မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြည်သူများနှင့် တွေ့ဆုံ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန် သည် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ကျိုက်မရောမြို့နယ် ကော့ပြည့်၊ ဝယ်ငဲ၊ ရန်ကလွီ၊ ကော့မင်ကျေးရွာများ၊ ငြိမ်းဖောင်ဒေးရှင်း၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး လွှတ်တော်တွင်းဆောင်ရွက်ချက်များ အတွေ့အကြုံများအား ရှင်းလင်းပြောကြားပါသည်။

Read more

အဖိုး/အဖွားများနှင့်အဖွဲ့ဝင်များအား ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နံနက်စာ ဧည့်ခံကျွေးမွေး

မွန်ပြည်နယ် မုဒုံမြို့နယ် ဘိုးဘွားရိပ်သာမှ ဘိုး၊ဘွားများနှင့် မေတ္တာစံအိမ် ဘိုး၊ဘွား နေ့စောင့်ရှောက်ရေးဂေဟာမှ အဖိုး၊အဖွါး(၃၂)ဦးနှင့် အဖွဲ့ဝင်များလိုက်ပါကာ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ရေးမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားအား ဖူးမျှော်ကြည်ညိုရန် လိုက်လံပို့ဆောင်စဉ် ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အဖိုး/အဖွားများနှင့် လိုက်ပါသူ စုစုပေါင်း (၉၀)ဦးအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးပြီး ၊ရေးမြို့နယ် လမိုင်းမြို့နယ်(ခွဲ)၊ ပြည်ခိုင်ဖြိုးပါတီမှ အဖိုး/အဖွားများနှင့် လိုက်ပါသူအဖွဲ့ဝင်များအား အချိုရည်များ လှူဒါန်း ကုသိုလ်ပြုခဲ့ကြောင်း သိရှိရပါသည်။

Read more

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ဘိုးဘွားများအားထောက်ပံ့ငွေပေးအပ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ငြိမ်း)ဦးဆောင်သည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ပေးအပ်သော အသက်(၁ဝဝ)နှင့်အထက်ဘိုးဘွား များအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို စက်တင်ဘာ (၂၃) ရက် နံနက် (၁ဝ) နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဘိုးဘွားများအား အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

Read more

မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီ ရှစ်ပါတီနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မိတ်ဆက်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီ ရှစ်ပါတီမှ တာဝန်ရှိ သူများနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး ပါတီကော်မတီဝင်သစ်များ မိတ်ဆက်တွေ့ဆုံပွဲကို စက်တင်ဘာလ (၂၃) ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

Read more

ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီ၊ ချမ်းမြသာစည်မြို့နယ် ပြည် ခိုင်ဖြိုးပါတီ၏ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ဦးပွားဘုရား ပရိဝုဏ်အတွင်း၌ စက်တင်ဘာ (၂၄) ရက် နံနက် ၇ နာရီ ကျင်းပခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးရာသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီ ဥက္ကဋ္ဌဦးဘိုသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ချမ်းမြသာစည်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁ဝဝ ဦးခန့် တပျော်တပါး အမှတ်တရသစ်ပင်စိုက်ပျိုးပေးခဲ့ကြသည်။

Read more

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်အဖွဲ့မှ ယနေ့ (၂၃-၉-၂၀၁၆) ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဂူပြောက်ကြီးဘုရား၌ လုပ်အားဒါနပြုနေကြသော ပုံရိပ်များ


Read more

အရှုပ်အရှင်း

 

* သွေဖည်သနော် အတွေးအခေါ် ရမ်းပါဘိ
အမေကျော် ဒွေးတော်လွမ်းလိုက်ပုံက
ကမ်းကုန်အောင်ရှိပါ့ကွယ်။

* အယူတိမ်း
သူစိမ်းကို ဆရာတင်တော့
ပညာရှင် တို့တွင်မရှိလေရော့သလား
သတိမပေါ့ အလျဉ်းဟာမို့
စောင့်ကင်းရှိတယ်။

* မရှိတာကို အရှိလုပ်
မဟုတ်တာကို အဟုတ်ယူ
အရှုပ်လူပြဿနာ ဘယ်ပုံရှင်းမယ်
ပြည်တွင်းဝယ်တွေး။

Read more

တိုင်း/ခရိုင်ပါတီကော်မတီဝင်များနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း၊ ခရိုင်၊ မြို့နယ် ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို စက်တင်ဘာ (၂၂) ရက် နေ့လည် (၁) နာရီမှ (၃) နာရီအထိ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စိုး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာ ပါတီခေါင်းဆောင်နှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား (၉၈) ဦး တက်ရောက်ခဲ့ကြသည်။

Read more

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

နိုင်ငံတော်သမ္မတဦးသိန်းစိန် (ငြိမ်း) ဦးဆောင်သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ ပေးအပ်သော အသက် ၁ဝဝ နှင့် အထက် ဘိုးဘွားများအား ထောက်ပံ့ငွေကို စက်တင်ဘာ (၂၂) ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အိမ်တိုင်ရာရောက် ဘိုးဘွားများထံ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသရှိ ငလျင်သင့်ဘုရားစေတီများတွင် သန့်ရှင်းရေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ၏ဦးဆောင်မှုဖြင့် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ် မှ လူငယ်အင်အား ၅ဝ ဖြင့် ပုဂံဒေသရှိ ငလျင်သင့် ဘုရားစေတီများကို ယခုလ ၁ ၇ရက်မှ ယမန်နေ့အထိ ငါးရက်ကြာ ဘုရား (၁၈) ဆူ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

Read more