အမေရိကန်လေယာဉ်နှင့် ရဟတ်ယာဉ်များကို ထပ်မံပစ်ချနိုင်ခဲ့ကြောင်း အီရန်ကြေညာ၊ ဟော်မုဇ်ရေလက်ကြား ‘ရာဇသံ’ အချိန်စေ့ရန် နီးကပ်လာ

အမေရိကန်လေယာဉ်နှင့် ရဟတ်ယာဉ်များကို ထပ်မံပစ်ချနိုင်ခဲ့ကြောင်း အီရန်ကြေညာ၊ ဟော်မုဇ်ရေလက်ကြား ‘ရာဇသံ’ အချိန်စေ့ရန် နီးကပ်လာ
====================
အမေရိကန်ပိုင် C-130 သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်းနှင့် Black Hawk ရဟတ်ယာဉ် နှစ်စင်းတို့ကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်ဘက်က ကြေညာလိုက်သည်။ ဤထုတ်ပြန်ချက်သည် ပျောက်ဆုံးနေသော F-15E တိုက်လေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့ပြီး “ဘေးကင်းလုံခြုံစွာ ရှိနေပြီ” ဟု သမ္မတထရန့် ပြောကြားပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ် သည်။
လာမည့် တနင်္လာနေ့တွင် အီရန်အနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် မရယူဘဲ ဟော်မုဇ်ရေလက် ကြားကို ပြန်မဖွင့်ပါက အီရန်အပေါ် “ငရဲမီးများ” (All Hell) ကျရောက်စေမည်ဟု သမ္မတထရန့်က ပြင်းထန်စွာ သတိပေးထားသည်။ တီဟီရန်ဘက်ကမူ ဤရာဇသံကို “ကိုးကိုးကန်ကန်နှင့် စိုးရိမ်တကြီးဖြစ်နေသော လုပ်ရပ်” အဖြစ် ပယ်ချခဲ့သည်။

Read more

ဂျပန်ဖိုက်တာနဲ့ ချန်ပီယံကာကွယ်ပွဲထိုးသတ်ရမယ့် ဂျိုရှုအာဗန်

ဂျပန်ဖိုက်တာနဲ့ ချန်ပီယံကာကွယ်ပွဲထိုးသတ်ရမယ့် ဂျိုရှုအာဗန်
=================
ဧပြီ ၁၁ ရက်(မြန်မာစံတော်ချိန် ဧပြီ ၁၂ ရက်)တွင် အမေရိကန်နိုင်ငံ မိုင်ယာမီ မြို့၌ ကျင်းပမည့် UFC 327 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ပါဝင်လာမည် ဖြစ်ပြီး ဂျပန်ဖိုက်တာ တက်ဆုရိုတီအီရိုနှင့် ထိုးသတ်ရမည်ဖြစ်သည်။

Read more

မဟာသင်္ကြန်ကာလတွင် မြန်မာ့မီးရထားမှ အထူးရထားများ တိုးချဲ့ပြေးဆွဲမည်

မဟာသင်္ကြန်ကာလတွင် မြန်မာ့မီးရထားမှ အထူးရထားများ တိုးချဲ့ပြေးဆွဲမည်
==========================
ဧပြီ-၃

မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် မြန်မာ့မီးရထားက ပုံမှန်ရထားများအပြင် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များမှာ ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် လမ်းပိုင်းများ ဖြစ်သည်။ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် အဆန်/အစုန် အထူး DEMU (စပိန်) ရထားများ ပြေးဆွဲမည်ဖြစ်သည်။

Read more

မြစ်ကြီးနားမြိုကို ဧပြီ ၄ ရက်မှစ၍ ပြည်တွင်းလေ ကြောင်းလိုင်းများပြန်လည်ပြေးဆွဲမည်

မြစ်ကြီးနားမြိုကို ဧပြီ ၄ ရက်မှစ၍ ပြည်တွင်းလေ ကြောင်းလိုင်းများပြန်လည်ပြေးဆွဲမည်
=========================
ယာယီပိတ်ထားသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုရှိ မြစ်ကြီးနားလေဆိပ်သို ပြည်တွင်းလေကြောင်းလိုင်းများမှ ဧပြီ ၄ ရက်မှစတင်၍ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် ပူတာအိုမြိုရှိ ပူတာအိုလေဆိပ်သိုလည်း ဧပြီ ၅ ရက်မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများမှ ပြန် လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read more

မောင်းသူမဲ့ ကုန်တင်ယာဉ်မောင်းနှင် ပြေးဆွဲသည့် စင်္ကြံလမ်းမကြီးကို ရုရှားစတင်ဖွင့်လှစ်

