ရာသီပြီးဆုံးဖို့ (၅)ပွဲအလိုမှာ ဒတ်ခ်ျလိဂ်ချန်ပီယံဆုကို PSV အသင်း ဆွတ်ခူး

ရာသီပြီးဆုံးဖို့ (၅)ပွဲအလိုမှာ ဒတ်ခ်ျလိဂ်ချန်ပီယံဆုကို PSV အသင်း ဆွတ်ခူး
==========================
PSV အသင်းက ရာသီပြီးဆုံးဖို (၅)ပွဲအလိုမှာပဲ ဒတ်ခ်ျလိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။

အခုတစ်ပတ်ယှဉ်ပြိုင်ကစားခဲ့တဲ့ နယ်သာလန်အမှတ်ပေးပြိုင်ပွဲရဲ့ ပွဲစဉ်(၂၉)မှာ PSV အသင်းက အနိုင်ရခဲ့ပြီး အနီးဆုံးပြိုင်ဘက် ဖီယင်နုအသင်းက သရေကျခဲ့တာကြောင့် (၅)ပွဲအလိုမှာပဲ ချန်ပီယံဆုအတွက် အဖြေပေါ်သွားခဲ့တာဖြစ်ပါတယ်။

Read more

ရုရှားတွင် တယ်လီဂရမ်ကိုထိန်းချုပ်မှုကြောင့် လုပ်ငန်းရှင်များအခက်တွေ့

ရုရှားတွင် တယ်လီဂရမ်ကိုထိန်းချုပ်မှုကြောင့် လုပ်ငန်းရှင်များအခက်တွေ့
—————————-
ရုရှားမှာ လူသုံးများတဲ့ စာတိုပေးပို့ရေးအက်ပ် Telegram ကို တင်းကျပ်စွာ ထိန်းချုပ်လာမှုကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အသုံးပြုသူတွေ အခက်တွေ့နေရတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။
အဲဒီလိုလုပ်ဆောင်မှုမှာ တင်းကျပ်တဲ့ ဒေတာဥပဒေတွေကို ပြဋ္ဌာန်းဖို့နဲ့ အသုံးပြုသူတွေကို နိုင်ငံတော်ကထိန်းချုပ်ထားတဲ့ ပလက်ဖောင်းတွေဆီကို ပို့ဆောင်တဲ့ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူအများအတွက် မလွယ်ကူတဲ့ အပြောင်းအလဲတစ်ခုလည်းဖြစ်လာပါတယ်။ ရုရှားရှိ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုမီဒီယာအသုံးပြုသူ သန်းပေါင်းများစွာဟာ အာဏာပိုင်တွေရဲ့ဒစ်ဂျစ်တယ်ကဏ္ဍကို ထိန်းချုပ်တင်းကျပ်လာတာနဲ့ အမျှ မရေမရာမှုတွေတိုးပွားလာနေပါတယ်။

Read more

ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ နိုင်ငံတွင် မြန်မာနိုင်ငံမှခုနစ်မြို့ပါဝင်

ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ နိုင်ငံတွင် မြန်မာနိုင်ငံမှခုနစ်မြို့ပါဝင်
===========================
ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှမြို့ခုနစ်မြို့ပါဝင်ကြောင်း နိုင်ငံတကာမိုးလေဝသသတင်းအချက်အလက်များကိုနေ့စဉ်ဖော်ပြသည့် El Dorado Weather ၏ ဧပြီ ၆ ရက် ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မြို့များမှာ မကွေးတိုင်းရှိ ချောက်၊ မင်းဘူးနှင့်မကွေးမြို့၊ စစ်ကိုင်းတိုင်းရှိ မုံရွာ၊ရွှေဘိုနှင့် စစ်ကိုင်းမြို့၊ မန္တလေးတိုင်းရှိ မန္တလေးမြို့တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Read more

ဥရောပဒေသ တစ်ဝန်းတွင် ဒီဇယ်ဆီဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်

ဥရောပဒေသ တစ်ဝန်းတွင် ဒီဇယ်ဆီဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်
==============================
အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ဖြစ်ပွားချိန်မှစ၍ ဥရောပဒေသတစ်ဝန်းတွင် ဒီဇယ်ဆီဈေးနှုန်းသည် ၃၀ ရာခိုင်နှုန်းကျော်မြင့်တက် လာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဥရောပတစ်ဝန်း၌ အီစတာအားလပ်ရက် ကာလအတွင်း ဒီဇယ်ဆီ လိုအပ်ချက်မှာ မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး လောင်စာဆီဆိုင်များတွင်လည်း မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

