ရီးရဲလ်တွင် အမြဲနေချင်ဟု ရိုဂရီဂွက်ဇ်ပြောကြား

0161651

ယမန်နေ့က ပွဲတွင် ပထမပိုင်းပြီခါနီး၌ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က တိကျသော အနိမ့်ဘောကန်ချက်ဖြင့် ရီးရဲလ်အတွက် ဗွေဆော်ဦး ဂိုးသွင်းယူခဲ့ပြီးနောက် ဒုက္ခပေးနေသော အက်စပန်ညိုကို နှစ်ဂိုးပြတ်အနိုင်ရရန် ကူညီခဲ့ကာ နည်းပြ ဇီဒန်း၏ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ခဲ့သည်။

ယင်းမှာ ကိုလံဘီယာကြယ်ပွင့်၏ လာလီဂါပထမ ဆုံးပွဲလည်းဖြစ်သည်။ မိမိအနေဖြင့် အသင်းတွင် ပါဝင်ခွင့်မရ သော်လည်း ခက်ခဲစွာ မဖြတ်သန်းခဲ့ရဟု ဂျိမ်းစ်က ဆိုသည်။

Read more

ATP နှင့် WTP အဆင့်သတ်မှတ်ချက်တွေမှာ ဂျိုဂိုဗစ်နှင့် ခါဘာတို့ ထိပ်ဆုံးမှာ အသီးသီး ရပ်တည်

wefwefowejfowejofwe

(ဓာတ်ပုံ – အီးပီအေ)

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) နှင့် အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTP) တို့ရဲ  အဆင့်သတ်မှတ်ချက်များအရ ဂျိုဂိုဗစ်နှင့် အန်ဂျလီကေး ခါဘာတို့ဟာ ထိပ်ဆုံးအဆင့်မှာ အသီးသီး ရပ်တည်နေတယ်လို့ သိရပါတယ်။

Read more

မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်သည့် ရော့ကတ် အင်ဂျင်စမ်းသပ်မှု အောင်မြင်

north-korea_3

ပြုံယမ်း၊ စက်တင်ဘာ ၂၀

ဂြိုဟ်တုလွှတ်တင်နိုင်သည့် ရော့ကတ် ဒုံးကျည်အင်ဂျင်သစ်ကို မြောက်ကိုရီးယားနိုင်ငံက အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ကြောင်း နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

နိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံးအွန်က သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများအား ဖြစ်နိုင်သမျှ မြန်မြန် ဂြိုဟ်တု လွှတ်တင်နိုင်ရေး ပြင်ဆင်လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောထားကြောင်း KCNA သတင်းက ဖော်ပြသည်။

Read more

အပစ်အခတ်ရပ်ဆိုင်းထားမှု ပြီးဆုံးပြီဟု ဆီးရီးယားစစ်တပ် ကြေညာ

wefwefe

တစ်ပတ်ကြာ အပစ်အခတ် ရပ်ဆိုင်းထားမှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဆီးရီးယားစစ်တပ်က စက်တင်ဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားပြည်တွင်းစစ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကို တစ်ပတ်ကြာ ရပ်ဆိုင်ထားရန် အမေရိကန်နဲ့ ရုရှားက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးနိုင်ရန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Read more

လူသတ်ရန်ကြိုးပမ်းမှု နှင့် Rahami စွဲချက်တင်ခံရ

126161616

နယူးယောက်မြို့ ဗုံးဖောက်ခွဲမှုအတွက် သံသယဖြစ်ခံထားရသူ အသက် ၂၈ နှစ်အရွယ် Ahmad Rahami

လူ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရသွားစေခဲ့တဲ့ နယူးယောက်မြို့ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သူလို့ သံသယဖြစ်ခံထားရသူဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက ရရှိသွားတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာမှာ ပြန်နာလန်ထူလာနေပြီ ဖြစ်ပါတယ်။

Read more

‘ပြင်သစ်နိုင်ငံသည် ရောင်းရန်မဟုတ်’ဟု လက်ယာစွန်းခေါင်းဆောင် လီပင်း ကြွေးကြော်

French far-right Front National (FN) party's President, Marine Le Pen, delivers a speech on stage during the FN's summer congress in Frejus, southern France, on September 18, 2016. Marine Le Pen's slogan reading "In the name of the [French] people" is seen on the rostrum. / AFP PHOTO / Franck PENNANT

ပြင်သစ်တောင်ပိုင်း ဖရီဂျူစ်မြို့ ပါတီညီလာခံတွင် မိန့်ခွန်းပြောကြားနေသော လက်ယာစွန်း ပြင်သစ်အမျိုးသား တပ်ဦးပါတီ ခေါင်းဆောင် မာရင်းလီပင်း

