Author: USDP 2016
ပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်အားပေး
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၂၃ရက် မွန်းလွဲ ၃ နာရီတွင် မုံရွာမြို့ပေါ်ရပ် အိုးဘိုတောင်ရပ်ကွက်နေ ပါတီမိတ်ဆွေနေအိမ်၌ ကျင်းပသည့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ ရပ်ကွက်နေ မိဘ ပြည်သူ များနှင့် တွေ့ဆုံမဲဆွယ် စည်းရုံးပွဲသို့လိုက်ပါပြီး အားပေးခဲ့သည်။

Read more
ခရိုင်/မြို့နယ်/ရပ်ကျေး အစည်းအဝေးကျင်းပခြင်း
(၂၄-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်/ ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ညှိနိုင်းအစည်းအဝေးကို ကျင်းပရာ ဗဟိုကော်မတီဝင် ဦးဝီလ်ဆင်မိုး တက်ရောက်ခဲ့ပြီး ကျိုင်းတုံမြို့နယ် တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တစ်ချုပ် သဲတစ်ပွင့်အဖြစ် ၀ိုင်းဝန်ဆောင်ရွက်ရေးကိစ္စ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီး လာရောက်ခဲ့လျှင် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ရှေ့ လုပ်ငန်းစဉ် ကိစ္စများ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
သိရှိရပါသည်။












