ပေါက်ခေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များဦးစီး၍ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ NGO အဖွဲ့များအား စက်တင်ဘာ (၁၉) ရက် ညနေ ၅ နာရီမှ ည ၈ နာရီထိ မြို့နယ်ပါတီရုံး၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းတွင် ပါတီရုံးဝင်း အတွင်း၌ပါတီဝင်များက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော် အရှင်သူမြတ် (၁၇၉) ပါးအား အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။

Read more

တိုရေး၏ အေးဂျင့်မှ မတောင်းပန်လျှင် တိုရေး ကစားခွင့်ရမည် မဟုတ်ဟု ဂွါဒီယိုလာ ပြောကြား

yaya-toure

စက်တင်ဘာ ၂၁၊ အင်္ဂလန်

ယာယာတိုရေး၏ အေးဂျင့်ဖြစ်သူမှ ၎င်းအားတောင်းပန်မှု ပြုလုပ်ရန် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။ ထိုကဲ့သို့တောင်းပန်မှု မပြုလုပ်ပါက ယာယာတိုရေးအနေဖြင့် မန်စီးတီးအသင်းတွင် လုံးဝ ကစားခွင့် ရရှိလိမ့်မည် မဟုတ်ကြောင်းလည်း ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ယာယာတိုရေးသည် မန်စီးတီးအသင်း၏ သမိုင်းဝင်ကစားသမားတစ်ဦးဖြစ်ခဲ့သော်လည်း အသင်းသို့ ဂွါဒီယိုလာရောက်ရှိလာသည့်အချိန်မှ စတင်ပြီး ပွဲထွက်ခွင့်မရဘဲ ချန်ပီယံလိဂ်လူစာရင်းမှပင် ချန်လှပ် ခံခဲ့ရသည်။

Read more

ချယ်လ်ဆီး၊ အာဆင်နယ် နှင့် လီဗာပူးတို့ အားလုံး အနိုင်ရပြီးနောက်တဆင့်တက်

15644949

အင်္ဂါနေ့ ညက ကစားခဲ့တဲ့ EFL လိဂ်ဖလား ပြိုင်ပွဲမှာ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူး အသင်းကြီးတွေအားလုံး နိုင်ပွဲကိုယ်စီ ရခဲ့ကြောင်း သိရပါတယ်။

Read more

နည်းပြ အေယီစတာရန်ကို ဗလင်စီယာအသင်း ရာထူးမှ ထုတ်ပယ်

14369919_1767150113537872_1938837735014627580_n

ဗလင်စီယာအသင်းသည် လာလီဂါပြိုင်ပွဲတွင် ရာသီအဖွင့်(၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ပါကိုအေယီ စတာရန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

အေယီစတာရန်သည် ပြီးခဲ့သည့်ရာသီကုန်ခါနီးတွင် ဂယ်ရီနဗီးလ်၏နေရာကို အစားထိုးတာဝန်ယူခဲ့ရသူဖြစ်ပြီး ၂၀၁၇-၁၈ ရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ဘီလ်ဘာအိုအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီး အမှတ်ပေးဇယား အောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်းမရှိခဲ့သည့်အတွက် ဗလင်စီယာအသင်း ဘုတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ အင်္ဂါနေ့တွင် ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

Read more

စပိန်မြေကို ပြန်သွားချင်တယ်လို့ ပြောဆိုလိုက်တဲ့ ကော်တိုရစ်

courtois

(ဓာတ်ပုံ – အီးပီအေ)

ကော်တိုရစ်က ချယ်လ်ဆီးနဲ့ စာချုပ်သစ်အတွက် လက်မှတ်ထိုးဖို့ မသေချာသေးပဲ အနာဂတ်မှာ စပိန် လာလီဂါဆီ ပြန်သွားလိုကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

ဂိုးသမား ကော်တိုရစ်ဟာ ၂၀၁၁ ခုနှစ်က Genk အသင်းမှ ချယ်လ်ဆီးအသင်းဆီ လာရောက် ပူးပေါင်းခဲ့ပြီး ချက်ချင်းဆိုသလို အက်သလက်တီကိုအသင်းသို့ (၃) ရာသီ အဌားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Read more

ဘာစီလိုနာတွင် အရန်ခုံမထိုင်လို၍ မန်စီးတီးသို့ ပြောင်းခဲ့ဟု ဘရာဗို ပြောကြား

mancity-1

ဘာစီလိုနာအသင်း၌ အရန်ခုံထိုင်ရမည့် အလား အလာကြောင့် ပရီးမီးယားလိဂ်မှ မန်စီးတီးသို့ ပြောင်းလဲခဲ့သည်ဟု ချီလီလက်ရွေးစင်ဂိုးသမား ဘရာ ဗိုက ထုတ်ဖော်ပြောကြားသည်။

