိုင်းသာစိန်တို့က ဆောင်ရွက်ပြီး၊ ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ဘောလခဲ ခရိုင်ပါတီကော်မတီဝင်များ၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ်ကော်မတီဝင်များ အသီးသီးတက်ရောက် ကြပါသည်။

Read more