သင်္ဃန်းကျွန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ် ကျန်းမာရေးထောက်ပံ့

 

သင်္ဃန်းကျွန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ဥက္ကဋ္ဌဦးအောင်မြတ်ဇော် နှင့် ကော်မတီဝင်များဖြစ်ကြသော ဦးကိုကိုနိုင်(နယ်မြေတာဝန်ခံ)ဦးဝင်း မြင့်၊ ဦးထွန်းမြင့်လှိုင်တို့သည် ယခုလ ၂ ရက် မွန်းလွဲ ၃နာရီတွင် ရန်အောင်ရပ်ကွက်နှင့် ဘဏ်ရိပ် သာရပ်ကွက်များသို့ပါတီဝင်လူငယ် စာရင်းစိစစ်ခြင်း၊ နှစ်စဉ်ကြေး ကောက်ခံခြင်းနှင့်အင်အားတိုး လူ ငယ်ပါတီဝင်ထပ်မံရရှိရန် ဆောင် ရွက်ခဲ့သည်။ ထို့နောက် ယင်းရပ် ကွက်နှစ်ခုတွင် ဆေးကုသမှုခံယူ နေရသည့်ပါတီစိတ်ခေါင်းဆောင် နှစ်ဦးဖြစ်သောဦးစန်းဦး(ရန်အောင်) နှင့် ဦးလှဝင်း(ဘဏ်ရိပ်သာ)တို့ကို ကျန်းမာရေးထောက်ပံ့ငွေများ ပေး အပ်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဝင်သစ်များစည်းရုံး ပါတီဝင်အင်အားစိစစ်

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ညနေ ၄နာရီက မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်သက်ထားလှိုင်၊ အတွင်းရေးမှုးဦးထွန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဦးမျိုးသန့်နှင့် မြို့ နယ်ကော်မတီဝင်များ၊ ရပ်/စည်း အမှုဆောင်များသည် အဖွဲ့များ ခွဲလျက် လမ်းမတော်(၉)ရပ်ကွက် အတွင်းပါတီဝင်သစ်များ စည်း ရုံးခြင်း၊ ပါတီဝင်အင်အားများ စနစ်တကျပြန်လည်စိစစ်ခြင်းနှင့် ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

မင်္ဂလာဒုံပြည်ခိုင်ဖြိုးလူငယ်နှင့် အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပရာ ခရိုင်ပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးမျိုးဇော်၊ အမျိုးသမီးနှင့် လူငယ်ရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်၊ မြို့နယ်အတွင်းရေးမှူး ဦးမျိုးမင်း နိုင်နှင့် ရေးရာတာဝန်ခံများ တက် ရောက်၍ မြို့နယ်၊ ရပ်ကွက် လူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်း စဉ်များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။

Read more

ပါတီဝင်စိစစ်ရေး ပါတီဝင်ကြေးကောက်ခံရရှိရေးနှင့် ခရိုင်ရုံးဖွင့်လှစ်နိုင်ရေးညှိနှိုင်းဆွေးနွေး

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူခရိုင် ကန့်ဘလူမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယမန်နေ့နံနက် ၁ဝ နာရီ က ပါတီဝင်အင်အားပြန်လည်စိစစ် ရေး၊ ပါတီဝင်ကြေးကောက်ခံရရှိ ရေးနှင့် ကန့်ဘလူခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးဖွင့်လှစ်နိုင်ရေး ရှေ့လုပ်ငန်း စဉ်ငါးရပ်ဆောင်ရွက်နိုင်ရေး လစ် လပ်မြို့နယ်ပါတီအလုပ်အမှုဆောင် ကော်မတီဝင် အမျိုးသမီးတစ်ဦး အစားထိုးခန့်ထားနိုင်ရေးတို့ကို မြို့ နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် မြို့နယ်အလုပ်အမှုဆောင်ကော် မတီ ၁၅ ဦးတို့ တက်ရောက်ဆွေး နွေးခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး (၂/၂ဝ၁၇)ဒုတိယနေ့ ဆက်လက်ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂ဝ၁၇) အစည်းအဝေးဒုတိယနေ့ကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌများ၊ ဌာနကြီးများ၏တာဝန်ခံများ၊ ရေးရာကော်မတီတာဝန်ခံများနှင့် တာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စအခြေအနေများကို တင်ပြကြသည်။ တင်ပြချက်များအပေါ် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းတို့က လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြော ကြားကာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် အစည်းအဝေးပြီးဆုံးခဲ့သည်။
အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပါတီဥက္ကဋ္ဌ၏အမှာစကားပြောကြားချက်များမှ ကောက်နုတ်ချက်များကို သီးခြားဖော်ပြထားပါသည်။

Read more

ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘရာဇီးလ်က ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်၊ ထိပ်ဆုံး (၁၀) သင်း အပြောင်း အလဲမရှိ

 

မေလအတွက် ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ ဘရာဇီးလ် အသင်းက ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

(more…)


Read more

နိုင်ငံတွင်းသို့ မလေးရှားအိုင်အက်စ် တို့ စိမ့်ဝင်လာသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံတွင် လုံခြုံရေး သတိပေးချက် တိုးမြှင့်

ထိုင်းနိုင်ငံတောင်ပိုင်းသို့ အိုင်အက်အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော မလေးရှားနိုင်ငံသားတစ်ဦး ရောက်ရှိ လာကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ထိုင်းလုံခြုံရေး အေဂျင်စီများက လုံခြုံရေး သတိပေးချက်များ ထုတ်ပြန်ထားသည်။

(more…)


Read more

ဖလားသုံးလုံး လမ်းကြောင်းပေါ်ရှိ ဂျူဗင်တပ် စကူဒက်တို ဖလား စံချိန်တင် ဆွတ်ခူးနိုင်

ယမန်နေ့က ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ရှေ့တစ်လှမ်းတိုးခဲ့သော ဂျူဗင်တပ်သည် ယခုသီ တင်းပတ်ကုန် ရလဒ်များက မျက်နှာသာပေးပါက ယခင်ကမရှိခဲ့သော စကူဒက်တို ဖလားခြောက်ကြိမ် ဆက်ရရှိသွားနိုင်သည်။

(more…)


Read more

အာဆင်နယ်နှင့်ပွဲအတွက် ကစားသမားများကို အနားပေးထားမည် ဟု မော်ရင်ဟိုပြော

တနင်္ဂနွေနေ့တွင် အာဆင်နယ်အသင်းနှင့် သွားကစားရမည့် ပရီးမီးယားလိဂ်ပွဲအတွက်  ကစားသမားများကို အနားပေးထားမည်ဟု မန်ချက်စတာယူနိုက်တက် နည်းပြ မော်ရင်ဟိုက ပြောသည်။

(more…)


Read more

ချန်ပီယံလိဂ်ကနေ ရုပ်/သံနဲ့ ဆုကြေး ပေါင်သန်း(၆၀)ကျော် လက်စတာစီးတီး ရမယ်

ဒီရာသီချန်ပီယံလိဂ်မှာ အင်္ဂလန်အသင်းတွေထဲ ရလဒ်အကောင်းဆုံးဖြစ်ခဲ့တဲ့ လက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ငွေခွဲတမ်း ပေါင်(၆၆)သန်းနီးပါး ရမှာဖြစ်ပါတယ်။

(more…)


Read more