ဘရာဗိုသည် ဘာကာတွင် ၂ နှစ်ကစားပြီး ဆုဖလားများရရှိ ခဲ့သော်လည်း ပြီးခဲ့သည့်လက ဂွါဒီယိုလာ၏ မန်စီးတီးသို့ ရောက်လာခဲ့သည်။

Read more

ရွှေ့ပြောင်းသူများ အရေးလှုပ်ရှားသူ အန်ဒီဟောအား ထိုင်းက တရားစွဲထောင်ချ

thailand_3

ဘန်ကောက်၊ စက်တင်ဘာ ၂၁

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းသူများအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဗြိတိန်နိုင်ငံသား အန်ဒီဟောသည် အသရေဖျက်မှု နှင့် ကွန်ပြူတာရာဇဝတ်မှုများတွင် အပြစ်ရှိကြောင်း တွေ့ရှိသည်။

ယင်းအပြစ်များအတွက် ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ် ထိုင်းဘတ်ငွေ တစ်သိန်းခွဲ(အမေရိကန်ဒေါ်လာ ၄၃၀၀) ချမှတ်သည်။

Read more

အိန္ဒိယမှာ ကျောင်းဘတ်စ်ကားတစ်စီး မြောင်းထဲကျသွားလို့ ကလေးငယ် (၇) ဦးသေဆုံး၊ (၁၃) ဦး ဒဏ်ရာရ

at-least-7-children-dead-13-injured-in-bus-accident-in-india

(ဓာတ်ပုံ – အီးပီအေ)

အင်္ဂါနေ့က အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ကျောင်းဘတ်စ်ကားတစ်စီး တူးမြောင်းထဲ ထိုးကျသွားတာကြောင့် အနည်းဆုံး ကလေး ခုနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Read more

နိုင်ငံခြားသား ၈၀၀ ကျော်ကို အမေရိကန်နိုင်ငံသားအဖြစ် မှားယွင်းအသိအမှတ်ပြုခဲ့

16594496496

အမေရိကန်နိုင်ငံသားအဖြစ် လက်ခံရရှိစဉ်

 

အမေရိကန်အစိုးရဟာ မူလဌာနေနိုင်ငံတွေကို ပြန်ပို့သင့်တဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူ ၈၀၀ ကျော်ကို အမေရိကန် နိုင်ငံသားအဖြစ် မှားယွင်းစွာ ပေးအပ်ခဲ့ပါတယ်။ အမိမြေလုံခြုံရေးဌာနရဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စစ်ဆေးမှု ပြုလုပ်ရာမှာ အခုလို ရှာဖွေတွေ့ရှိခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေး အတွက် အန္တရာယ်ရှိတာ ဒါမှမဟုတ် လိမ်လည်ပြီး ရွှေ့ပြောင်း အခြေချနေထိုင်ခွင့် ရရှိအောင် ဆောင်ရွက်သူနှုန်းများတဲ့ နိုင်ငံတွေက လူဦးရေ ၈၅၈ ယောက်ကို နိုင်ငံသားခံယူခွင့် ပေးအပ်ခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ပြန်လိုက်တာပါ။

Read more

တစ်ခါသုံး ပလစ်စတစ်ခွက်များကို ပိတ်ပင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာမည့် ပြင်သစ်

csfg

ပြင်သစ်သည် တစ်ခါသုံး ပလပ်စတစ်ခွက်များ၊ ပန်းကန်ပြားများကို ဥပဒေဖြင့် ပိတ်ပင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာတော့မည်ဟု သိရသည်။

ပြင်သစ်တွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်အရ ၂၀၂၀ ခုနှစ်မှစ၍ နေအိမ်နှင့် အရောင်းဆိုင်များတွင် အသုံးပြုသည့် ပန်းကန်ခွက်ယောက်များသည် ဇီဝဗေဒ ရင်းမြစ်များမှ ၅၀ ရာခိုင်နှုန်း တည်ဆောက်မှု ပါဝင်ရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင်မူ အဆိုပါ သတ်မှတ်ချက်သည် ၆၀ ရာခိုင်နှုန်းထိ မြင့်တက်သွားမည်ဟု ဆိုသည်။

Read more