ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို ယူအီးအက်ဖ်အေ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်

uefa-chief-aleksander-ceferin-reuters

ပလာတီနီ ရာထူးမှ နုတ်ထွက်သွားပြီးချိန်ကစပြီး ဥက္ကဋ္ဌရာထူး လစ်လပ်နေခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာတော့  ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဇန္ဒား ဆယ်ဖယ်ရင် ရွေးချယ်ခံခဲ့ရပါတယ်။

ဒီဥက္ကဋ္ဌရာထူးအတွက် ဥက္ကဋ္ဌသစ် ဆယ်ဖယ်ရင်နဲ့အတူ နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗန်ပရပ်ဂ်၊ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အိန်ဂျယ်ဗီလာတို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အိန်ဂျယ်ဗီလာ နုတ်ထွက်သွားခဲ့လို့ ဆယ်ဖယ်ရင်နဲ့ ဗန်ပရပ်ဂ်တို့ နှစ်ဦးပဲ ယှဉ်ပြိုင်ခဲ့ကြတာပါ။

Read more

လာလီဂါတွင် ၁၄ ရာသီဆက်တိုက် ဂိုးဖန်တီးပေးနိုင်သူအဖြစ် အင်နီယေစတာ မှတ်တမ်းတင်

andres-iniesta

စက်တင်ဘာ ၂၂၊ စပိန်

တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သော ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုအသင်းတို့၏ ပွဲစဉ်တွင် ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာသည် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် ၁၄ ရာသီဆက်တိုက် ဂိုးဖန်တီး ပေးနိုင်သူအဖြစ် မှတ်တမ်းသစ် ရေးထိုးလိုက်သည်။

ထိုပွဲစဉ်တွင် ရာကီတစ်ခေါင်းတိုက်သွင်းယူခဲ့သော ဂိုးကို အင်နီယေစတာက ဖြတ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အင်နီယေစတာသည် လာလီဂါတွင် ၁၄ ရာသီဆက်တိုက် အနည်းဆုံး ဂိုးတစ်ဂိုးဖန်တီးပေးသူအဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။

Read more

ဘာစီလိုနာ၏ လာလီဂါနိုင်ပွဲဆက် စံချိန်ကို ရီးယဲလ်ချိုးဖျက်နိုင်ခြင်း မရှိခဲ့

14362733_1767513663501517_2943998330606743764_o

စက်တင်ဘာ ၂၂၊ မက်ဒရစ်

 လာလီဂါတွင် မယုံနိုင်စရာခြေစွမ်းပြနေသော ရီးယဲလ်မက်ဒရစ်အသင်း၏ ရလဒ်ကောင်းများမှာ ဗုဒ္ဓဟူးနေ့ ဗီလာရီးယဲလ်နှင့် ပွဲတွင် ရပ်တန့်သွားခဲ့ပြီး ဘာစီလိုနာအသင်း၏ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။

ဇီဒန်း၏ ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါ ၁၆ ပွဲဆက်အနိုင်ရထားပြီး ၂၀၁၀-၁၁ ဘောလုံးရာသီက ဘာစီလိုနာအသင်း ရရှိထားသည့် လာလီဂါနိုင်ပွဲဆက် စံချိန်နှင့် တူညီနေခဲ့သည်။

Read more

ဇန်နဝါရီတွင် ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ ယာယာတိုရေးပြောင်းရွှေ့ဖွယ်ရှိ

yaya-toure

စက်တင်ဘာ ၂၂၊ မန်ချက်စတာ

 ယာယာတိုရေးသည် ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမန်စီးတီးမှထွက်ခွာဖြစ်ခဲ့ပါက ပရီးမီးယားလိဂ်အသင်း တစ်သင်းသို့ ပြောင်း ဖွယ်ရှိနေသည်။

တိုရေးသည် အေးဂျင့်ဖြစ်သူ ဒီမီထရီနှင့် နည်းပြဂွာဒီယိုလာအကြား မပြေမလည်ဖြစ်နေခြင်းကြောင့် အီတီဟတ်တွင် ၎င်း၏ အနာဂါတ်ဆက်မရှိနိုင်တော့ကြောင်း လက်ခံထားသည်။

တိုရေးသည် ချက်ရှိုင်းယားတွင်အခြေကျနေပြီဖြစ်သော မိသားစုကိုမပြောင်းရွှေ့စေလိုသဖြင့် နွေရာသီအပြောင်းအရွှေ့ ကာလ အတွင်း အင်တာမီလန်သို့ပြောင်းနိုင်မည့်အခွင့်အရေးကိုလည်းကောင်း တရုတ်လိဂ် မှ ငွေအမြောက်အမြားဖြင့် ကမ်းလှမ်းမှုကို လည်းကောင်း ပယ်ချခဲ့ပြီး အင်္ဂလန်နိုင်ငံတွင်သာ ဆက်ကစားချင်နေသည်။

Read more

ပေါင်ခြံဒဏ်ရာကြောင့် (၃) ပတ်လောက် အနားယူရတော့မယ့် မက်ဆီ

leo-messi-has-groin-strain

(ဓာတ်ပုံ – ဘာစီလိုနာ)

