ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းပညာသင်ကြားနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းပညာသင်ကြားနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၃၀
ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းပညာသင်ကြားနိုင်ရေးအတွက် လွှတ်တော်အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်သို လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြိုနယ် အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုပြင် လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုသည့်နေရာ၊ ပြည်သူ့အသံကို ဖော်ဆောင်ပေးသည့်နေရာဖြစ်သဖြင့် ဒေသ၏ ပညာရေးကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်သို တင်ပြဆောင်ရွက်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။