မောင်းသူမဲ့ ကုန်တင်ယာဉ်မောင်းနှင် ပြေးဆွဲသည့် စင်္ကြံလမ်းမကြီးကို ရုရှားစတင်ဖွင့်လှစ်
==============================
ရုရှားနိုင်ငံသည် စိန့်ပီတာစဘာ့၊ မော်စကိုနှင့် ကာဇန်စသည့်မြို့ကြီးများကို ဆက်သွယ် ပေးထားသည့် စင်္ကြံလမ်းမကြီးဖြစ်သော M-12 Vostok အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် မောင်းသူမဲ့ကုန်တင်ယာဉ် မောင်းနှင်ပြေးဆွဲခြင်းလုပ်ငန်းများကို စတင်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံးက မတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။

Read more

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်
===================
မြဝတီ-ကော့ကရိတ် အာရှလမ်း၌ ၂နှစ်ကြာ ပိတ်ထားခံရပြီး ဧပြီ ၂ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်လိုက်ရာ ခရီးသယ်ကား ဆိုင်ကယ်များအစီးရေ ငါးရာခန့်အထိ သွားလာနေကြောင်း သိရပြီး မြဝတီမှ ကော့ကရိတ်ထိ သွားလာခဲ့သည့် ယာဉ်မောင်းများပြောကြားချက်အရ အဆင်ပြေပြေသွား၍ရကြောင်း သိရသည်။

Read more

စပါးအသင်းက နည်းပြသစ်အဖြစ် ဒီဇာဘီအား ငါးနှစ်စာချုပ်ဖြင့်ခန့်အပ်

စပါးအသင်းက နည်းပြသစ်အဖြစ် ဒီဇာဘီအား ငါးနှစ်စာချုပ်ဖြင့်ခန့်အပ်
===========================
စပါးအသင်းက နည်းပြတူဒေါနှင့် လမ်းခွဲပြီး နောက် လစ်လပ်နေသည့်နည်းပြရာထူးအတွက် နည်းပြသစ်အဖြစ် ဒီဇာဘီအား ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်နိုင်ခဲ့ကြောင်း သိရသည်။

စပါးအသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်များ ဆက်တိုက်ဆိုးရွားနေသည့်အတွက် နည်းပြသောမက်ဖရန့်ကို ထုတ်ပယ်ပြီးနောက် ရာသီကုန်အထိ နည်းပြအဖြစ် တူဒေါအား ခန့်အပ်ခဲ့ သော်လည်း အသင်းအနေဖြင့် နည်းပြတူဒေါလက် အောက်တွင်လည်း ရလဒ်များဆက်လက်ဆိုးရွားနေ ပြီး တန်းဆင်းဇုန်ဖိအားများရှိလာ၍ ပြီးခဲ့သည့်ရက် ပိုင်းက နည်းပြတူဒေါအား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

Read more

အင်ဒိုနီးရှားတွင် ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်

အင်ဒိုနီးရှားတွင် ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်
=====================
ဧပြီ-၂

အင်ဒိုနီးရှားနိုင်ငံ၊ Ternate ကျွန်းအနီး Molucca ပင်လယ်တွင် ဧပြီ ၂ ရက် နံနက်ပိုင်း၌ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း Aisa One သတင်းတွင် ဖော်ပြသည်။ ငလျင်ကြောင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပီး အင်ဒိုနီးရှား Metro TV ၏ ဖော်ပြချက်အရ Manado ဒေသတွင် အပျက်အစီးများကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။

Read more

အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ (၃)ကြိမ်ဆက်လွဲချော်ခဲ့

အီတလီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ (၃)ကြိမ်ဆက်လွဲချော်ခဲ့
======================
အီတလီလက်ရွေးစင်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs အဆင့်ဗိုလ်လုပွဲမှာ ဘော့စနီးယားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ်ဆက် ခြေစစ်ပွဲမအောင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အီတလီနဲ့ ဘော့စနီးယားတိုဟာ ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားရမှာလည်း ဂိုးထပ်မသွင်းနိုင်တဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဘော့စနီးယားအသင်းက (၄-၁)ဂိုးနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်တစ်နေရာ ရယူသွားခဲ့တာပါတယ်။

Read more

ခွင့်ပြုစာရင်းဝင် မိုဘိုင်းဖုန်း (Handset) များအတွက် အခွန်ပေးဆောင်ရန်မလိုအပ်ကြောင်းနှင့် IMEI Paid ပြုလုပ်နိုင်ရေးလုပ်ငန်းစဉ် ထုတ်ပြန်

ခွင့်ပြုစာရင်းဝင် မိုဘိုင်းဖုန်း (Handset) များအတွက် အခွန်ပေးဆောင်ရန်မလိုအပ်ကြောင်းနှင့် IMEI Paid ပြုလုပ်နိုင်ရေးလုပ်ငန်းစဉ် ထုတ်ပြန်
====================
အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို အခွန်ပေးဆောင်ရန်မလိုဘဲ CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) တွင် ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထားပြီး မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ၏ SIM Slot အားလုံးတွင် SIM Card (MPT ၊ ATOM U9 ၊ Mytel) များ ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် အသိပေးကြေညာထားရှိပြီးဖြစ်သည်။

Read more