ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုက်နယ်အလိုက် အသီးသီး နယ်မြေကွင်းဆင်းဆောင်ရွက်

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီများသည် မိမိတို့တာဝန် ယူထားသော တိုက်နယ်အလိုက် အသီင်္းသီး နယ်မြေကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ ဒိုက်ပျက်တိုက်နယ်၊ တွဲဖက် တာဝန်ခံ ဦးသန်းဝင်းသည် သင်တောကရက်ကျေးရွာအုပ်စုသို့ ကွင်းဆင်းကာ ပါတီဝင်အင်အားကျစ်လစ်ခိုင်မာ ရေး၊ ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်နိုင်ရေးနှင့် ကျေးရွာလုံးကျွတ်ပါတီဝင် (၀ါ-စိမ်း-နီ) အဆင့် သတ်မှတ် ဆောင်ရွက်နိုင်ရေးကိစ္စများကို စည်းရုံးရေးမှူး၊ အမှုဆောင်များနှင့် ထိတွေ့ဆောင်ရွက်ခဲ့ပါသည်။

Read more

တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ (ဖလား) အပျော်တမ်းပိုင်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်မည့် ကွင်းသန့်ရှင်းရေးများ ဆောင်ရွက်

(၁၃-၁၁-၂၀၁၇) ရက်နေ နံနက်(၈)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဥိးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ၊ မြို့နယ်ကော်မတီဝင် ဥိးအောင်ဝင်း၊ ဦးစိုးကျော်အောင်၊ ဦးကျော်ငြိမ်းအောင်၊ ဦးခင်မောင်ထွန်းနှင့် ပါတီရုံးဝန်ထမ်းများ စုပေါင်း၍ တာချီလိတ် ခရိုင်/ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ (ဖလား) အပျော်တမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်မည့် ကွင်းသန့်ရှင်းရေးနှင့် ကွင်းဘေးသစ်ကိုင်းခုတ် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ပါသည်။

Read more

ကန်ကြီးထောင့်မြို့ အထကတွင် ကျင်းပသော (၉၇) နှစ်မြောက် အမျိုးသားနေ့အခမ်းအနား

13.11.2017 ရက်နေ့ ကန်ကြီးထောင့်မြို့ အထကကန်ကြီးထောင့်တွင် ကျင်းပသော (၉၇) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့်အတူ ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဌ ဦးသက်နိုင်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။

 


Read more

မုံရွာ ပြည်ခိုင်ဖြိုးပါတီ တွေဆုံပွဲ

မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲကို ၁၄.၇.၂၀၁၇ ရက်နေ့ နံနက် ၉း၀၀နာရီအချိန် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ရွှေဘိုခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ ရွှေဘို မြို့နယ် ၊ ဝက်လက်မြို့နယ် ၊ ရေဦးမြို့နယ် ၊ ခင်ဦးမြို့နယ်၊ တန့် ဆည်မြို့နယ် ၊ ဒီပဲယင်းမြို့နယ်တို့မှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးများနှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များ အင်အား (၈၀) ဦး တက်ရောက်ကြပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

Read more

ဖိလစ်ပိုင်က အာဆီယံ ဥက္ကဌတာဝန်အား စင်ကာပူသို့ လွှဲအပ်

 ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွက် အာဆီယံဥက္ကဌရာထူးအား အပြီးသတ်ပြီး နိုဝင်ဘာ ၁၄ ရက် ညနေတွင် စင်ကာပူသို့ တာဝန်လွှဲပြောင်းပေးအပ်သည်။

အာဆီယံခေါင်းဆောင်များ ရှေ့မှောက်တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အာဆီယံသင်္ကေတ အသေးစား တူအား စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းထံ ၂၀၁၈ အာဆီယံဥက္ကဌ ကိုယ်စားပြုမှုအဖြစ် ပေးအပ်သည်။

အာဆီယံဥက္ကဌရာထူးတာဝန်သည် အဖွဲ့ဝင် ဆယ်နိုင်ငံကြား နှစ်စဉ်အလှည့်ကျ ထမ်းဆောင်ကြခြင်းဖြစ်သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ၁၄.၁၁.၂၀၁၇ ရက်နေ့ ၁၂း၀၀ မှ ၁၄း၄၀ ထိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဦးမြင့်အေး၊ မြို့နယ်ကော်မတီဝင် ဦးဝင်းစိုးတို့နှင့် ကျေးရွာရှိပါတီဝင်များ၊ ရပ်မိရပ်ဖများ တွေ့ဆုံခဲ့ကြပါသည်။