မနေ့ညက နူးကမ့်မှာ ဘာစီလိုနာနှင့် အက်သလက်တီကိုမက်ဒရစ်တို့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ မက်ဆီဟာ ပေါက်ခြံဒဏ်ရာရရှိသွားပြီး (၃) ပတ်လောက် အနားယူရမယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။

မက်ဆီဟာ ညဘက်ခြေထောက်မှာ ပေါက်ခြံဒဏ်ရာရရှိကြောင်း ဘာစီလိုနာအသင်းက ဆိုပါတယ်။

Read more

မလေးရှားတွင် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သည့် နိုင်ငံခြားသားများအပါအဝင် လူလေးဦးကို ဖမ်းဆီး

malaysian-police

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၂

မလေးရှားရဲဌာနက သြဂုတ် ၂ ရက်မှ စက်တင်ဘာ ၁၇ ရက်အတွင်း အကြမ်းဖက်မှုနှင့် ချိတ်ဆက်သည် သံသယရှိသည့် နိုင်ငံခြားသား သုံးဦးအပါအဝင် လူလေးဦးကို ဖမ်းဆီးခဲ့သည်။

နိုင်ငံခြားသားသုံးဦးအား ပြည်နှင်ဒဏ်ပေးထားသည်။ ဖမ်းခဲ့သူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးလည်း ပါဝင်သည်။ ၎င်းသည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့များထံ လက်နက်များ မှောင်ခိုပေးပို့နေခြင်းတွင် ပါဝင်သည်ဟု သံသယရှိရသူဖြစ်ကြောင်း ရဲက သတင်းထုတ်ပြန်သည်။ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို၏ အလိုရှိစာရင်း သွင်းခံထားရသူလည်းဖြစ်သည်။

Read more

အဓိကရုဏ်းဆန်လာသော ဆန္ဒပြမှုများကြောင့် အမေရိကန် ပြည်နယ်တစ်ခုတွင် အရေးပေါ် အခြေအနေ ကြေညာ

tryty

သံသယ တရားခံများကို ရဲများက ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် ဆန္ဒပြမှုများ ပြင်းပြင်းထန်ထန် ပေါ်ပေါက် လာရာမှ အမေရိကန်ရှိ ပြည်နယ်တစ်ခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရသည်။

မြောက်ကာရိုလိုင်းနား ပြည်နယ်အစိုးရက ချားလော့တ်မြို့တွင် ဆန္ဒပြရာမှ အဓိကရုဏ်း ဆန်ဆန် အသွင်ဆောင်လာသည့်နောက် အရေးပေါ်အခြေအနေ ကြေညာခဲ့သလို အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့များကိုပါ စေလွှတ်ခဲ့ရသည်။

Read more

မာလာကတ်စ်မုန်တိုင်းကြောင့် ဂျပန်တွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

Roads are flooded due to heavy rains caused by Typhoon Malakas in Nobeoka, Miyazaki Prefecture, southwestern Japan, in this photo taken by Kyodo September 20, 2016. Mandatory credit Kyodo/via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. EDITORIAL USE ONLY. MANDATORY CREDIT. JAPAN OUT. NO COMMERCIAL OR EDITORIAL SALES IN JAPAN.

(reuters)

ဂျပန်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း မာလာကတ်စ် ၀င်ရောက် လာခဲ့သဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရာနှင့်ချီသော လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။

ဒေသအချို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်နိုင်သည် ဟု အာဏာပိုင်များက သတိပေးထားသည်။

Read more

ရောဂါမျိုးစုံတိုက်ဖျက်ရေး Mark Zuckerberg ဒေါ်လာ ၃ ဘီလီယံလှူမည်

1616165165

လက်ရှိ ရာစုနှစ်အကုန်မှာ ရောဂါတွေ အကုန်လုံးကို တိုက်ဖျက်ဖို့ နည်းလမ်းတွေ ရှာဖွေမယ့် သုတေသနတွေ လုပ်ဆောင်ဖို့ လာမယ့် ၁၀ နှစ်အတွင်းမှာ ဒေါ်လာ ၃ ဘီလီယံလောက် လှူဒါန်းမယ်လို့ Facebook တည်ထောင်သူ Mark Zuckerberg နဲ့ သူ့ဇနီးဖြစ်သူ Priscilla Chan တို့က ကြေညာလိုက်ပါတယ်။

Read more

ကုလသမဂ္ဂအထွေထွေညီလာခံတွင် အိုဘားမားနောက်ဆုံးမိန့်ခွန်း ပြောကြား

14424888_1758099991097168_3234774788492484782_o

နယူးယောက် စက်တင်ဘာ ၂၁

လာမည့်နှစ်ဇန်နဝါရီလတွင် တာဝန်မှအနားယူတော့မည်ဖြစ်သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောကြားခဲ့သော ၄င်း၏ နောက်ဆုံး မိန့်ခွန်းတွင် က္ဘာလုံးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရန်နှင့် စည်းလုံး ညီညွတ်မှုရှိရန် တောင်းဆိုလိုက်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

Read more