ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) ၂/ ၂၀၁၇ ဖွင့်လှစ်

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ၂/၂၀၁၇ ကို နိုင်ငံတော် သီချင်းဖြင့် (7-11-2017) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ၂/၂၀၁၇ တွင် တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နိုင်ငံရေးစီမံခန်ခွဲမှု(ဆင့်ပွား)သင်တန်း ၂/၂၀၁၇ သင်တန်းသား များအား နံနက်စာ ကောက်ညှင်းပေါင်း ငါးခြောက်မီးကင်နှင့် ပဲပြုတ် ၊ ကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

Read more

စံချိန်တင် ဂိုးသွင်းရှင် အဖြစ် အဂွေရို ဂုဏ်ပြုဆု ချီးမြှင့်ခံရ

မန်စီးတီး အသင်း တိုက်စစ်မှူး အဂွေရိုဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ် အသင်းနှင့် အိမ်ကွင်း ပွဲစဉ် မတိုင်မီ အသင်းရဲ့ ဂိုးသွင်း အများဆုံး စံချိန် စံချိန်တင် ဂိုးသွင်းရှင် အဖြစ် ဂုဏ်ပြုဆု ပေးအပ်ခံရကြောင်း သိရပါတယ်။

Read more

နယူးယော့ခ်မာရသွန်တွင် နှစ်ပေါင်း(၄၀)အတွင်း အမေရိကန်အမျိုးသမီး ပထမဆုံးဗိုလ်စွဲ

ဆယ်စုနှစ်(၄)ခုကြာ နယူးယော့ခ်မာရသွန်(အမျိုးသမီး)ပြိုင်ပွဲမှာ အမေရိကန်တွေ အောင်မြင်မှု မရရှိခဲ့တာကို ဖလာနာဂန်ဆိုတဲ့ အမျိုးသမီးကချေဖျက်နိုင်ခဲ့ပါတယ်။

ဖလာနာဂန်ဟာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ(၂)နာရီ၊ (၂၆)မိနစ်နဲ့ (၅၃)စက္ကန့်မှာ(အတည်မပြုသေး) ပန်းဝင်ခဲ့ပြီး ဗိုလ်စွဲခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ကင်ညာနိုင်ငံသူ ကီတာနီကို တစ်မိနစ်၊ တစ်စက္ကန့်အသာနဲ့ အနိုင်ရခဲ့တာပါ။

Read more

အမေရိကန် လက်နက်များဖြင့် မြောက်ကိုရီးယား ဒုံးကျည်များကို ဂျပန် ပစ်ချနိုင်စွမ်းရှိဟု ထရမ့်ပြောကြား

အမေရိကန်ထံမှ ဝယ်ယူထားသည့် စစ်လက်နက်များ၏ အစွမ်းကြောင့် မြောက်ကိုရီးယား ဒုံးကျည်များကို ဂျပန်က ကြားဖြတ် ပစ်ချနိုင်စွမ်း ရှိလိမ့်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

Read more

လာမည့် MMA ပြိုင်ပွဲတွင် နိုင်ငံခြားသား ပြိုင်ဘက်နှင့် ယှဉ်ပြိုင်မည်ဟု မြန်မာ့လက်ဝှေ့ကျော် ဖိုးသော် ပြောကြား

မြန်မာ့လက်ဝှေ့လောကမှ ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံ MMA ပြိုင်ပွဲသို့ ပြောင်းရွှေ့လာသော မြန်မာ့လက်ဝှေ့ ကျော် ဖိုးသော်သည် လာမည့် MMA ပြိုင်ပွဲတွင် နိုင်ငံခြားသား ပြိုင်ဘက်နှင့် ယှဉ်ပြိုင်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ”ကျွန်တော် နိုင်ငံခြားသားနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဒီထက်ပိုပြီး ကြိုးစားရဦးမယ်။ နိုင်ငံခြားသား ပြိုင်ဘက်တွေက သူတို့မှာ စက်ပစ္စည်းတွေနဲ့ လေ့ကျင့်မှုတွေက စဉ်ဆက်မပြတ် အကောင်းဆုံး ပြင်ဆင် ထားတာပါ။