(Franck PENNANT/AFP)

 

‘ပြင်သစ်နိုင်ငံသည် ရောင်းရန်မဟုတ်’ ဟု ၎င်း၏ ထောက်ခံသူများက ပြောကြားပြီး ပြင်သစ်  အမျိုးသားရေးတပ်ဦး ပါတီခေါင်းဆောင် မစ္စစ်မာရင်းလီပင်းက ၂၀၁၇ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်မှုကို စတင်လိုက်သည်။

Read more

ဂျပန်မှာ ‘သက်ကြီးများအား ရိုသေလေးစားတဲ့ နေ့’ အထိမ်းအမှတ် ပြုလုပ်၊ သက်ကြီးလူဦးရေ (၃၄) သန်းအထိ မြင့်တက်လာ

respect-for-aged-day

(ဓာတ်ပုံ – အီးပီအေ)

တိုကျိုမြို့မှာ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်း ဂျပန်လူမျိုးများစွာက ‘သက်ကြီးများအား ရိုသေလေးစားတဲ့ နေ့’ အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးလှုပ်ရှားမှုတစ်ရပ်မှာ ပါဝင် ဆင်နွှဲနေတာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုများက လူ့အဖွဲ့အစည်းကို ပံ့ပိုးမှုများဖြစ်စေပြီး လူငယ်များက အသက်ကြီးများအား အရိုအသေပေးတဲ့ အနေနဲ့ အများပြည်သူ အားလပ်ရက်နေ့အဖြစ် ကျင်းပကြပါတယ်။

Read more

ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အမေရိကန်အား အီရန်တောင်းဆို

14379913_1757272364513264_8224922662818921162_o

တီဟီရန် စက်တင်ဘာ ၁၉

အီရန်သည် လေကြောင်းလိုင်းကဏ္ဍကို မြှင့်တင်ရန်ကြိုးပမ်း နေသည်ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင် ရေးအတွက် ခရီးသည်လေယာဉ်များကို ဝယ်ယူရာတွင် ကျန်ရှိနေသေးသည့် ပိတ်ဆို့မှု အတားအဆီးများ ကို ဖယ်ရှား ပေးရန် တနင်္ဂနွေနေ့က အမေရိကန်အား တောင်းဆိုခဲ့ သည်။

Read more

“ရခိုင်ပြည်နယ်လွှတ်တော်ရဲ့အဆိုကို ရခိုင်ပြည်နယ်အစိုးရက မဆောင်ရွက်ဘူးဆိုရင် ပြည်နယ်အစိုးရကို စွပ်စွဲပြစ်တင်တဲ့ အဆိုတင်ဖို့ အခြေခံဥပဒေက ပေးထားတယ်” လို့ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် ပြောပြီ

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အသိအမှတ်မပြုကြောင်း ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့တယ်။ ဒါပေမဲ့ ပြည်သူ့ လွှတ်တော်မှာတော့ ရှုံးနိမ့်ခဲ့တယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က ပြည်ထောင်စုနယ်မြေမှာ သက်ရောက်သလို ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ကလည်း သူ့ပြည်နယ်မှာ သက်ရောက်တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ချမှတ်လိုက်တဲ့အဆိုဟာ ရခိုင်ပြည်နယ်အတွင်းမှာ သက်ရောက်တယ်။ အဲ့ဒါကို ရခိုင်ပြည်နယ်အစိုးရက မဆောင်ရွက်ဘူးဆိုရင် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များက ရခိုင်ပြည်နယ် အစိုးရကို စွပ်စွဲပြစ်တင်တဲ့အဆိုတင်ဖို့ အခြေခံဥပဒေက ပေးထားတယ်လေ။ ဒါလုပ်လို့ရတယ်။

14390977_1673769779607250_4814580628826554160_n

(more…)


Read more

ရခိုင်ကော်မရှင်တရားမ၀င်ကြောင်း ပါတီ ၁၁ ခု ထုတ်ပြန်ချက်ကို ရခိုင်အမျိုးသားပါတီက ကြိုဆိုထောက်ခံကြာင်း ထုတ်ပြန်

ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းသည် တရားမ၀င်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၁၁ ပါတီ တို့၏ ပူးတွဲသဘောထားကြေညာချက်ကို ကြိုဆိုထောက်ခံကြောင်း ရခိုင်အမျိုးသားပါတီ (ANP)  က ကြေညာချက် ထုတ်ပြန်သည်။

14322248_430226083819191_9029273182932240556_n

(more…)


Read more