Read more

ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

===================

Read more

အလွန်အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံ

အလွန်အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံ
==============================
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဧပြီလ ၄ ရက်က ပြင်းထန်သော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး လေထုညစ်ညမ်းမှုမှာ အလွန်အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိနေကြောင်းသိရသည်။

အဆိုပါမြို့ မဲရိမ်းခရိုင်ရှိ နခွန်ပင်းဆေးရုံ၌ ဒေသစံတော်ချိန် နံနက် ၉ နာရီအချိန်တိုင်းတာရရှိသော လေထုညစ်ညမ်းမှုပမာဏမှာ တစ်ကုဗမီတာလျှင် ၄၀၉ မိုက်ခရိုဂရမ်အထိမြင့်တက်လာခဲ့ရာ ယင်းပမာဏမှာ လူသားများ၏ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိသောအဆင့်ဖြစ်သည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

Read more

ပရီးမီးယားလိဂ် တစ်လတာနည်းပြဆုကို ရှစ်ကြိမ်မြောက်ဆွတ်ခူးတဲ့ အာတေတာ

ပရီးမီးယားလိဂ် တစ်လတာနည်းပြဆုကို ရှစ်ကြိမ်မြောက်ဆွတ်ခူးတဲ့ အာတေတာ
================================
အာဆင်နယ်အသင်းနည်းပြ အာတေတာက မတ်လအတွက် အကောင်းဆုံးနည်းပြဆု ဆွတ်ခူးပြီး ဆဋ္ဌမမြာက်အများဆုံး ဖြစ်လာခဲ့ပါတယ်။ အာတေတာအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ဒီဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အာတေတာဟာ မာတင်အိုနေးလ်၊ ဟာရီရက်နက်ပ်တိုနဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ သူတိုအထက်မှာ ဆာအဲလက်စ်ဖာဂူဆန်က ၂၇ ကြိမ်၊ အာစင်ဗင်းဂါးက ၁၅ ကြိမ်၊ ဂွါဒီယိုလာက ၁၂ ကြိမ်၊ ဒေးဗစ်မွိက်စ်က ၁၁ ကြိမ်၊
ယာဂန်ကလော့ပ်က ၁၀ ကြိမ်နဲ့ ရပ်တည်နေပါတယ်။ အာတေတာရဲ့အာဆင်နယ်အသင်းဟာ မတ်လအတွင်းပွဲတွေမှာ ချယ်လ်ဆီး၊ ဘရိုက်တန်၊ အဲဗာတန်စတဲ့ သုံးပွဲစလုံး အနိုင်ရခဲ့ပါတယ်။ အာတေတာဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းနည်းပြ ဖြစ်လာပြီးနောက် ဒီကာလအတွင်း အခုဆုကို အကြိမ်အများဆုံး ရရှိထားသူလည်းဖြစ်ပါတယ်။

Read more

ONE FF-150 ပွဲစဉ်တွင် ထိုင်းဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဆလိုင်းထန်ကွီရှိန်း

ONE FF-150 ပွဲစဉ်တွင် ထိုင်းဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဆလိုင်းထန်ကွီရှိန်း
=======================
လာမည့် ဧပြီ(၁၀)ရက်တွင် ကျင်းပပြုလုပ်မည့် ONE FF – 150 ပွဲစဉ်တွင် ချင်းတိုင်းရင်းသား ရိုးရာဖိုက်တာ ဆလိုင်းထန်ကွီရှိန်းနှင့် ထိုင်းဖိုက်တာ Chokdee တို ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကြောင်း ONE က တရားဝင်ထုတ်ပြန်ထားသည်။

Read more

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်၌ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်၌ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ
=====================
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် လေကြောင်းလိုင်းပြေးဆွဲမှုများကို ဖေဖော်ဝါရီလ၂၁ ရက်မှစတင်၍ ရပ်နားထားခဲ့ရာမှ ပြီလ၄ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင် လေကြောင်းလိုင်းများ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

Read more