သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးပါတီ မျိုးဆက်သစ်လူငယ်အင်အားရရှိရန် ကွင်းဆင်းဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်းမြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဒေါ်မြင့်မြင့်ဌေးနှင့် ဒေါ်သင်း သင်းရီတို့သည် ယခုလ ၈ရက် ညနေ ၄ နာရီတွင် မိကျောင်းကန်အပိုင်း(၁)နှင့် ၁၆/၂ ရပ်ကွက်များသို့ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီ၏ အမာခံမျိုးဆက်သစ် ကေဒါများအင်အားတိုးရရှိစေရန် ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

Union daily

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံနှင့် ကချင်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံ

 

Read more

မန္တလေးမဟာသင်္ကြန်တွင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဖြိုးမန္တလာရေကစားမဏ္ဍပ်ဖြင့် ပါဝင်ဧည့်ခံမည်

Read more

မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဟာသင်္ကြန်ကြိုဆိုပွဲပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည် ခိုင်ဖြိုးပါတီမဟာသင်္ကြန်ကြိုဆိုပွဲကို မြို့နယ်ရုံးခန်းမ၌ ယခုလ ၇ ရက်မွန်းလွဲ ၃ နာရီ တွင်ပြုလုပ်ရာ ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ခရိုင်ကော်မတီဝင် ဦးမင်းမင်း၊ ဦးမျိုးဇော်၊ မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမင်းဦး နှင့်မြို့နယ်ကော်မတီဝင်များ၊ (၃၂)ရပ်ကွက်မှရပ်/ ကျေးများစုစုပေါင်းအင်အား ၁ဝဝ ဖြင့် စုပေါင်းကာ မုန့်လုံးရေပေါ်လုံးကြပြီး တက်ရောက်လာသူများအား ဗလာမပါကံစမ်းမဲများဖောက်၍သပြေခက်ဖြင့် ပျော် ပျော်ပါးပါးရေပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

Read more

ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေး

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယနေ့ နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုး၊ အတွင်းရေးမှူး ဦးစည်သူအောင်နှင့် မြို့နယ်ကော်မတီဝင်များမှရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စည်းမှူးများမှလည်း ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Read more

တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များပါတီဝင်စိစစ်ရေးလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ သည်ပါတီဝင်စိစစ်ရေးလုပ်ငန်းပါတီနှစ်စဉ်ကြေးကောက်ခံခြင်းလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဘဏ္ဍာရေးမှူးဦးမင်းနိုင်၊ မြို့နယ်ကော်မတီဝင် ဒေါ်ယုဇနဝင်း၊ ဒေါ်ငြိမ်းငြိမ်းစံ၊ ကျေးရွာစည်းမှူး ဦးဇော်မင်းဦး၊ ဦးစိုး မင်းနိုင်နှင့် ပါတီဝင်များ၊ မြို့မတိုက်နယ် ရှေ့ခြမ်းကျေးရွာများသို့ သွားရောက်၍ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးများ ကောက်ခံခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းဆင့်(တွံတေး)


Read more

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ပါတီဝင်စိစစ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယခုလ ၇ ရက် နံနက် ပိုင်းတွင်အိုင်ကလောင်ဒေသ၊ တော်လတီ ဒေသတို့မှ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် တွေ့ဆုံပြီးပါတီဝင်စိစစ်ခြင်း လုပ်ငန်းများ၊ ပါတီနှစ်စဉ်ကြေးပေး သွင်းခြင်းကိစ္စရပ်များ၊ ပါတီဝင်အင်အားသစ် စည်းရုံးခြင်းလုပ်ငန်း များကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာ၌တိုက်ကြီးမြို့နယ် ပြည်ခိုင် ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များမှဦးဆောင်၍ အရန်ပါတီ ကော်မတီဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

Read more

မြောက်ဥက္ကလာပ ပြည်ခိုင်ဖြိုးအမာခံပါတီဝင်၁ဝ၁ ကြိမ်မြောက် သွေးလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အမာခံပါတီကော်မတီဝင် ဦးသိန်းလွင်သည် ယမန်နေ့နံနက် ၁ဝ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် (၁ဝ၁)ကြိမ်မြောက် သွေးလှူဒါန်းရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးတင်လှိုင်၊ ဦးတင်ဝင်း၊ အရန်ဗဟိုကော်မတီဝင်ဦးစိန်မြင့်နှင့် ပါတီဝင် များက သွားရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးမင်းဇော် (မြောက်ဥက္ကလာ)


Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ရန်ကုန်တိုင်းမှလူငယ်နှင့် အမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ဆုံ

 

Read more