၂၀၂၀ အောင်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင် အတည်ပြုကြပါသည်။ ကျွဲခရံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးရုံး ဆောက်လုပ်နိုင်ရန်အတွက် ဦးဘပိန် + ဒေါ်အောင်ကြည်မိသားစုမှ မြေယာကွက် လှူဒါန်းခဲ့ပါသည်။

Read more

သမ္မတ ထရမ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ မတက်ဘဲ ဖိလစ်ပိုင်မှ ထွက်ခွာ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မပါဘဲ ကျင်းပခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆွေးနွေးပွဲအစီအစဉ် ကြန့်ကြာနေတာကြောင့် ဆွေးနွေးပွဲမတက်ရောက်ဘဲ ဖိလစ်ပိုင်နိုင်ငံကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံနဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေ ပါဝင်တဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာ ဆန်သာ တက်ရောက်ခဲ့တာပါ။

Read more

အစိုးရ ရုပ်မြင်သံကြား ဌာနကို ထိန်းချုပ်ထားသော်လည်း အာဏာသိမ်းရန် မဟုတ်ဟု ဇင်ဘာဘွေစစ်တပ် ထုတ်ပြန်

နိုဝင်ဘာ ၁၅

ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီတွင် နိုဝင်ဘာ ၁၅ ရက် အစောပိုင်းက ကျယ်လောင်သော ပေါက်ကွဲသံများ၊ သေနတ်သံများ ထွက်ပေါ်နေခဲ့သည်ဟု သိရပြီး လမ်းများပေါ်တွင်လည်း သံချပ်ကာ ကားများနှင့် စစ်သားများ လှည့်လည်နေသည်ကို တွေ့နေရသည်ဟု သတင်းများအရ သိရသည်။

ယင်းနေ့ အစောပိုင်းနာရီများအတွင်းကလည်း စစ်တပ်က နိုင်ငံပိုင်အသံလွှင့်ဌာနကို ၀င်ရောက်သိမ်းပိုက်ကာ တိုက်ရိုက်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Read more

ဂျနီဗာတွင် ၁၆၃ ကာရက် စိန်ကြီးတစ်ပွင့်ကို ဒေါ်လာ ၃၃.၅ သန်းဖြင့် လေလံတင် ရောင်းချ

အနာအဆာကင်းသည့် ၁၆၃ ကာရက် စိန်ပွင့်ကြီးတစ်ခုကို လေလံတင် ရောင်းချရာ ဒေါ်လာ ၃၃.၅ သန်းထိ ရရှိခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ မြို့တော်တွင် Christie လေလံဌာန၏ လေလံပွဲ၌ ယင်းစိန်ကြီးကို ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ ရောစပ် အရောင်အဆင်း လုံးဝမရှိဘဲ ထောင့်မှန်စတုဂံပုံ သွေးထားသည့် စိန်ပွင့်ကြီးကို လည်ဆွဲဘယက် တစ်ခုနှင့် တွဲဖက်ထားသည်။

Read more

အာရှဖလား ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ၅၀-၅၀ သာ ဖြစ်ကြောင်း မြန်မာနည်းပြ ဂတ်ဇီဆီ ပြော

 နိုဝင်ဘာ ၁၅၊ ဂိုအာ

အိန္ဒိယအသင်းနှင့် ၂ ဂိုးစီသရေကျပြီးနောက်တွင် မြန်မာနည်းပြ ဂတ်ဇီဆီက မြန်မာအသင်းအနေဖြင့် အာရှဖလား ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး ၅၀-၅၀ သာရှိကြောင်း ပြောဆိုလိုက်သည်။

အိန္ဒိယနှင့်ပွဲတွင် ဦးဆောင်ဂိုးများသွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးခဲ့ရပြီး သရေကျခဲ့ရသည့်အတွက် မြန်မာနည်းပြ ဂတ်ဇီဆီမှာ မကျေမနပ်ဖြစ်လျက်ရှိသည်။ ပွဲအပြီးအတွင် ဂတ်ဇီဆီက မြန်မာတိုက်စစ်မှူးများ၏ အားနည်းမှုနှင့် ကစားသမားများ၏ ကြံ့ခိုင်မှု မပြည့်ဝခြင်းများကို ဝေဖန်ပြောကြားသွားခဲ့သည်။

Read more