Read more

ဗြိတိန်ဘုရင်မကြီး၏ ပြင်ပတွင် ရင်းနှီးမြှုပ်နှံမှုများ အပါအ၀င် သြဇာကြီးသူများ၊ ချမ်းသာသူများ၏ ပြည်ပတွင် လျှို့ဝှက်ရင်းနှီးမြှုပ်နှံမှုများ ပေါက်ကြားခဲ့

ဗြိတိန်ဘုရင်မကြီး အလစ်ဇဘက်၏ ပုဂ္ဂလိက အိမ်ခြံမြေလုပ်ငန်း Duchy of Lancaster က အခွန်သက်သာသော ပြည်ပနေရာများတွင် အမြောက်အမြား သွားရောက်ရင်းနှီးမြှုပ်နှံထား ကြောင်း ဘဏ္ဍာရေး အထောက်အထားများ ပေါက်ကြားမှု Paradise Papers က ဖော်ထုတ်ခဲ့သည်။

Read more

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ နိုင်ငံရေးလောကထဲ ပြန်ဝင်လာဖွယ်ရှိနေ

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီသည် ယခုအခါ နိုင်ငံရေး လောကထဲ တကျော့ပြန် ဝင်ရောက်ရန် ပြင်ဆင်နေပြီဟု သိရသည်။

ဆစ္စလီကျွန်းတွင် ၎င်းထောက်ခံသည့် ညွန့်ပေါင်းပါတီ အသိုက်အဝန်းတစ်ခု ဒေသခံ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ဘာလူစကိုနီ အနေဖြင့် အီတလီ နိုင်ငံရေးတွင် ပြန်လည် ခြေချလာဖွယ် ရှိနေကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာသည်။

Read more

ဆော်ဒီအစိုးရက ဟူသီ သူပုန်ခေါင်းဆောင် ၄ဝ အား ဆုကြေးငွေထုတ်ပြန်ကြေညာ

ယီမင်နိုင်ငံရှိ ဟူသီစစ်သွေးကြွသူပုန်အဖွဲ့၏ ခေါင်းဆောင် ၄ဝ ၏ သတင်းအချက်အလက်များအား ပေးပို့နိုင်ပါက အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ခန့်ကို ဆုကြေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အစိုးရက ယမန်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း ဒေသတွင်း သတင်းအေဂျင်စီက ပြောသည်။

အဆိုပါ သူပုန်ခေါင်းဆောင်များအား ဖမ်းဆီးမှုပြုလုပ်နိုင်ရန် ယင်းခေါင်းဆောင် များတည်ရှိရာနေရာကို သတင်းပေးနိုင်သူများအား ဆုကြေးငွေပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Read more

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး မွန်ပြည်နယ် မျိုးဆက်သစ်လူငယ်များ ​တွေ့ ဆုံဆွေးနွေးပွဲသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် (၇.၁၁.၂၀၁၇ ) ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ် ပြည်ခိုင်ဖြိုး မျိုးဆက်သစ်လူငယ်များ တွေ့ ဆုံပွဲအခမ်းအနားသို့  တက် ရောက်ပြီး လူငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လမ်းညွန် အမှာစကား ပြောကြားပေးခဲ့ကြောင်းသိရပါသည်။


Read more

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေးပွဲ ကျင်းပ

 

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေးပွဲအခမ်းအနားကို ၅.၁၁.၂၀၁၇ ရက်နေ့တွင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။

မြို့နယ်ပါတီဥက္ကဌ ဦးခင်ဇာမောင်မှ ပုံမှန်အစည်းအဝေး တက်ရောက်လာကြသော စည်းမှူးများ၊ ပါတီကော်မတီဝင်များ တင်ပြချက်နှင့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြီး လူငယ်များအား ဝတ်စုံများပေးအပ်ခဲ့ပါ သည်။

Read more