ထိုင္းေရာက္ ေ႐ႊ႕ေျပာင္းျမန္မာလုပ္သားအခ်ိဳ႕အား ေအာက္တိုