အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကွင်းဆင်းစည်းရုံး

 

ရန်ကုန်မြောက်ပိုင်းခရိုင်အင်းစိန် မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်း လှိုင်၊ အင်းစိန်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ရပ်ကွက်တာဝန်ခံနှင့် ရပ်ကျေးပါတီခေါင်းဆောင်များသည် ယမန်နေ့နံနက်ပိုင်းက အင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၂၁)ရပ်ကွက်သို့ အပိုင်းလိုက်အဖွဲ့ ၁၂ ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း ပါတီဝင်အိမ်များသို့ ပါတီဝင်များ တိုက်ဆိုင်စစ်ဆေးခြင်း၊ ပါတီ နှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီ ဝင်သစ်များ တိုးတက်ရရှိရေးတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေါ်သင်းသင်း လှိုင်(မြောက်ပိုင်းခရိုင် အင်းစိန်မြို့ နယ်တာဝန်ခံ)နှင့် အင်းစိန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ရပ်ကွက် တာဝန်ခံ၊ ရပ်ကျေးပါတီဝင်များ သည်အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် (၂)လမ်း ငါးခန်းတွဲတွင် ပါတီဝင် များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

Read more

မိုဆူးလ်မြို့၏ ၉၀ ရာခိုင်နှုန်းကျော်ကို အိုင်အက်စ်လက်မှ ပြန်ရဟု အီရတ် ပြော

အီရတ်နိုင်ငံ မိုဆူးလ်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို အိုင်အက်စ် အကြမ်းဖက်သမားတွေ လက်ကနေ ပြန်ရပြီလို့ အီရတ်အစိုးရ ပြောခွင့်ရက ဆိုပါတယ်။

(more…)


Read more

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ မင်းရွာအသင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များသည် ယခုလ ၁၂ရက် နံနက် ပိုင်းက မုတ္တမပင်လယ်ကွေ့အနီးရှိ မင်းရွာအသင်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ပါတီဝင်အင်အားစိစစ် ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံ ခြင်း၊ ပါတီဝင်သစ်များ စည်းရုံး ခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းရာတွင် သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်ဦးကျင်ဝင်း၊ ဦးသောင်း အေး၊ ဦးသိန်းအောင်တို့က မင်းရွာ အသင်းကျေးရွာအုပ်စုအတွင်းရှိ ပိုက်စည်းကျေးရွာ၊ ညွန့်ပေါင်း ကျေးရွာ၊ ခြောက်နံပါတ်ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ နှစ်ခွကျေး ရွာ၊ မရမ်းကျေးရွာများသို့ သွား ရောက်၍ ပါတီဝင်အင်အား စိစစ် ခြင်း၊ ပါတီဝင်ကြေးကောက်ခံရေး နှင့် ပါတီအင်အားဖြည့်တင်းခြင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ဆောင် ရွက်နိုင်ရေးဆောင်ရွက်ခဲ့ကြသည်။

Read more

လူငယ်ရေးရာအဖွဲ့မှကြီးမှူးပြုလုပ်သည့်ကိုယ်လုံပညာ(သိုင်းပညာ)ဖွင့်ပွဲကျင်းပ

 

မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလူငယ် ရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကိုယ်လုံပညာ(သိုင်းပညာ)သင်တန်း (၂/၂ဝ၁၇)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ဘဟဲ ကျေးရွာအခြေစိုက်စခန်း၌ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ မြို့နယ်လူငယ်ရေးရာ ဥက္ကဋ္ဌ ဦးစိုင်းမောင်မောင်ကျော်၊ စည်းမှူးနှင့် အဖွဲ့ဝင်များ၊ရပ်မိရပ်ဖ များ သင်တန်းဆရာနှင့်သင်တန်း သားများတက်ရောက်ခဲ့သည်။

Read more

လှိုင်သာယာပြည်ခိုင်ဖြိုးပါတီဝင်အင်အားကျစ်လျစ်ရေး ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်အင်အား ကျစ်လျစ်ခိုင်မာရေးအတွက် ပါတီဝင်အင်အားစိစစ်ရေး၊ ပါတီဝင်သစ်များ တိုးပွားရရှိရေး စည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက လှိုင်သာယာမြို့နယ် အမှတ်(၁၈)ရပ်ကွက်သို့ မြို့နယ်ပါတီဥက္ကဋ္ဌ(ယာယီ) ဦးဇေယျာအောင်၊ မြို့နယ်ပါတီကော်မတီဝင်(နယ်မြေတာဝန်ခံ)ဦးအောင်ကျော်မိုး၊ဦးမြင့်သိန်း၊ ဦးမောင်မောင်မြင့်၊ ရပ်ကွက်ပါတီဥက္ကဋ္ဌ ဒေါ်ထက်သီရိခိုင်နှင့်ပါတီဝင်များ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့မှ ကိုယ်စားလှယ်များကိုလက်ခံတွေ့ဆုံ

 

Read more

၂၁ ရာစုပင်လုံ ညီလာခံသို့ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ကို ဖိတ်ကြားမည်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် အပါအဝင် မြန်မာနိုင်ငံရှိ သံရုံးများမှ သံတမန် များကို ဖိတ်ကြားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ (more…)


Read more

NLD အစိုးရ၏ ငြိမ်းချမ်းရေး ဦးစားပေး မူဝါဒကို ဦးရဲထွဋ် ဝေဖန်

NLD အစိုးရက ငြိမ်းချမ်းရေးကို ပထမဦးစားပေးလုပ်ဆောင်နေခြင်းသည် ဦးစားပေးမှားယွင်းမှုပင်ဖြစ်ပြီး လက်ရှိ နိုင်ငံအတွင်းတွင် ငြိမ်းချမ်းရေးထက် စီးပွားရေ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မေလ ၁၄ ရက်နေ့၌  ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင် ပြုလုပ် ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဝေဖန်ပြောကြား လိုက်သည်။ (more…)


Read more

ဧပြီလအတွင်း မြန်မာကုန်သွယ်မှု လိုငွေ ဒေါ်လာသန်း သုံးရာကျော်ရှိ

ယခုဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့ မှ ၂၈ ရက်နေ့အထိ (တစ်လအတွင်း) ကုန်သွယ်မှု လိုငွေပမာဏသည် အမေရိကန်ဒေါ်လာ ၃၁၅ သန်းအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ် မှုကိန်းဂဏန်းများအရ သိရသည်။ (more…)


Read more

၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲစာရင်းများကို တစ်အိမ်တက်ဆင်း စနစ်ဖြင့် ပြန်လည် ကောက်ယူမည်

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းတွေဟာ ပြည့်စုံမှန်ကန်မှုမရှိသေးတဲ့အတွက် (၂၀၂၀) ပါတီစုံရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို (၂၀၁၈)ခုနှစ်မှာ ပြန်လည်ကောက် ယူဖို့ ပြင်ဆင်နေ တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ (more…)


Read more