ကျွန်းစုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြှင့်တင်ရေး (၁/၂၀၁၆) သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ဖွင့်လှစ် သည့် “စွမ်းရည်​မြှင့်တင်ရေး” သင်တန်း (၁/၂၀၁၆) ကို အောက်တိုဘာလ (၅)ရက် နံနက် (၈) နာရီအချိန်တွင် မြိတ်မြို့ရှိ တိုင်းပါတီတွင် ပြုလုပ်ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသိန်းလွင်နှင့် မြိတ်ခရိုင် ပါတီဥက္ကဌ ဦးဝင်းဆွေ တို့က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ်ပါတီဥက္ကဌ ဦးတင်စိုးက စွမ်းရည်​ မြှင့်တင်ရေးသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

14590396_307056796343182_2770573258732924075_n

(more…)


Read more

လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီကာကွယ်ဆေးတိုက်ကျွေးနေမှုသွားရောက်အားပေး

under-5-years-old

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့ နံနက် (၉) နာရီခွဲက ဒေါပေါ်ကလဲ ကျေးရွာအုပ်စု ထေးငှားလျားစံပြ ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကိုယ်ဝန်ဆောင်မိခင် များနှင့် ငါးနှစ်အောက်ကလေးသူငယ်များအား ကာကွယ်ဆေးတိုက်ကျွေးနေမှုကို သွားရောက်ကြည့်ရှု အားပေး ခဲ့ကြပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်များနှင့် ကလေးမိခင်များကို ဆပ်ပြာမှုန့်များ ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

Read more

ပြည်နယ်လူငယ်ဖိုရမ်ဖြစ်မြောက်ရေး ပြည်ခိုင်ဖြိုးပါတီမှ ကူညီဖြည့်ဆည်း

အောက်တိုဘာလ ၁၉-၂၀ ရက်နေ့တွင် မင်းပြားမြို့အခြေစိုက် Arakan Youth Forum (ရခိုင်ပြည်နယ်ရုံး) မှ ကျင်းပပြုလုပ်မည့် ပြည်နယ်လူငယ်ဖိုရမ် ဖြစ်မြောက်ရေး အတွက်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ထောက်ပံ့ငွေ ဆယ်သိန်းကျပ်ကို ပေးအပ်ပွဲကို အောက်တိုဘာ (၅) ရက် နေ့လည် (၂) နာရီက ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး ဥက္ကဋ္ဌခန်းမအတွင်း၌ ပြုလုပ်ခဲ့သည်။

nay-cho-thway2

(more…)


Read more

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုး

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ငွေတော် ကျီကုန်းရပ်ကွက် မင်္ဂလာကန် ဘေးဝန်းကျင်တွင် အောက်တိုဘာလ (၅) ရက် နံနက် ၈နာရီက ကျင်းပခဲ့သည်။

pyi-gyi-tagon (more…)


Read more

ဇလွန်ပြည်ခိုင်ဖြိုးပါတီ ဒေသခံတောင်သူလယ်သမား အလုပ်သမားများ တွေ့ဆုံဆွေးနွေးပွဲနှင့် တံစဉ်များ ပေးအပ် လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဒေသခံ တောင်သူလယ်သမားအလုပ်သမားများ တွေ့ဆုံပွဲနှင့် စပါးရိတ်သိမ်းရန် တံစဉ်များ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ (၄) ရက် မွန်းလွဲပိုင်းက ကျုံရှတိုက်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

zalon

(more…)


Read more

လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက် ကျေးရွာစည်းရုံးရေးမှူးနှင့် လစဉ်ပုံမှန် အစည်းအဝေးကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြီး လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ (၅) ရက် နံနက် ၁ဝ နာရီက ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ လစဉ်ပုံမှန်အစည်းအဝေး ပြုလုပ်သည်။

kayah

(more…)


Read more

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပုံမှန်အစည်း အဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များနှင့် ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးများ၏ ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၃ရက် နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

14492563_437681209740345_7505644629645376872_n

(more…)


Read more

ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီးဒေါ်မူမူဝင်းမိသားစု ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ သို့ ငွေကျပ် ၁၅ သိန်း လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီးဒေါ်မူမူဝင်း မိသားစုက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဧက ၁ဝဝဝ ဝန်ထမ်းအိမ်ရာ အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာ ဝေယျာဝစ္စအတွက် ငွေကျပ် ၁၅ သိန်းကို အောက်တိုဘာလ (၅) ရက် နံနက် ၉ နာရီခွဲက လှူဒါန်းခဲ့သည်။

u-thein-zaw

(more…)


Read more

ပါတီဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်အား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo Watanabae နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

အောက်တိုဘာ ၆ ရက် နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ ပါတီဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်အား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabae နှင့်အဖွဲ့ လာရောက်တွေ့ဆုံသည်။

????????????????????????????????????
????????????????????????????????????

(more…)


Read more

တမူးပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်အားဖြင့်ကုသိုလ်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စော်ဘွားရပ်ကွက်မှ ပါတီဝင်အင်အား (၇၀) ဦးခန့်တို့သည် အောက်တိုဘာ (၁) ရက်က တမူးမြို့ နဂါးမင်းသမီးရေကန်သို့ သွားရောက်၌ မြေဖို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် ရေကန်ပါတ်ဝန်းကျင်၌ အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို တစ်နေ့တာ သွားရောက်၍ လုပ်အားဒါန ကောင်းမှု့ကုသိုလ်ပြု လုပ်ခဲ့သည်။

Read more