ကျိုင်းလပ်မြို့နယ်ပါတီရုံးအား လိုအပ်သည်များ သွားရောက်ကြည့်ရှု

(၂၁-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်တီ အတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန် တို့သည် တာလေမြို့နှင့် ကျိုင်းလပ်မြို့နယ်များသို့ ကွင်းဆင်းသွားရောက်ပြီး စည်းရုံးရေးတာဝန်ခံများဖြင့် တွေ့ဆုံကာ ပါတီရှေ့လုပ်ငန်းစဉ် များ ဆွေးနွေးခြင်း၊ တာလေ၊ ကျိုင်းလပ်ပါတီရုံး လိုအပ်ချက်များ ဖြည့် ဆည်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လမ်းမတော်မြို့နယ်၌ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ်အတွင်း၌ လမ်းမတော် မြို့နယ်နှင့် ကျောက် တံတားမြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များက လမ်းမတော်မြို့နယ် (၁) ရပ်ကွက် အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း မဲဆွယ်စည်းရုံးရေးကို ယခုလ ၁၉ ရက် မွန်းလွဲ ၁ နာရီမှစတင်၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြာင်း သိရသည်။

(more…)


Read more

ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး အန္တိမဈာပနကျင်းပခဲ့သည့်ရက်များအတွင်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်အားဒါနပြုပါဝင်ခဲ့

 

ဘဝနတ်ထံပျံလွန်တော်မူခဲ့ သည့် မန္တလေးမြို့ မဟာအောင် မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်း တိုက် ဇယမေဒနီဝါဆိုကျောင်း နိုင်ငံတော်သြဝါဒါစရိယစုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိ ဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တ အဂ္ဃိယ၏ အန္တိမဈာပနကျင်းပခဲ့ သည့် နေ့ရက်များအတွင်း မန္တလေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များအနေဖြင့် လုပ်အား ဒါနပါဝင်ကုသိုလ်ပြု လုပ်အားပေးခဲ့ကြောင်း သိရသည်။

Read more

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အင်ကြင်းပရဟိတကျောင်းသို့ ဆန်အိတ်များလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးဝင်းတင်၊ ဦးစောမြဝင်း၊ ဦးသက် ထွေးလွင်(လူငယ်တာဝန်ခံ)တို့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီခွဲတွင် ဇွဲကပင်တောင်ခြေ အင်ကြင်းဖိုပရဟိတကျောင်းသို့ ကျောင်းသားကျောင်းသူ ၁၇ဝ အတွက် ဆန်အိတ်သုံးအိတ်အား အင်ကြင်းဖိုကျောင်းဆရာတော်ကြီးထံသို့ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

Read more

သဘာဝပတ်ဝန်းကျင် အမှိုက်သရိုက်များ ရှင်းလင်းရန်အတွက် မြို့နယ်စုံမှလူငယ်များစုစည်း၍ ဇွဲကပင်တောင်တက်

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူ ငယ်ရေးရာအဖွဲ့တို့ဦးဆောင်၍ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် က ကရင်ပြည်နယ်ရှိ ဆံတော်ရှင် ဇွဲကပင်တောင်ပေါ်သို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

 

(more…)


Read more

မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆေးကုသခံပြည်သူများအား ကူညီဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ကြည် နှင့်ခရိုင်ကော်မတီ ဦးကျော်လှဦး၊ ဦးမောင် မောင်မြင့်တို့ ဦးဆောင်သော မြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့သည် မာန်အောင်မြို့နယ်၌ ယမန်နေ့နှင့် ယနေ့တွင် ဆေးကုသ ရန်ရောက်ရှိလာသော တပ်မတော်ပင်လယ်သွားဆေးရုံ သင်္ဘော(သံလွင်) နယ်လှည့် ကျန်းမာရေး ဆေးကုသအဖွဲ့အား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦး ဟင်္သာတမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် ဟင်္သာတ ခရိုင် စက္ခုပါလဒိဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ ဟင်္သာ စေတနာနယ် လှည့်ဆေးကုသရေးအဖွဲ့ ဝင်များ၊ ဒီဃာယုဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များနှင့် ရပ်မိရပ်ဖများသည် ယခုလ ၁၈ ရက် နံနက်ပိုင်းက ဟင်္သာနေခြည် ဘက်စုံဖွံ့ဖြိုးရေးစင်တာ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

(more…)


Read more

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

အမည် ————— ဦးနေလင်း
ပါတီ ——————— ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း—— BA (Hist)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် ——– ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

 

 

(more…)


Read more

အာဏာကို ဆက်လက်ဆွဲကိုင်သွားမည်ဟု ကတိပြုထားသော ဇင်ဘာဘွေသမ္မတ မူဂါဘီ အသက် ၉၃ နှစ်ပြည့်

ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံခေါင်းဆောင် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီသည် ဖေဖော်ရီ ၂၁ ရက်က အသက် ၉၃ နှစ် ပြည့်သွားခဲ့ပြီဖြစ်သည်။ မူဂါဘီသည် အသက်အရွယ်ကြီး ရင့်လာပြီဖြစ်သည့်အတွက် ချည့်နဲ့ လာပြီဖြစ်လာကာ ကျန်းမာရေးမှာလည်း ယိုယွင်းနေပြီဖြစ်သော်လည်း အာဏာကို ဆက်လက်ကိုင်ဆွဲသွားမည် ဟု ကတိပြုထားသည်။

(more…)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ အမှာစကား

 

* ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားရေးကို ဦးထိပ်ထားသည့် ပါတီဖြစ်သည်။
* ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီ ……..တည်ရှိနေမည်။
* ပြည်ခိုင်ဖြိုးပါတီရှိနေသမျှ အမျိုးဂုဏ် ဇာတိဂုဏ် မညှိုးနွမ်းစေရ။
* ပြည်ခိုင်ဖြိုးပါတီရှိနေသမျှ မြန်မာပြည်နယ်နိမိတ် မပြောင်းလဲစေရ။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး(၁၁/၂ဝ၁၆)မှ ကောက်နုတ်ချက်


Read more