နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုချီးမြှင့်
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းဒေသ မျက်တိုကျေးရွာအုပ်စု မဲဇလီကုန်းကျေးရွာ နေဝန်းသစ်လူငယ်ပရဟိတမှ ဦးဆောင်ဖွင့်လှစ်သည့် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ တစ်လသင်တန်း ဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် ထူးချွန်ဆုပေးပွဲတွင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက်ရောက်အားပေးခဲ့ပြီး သင်တန်းတွင် (ပထမ၊ ဒုတိယ၊ တတိယ) ရရှိသော ထူးချွန် ကျောင်းသား (၃) ဦးအား ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးမှ စက်ဘီး (၃)စီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
Read more















