ပါတီဝင်အင်အား ကွင်းဆင်းစိစစ်ဆောင်ရွက်

 

လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နံနက် ၉ နာရီမှ စတင်ကာ လှိုင်သာယာမြို့နယ် အမှတ်(၁၈)ရပ်ကွက်သို့ကွင်းဆင်း၍ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေးပေးသွင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး (ယာယီ)ဥက္ကဋ္ဌ ဦးဇေယျာအောင် ဦးဆောင်ညွှန်ကြား၍ မြို့နယ်ပါတီကော်မတီဝင်ဦးအောင်ကျော်မိုး (အမှတ် ၁၈ ရပ်ကွက် နယ်မြေတာဝန်ခံ)နှင့်ရပ်ကွက်ပါတီကော်မတီဝင်များ ပူးပေါင်းပြီး ပြည်သူများ၏နေအိမ်များသို့ တစ်အိမ်ဝင်တစ်အိမ်ထွက်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့သည်။

Read more

ကျောက်တံတားပြည်ခိုင်ဖြိုး ပါတီဝင်အင်အားစိစစ်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဌ ဦးမျိုးသိန်း ဦးဆောင်လျှက် မြို့နယ်ကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးစိုးမြင့်၊ မြို့နယ်အရံ ကော်မတီ ဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးအမှုဆောင်အဖွဲ့များနှင့် အတူ ဧပြီ (၂၅) ရက်က အမှတ် (၃)ရပ်ကွက် (၃၅ လမ်းနှင့် ၃၆လမ်း) အတွင်း ပါတီဝင် အင်အားစိစစ်ခြင်း၊ ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံခြင်း၊ ပါတီဝင်သစ်များ စည်းရုံးခြင်းလုပ်ငန်းများကို တစ်အိမ်တက်တစ်အိမ်ဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

Read more

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အား ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E.Mr. Hideo Watanabe ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ် ဧည့်ခန်းမ(၁) တွင် လာရောက်တွေ့ဆုံသည်။

 

 

(more…)


Read more

တရုတ်လုပ် ရေငုတ်သင်္ဘော သုံးစင်း ၀ယ်ယူဖို့ ထိုင်းအစိုးရခွင့်ပြု

ထိုင်းနိုင်ငံဟာ တရုတ်ပြည်ကနေ ရေငုတ်သင်္ဘော သုံးစင်းဝယ်ယူဖို့ စီစဉ်ထားရာမှာ ပထမဆုံး ရေငုတ် သင်္ဘောအတွက် အမေရိကန်ဒေါ်လာ ၃၉၃ သန်း ပေးချေဖို့ ထိုင်းအာဏာသိမ်း စစ်အစိုးရအဖွဲ့က မနေ့က အတည်ပြုလိုက်ပါတယ်။

(more…)


Read more

ဒေါ်နယ်ထရမ့် က ကုလသမဂ္ဂအနေဖြင့် မြောက်ကိုရီးယား နိုင်ငံအား ပိတ်ဆို့အရေးယူမှုအသစ် ဆောင်ရွက်ရန် အတွက် သေချာပေါက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်းပြော

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြောက်ကိုရီးယား နိုင်ငံအား ပိတ်ဆို့အရေးယူမှုအသစ် ထပ်မံဆောင်ရွက်ရန်အတွက် ပြင်ဆင်မှုများကို သေချာပေါက် ပြုလုပ်ထားရမည်ဖြစ်ကြောင်း ဧပြီလ ၂၄ ရက်နေ့ပြောကြားခဲ့သည်။

(more…)


Read more

ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော်လည်း ရုရှား၏ စစ်အသုံးစရိတ်များ မြင့်တက်လာ

ရေနံဈေးကျဆင်းမှု၊ စီးပွားရေးပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော ရုရှားသည် ၂၀၁၆ ခုနှစ်က ကမ္ဘာပေါ်တွင် စစ်ရေးအသုံးစရိတ် တတိယအကြီးဆုံးနိုင်ငံ ဖြစ်ခဲ့သည်ဟု ဧပြီ ၂၄ ရက်တွင် ထွက်ပေါ်လာသော ထုတ်ပြန် ချက်ထဲတွင် ဖော်ပြခဲ့သည်။

 

(more…)


Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီရဲ့ ပဌာန်းပူဇာ သာဓုအနုမောဒနာ

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ (၃၈)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (မိုးညှင်းခရိုင်နယ်မြေတာဝန်ခံ) ဦးကျော်စိုးလေး အမှူးပြုသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ပါတီရုံးဝန်ထမ်းများမှ ဧပြီလ (၂၄) ရက်တွင် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း(အချိုပွဲ)များ ဆက်ကပ်လှူဒါန်းကာ တတ်စွမ်းနိုင်သမျှ ဖြင့် ဒါနပြုခဲ့ကြကြောင်း သိရသည်။

Read more

အာဖရိကတွင် ပထမဆုံးအကြိမ် ငှက်ဖျားကာကွယ်ဆေး စမ်းသပ်မှုကြီးကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်မည်

ကင်ညာ၊ ဂါနာနှင့် မာလာဝီနိုင်ငံတို့တွင် ငှက်ဖျားရောဂါ ကာကွယ်ဆေးသစ် တစ်မျိုးကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကြာမြင့်မည့် ထိုစမ်းသပ်မှုကာလတွင် ကလေးပေါင်း ၃၆၀,၀၀၀ ပါဝင်လိမ့်မည်ဟု သိရသည်။

(more…)


Read more

၂၀၁၈ အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း အာရှအိုလံပစ်ကောင်စီ (OCA) က ထုတ်ပြန်ကြေညာခဲ့သည်။ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသည် မူလက ပြိုင်ပွဲအမျိုးအစား ၄၂ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အာရှအိုလံပစ်ကောင်စီက အားကစားနည်း ၃၉ မျိုးမှ ပြိုင်ပွဲ အမျိုးအစား ၄၂၆ မျိုး ထည့်သွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

(more…)


Read more

(၈)ကြိမ်မြောက် ချိကယ်တိုက်နယ်မိသားစု စုပေါင်းရိုးရာကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် ကျင်းပ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်တိုက်နယ်မိသားစုမှ ဦးစီးပြီး ၂၀၁၇ ခုနှစ် (၈)ကြိမ်မြောက် ချိကယ်တိုက်နယ်မိသားစု စုပေါင်းရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော် ကျင်းပခြင်း အခမ်းအနားကို ဧပြီ (၂၁) ရက် နံနက် (၆) နာရီအချိန်က ချိကယ်တံခွန်တိုင်ကွင်း မောဒူဒီးဘိုးဟိုး ကွင်းပြင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more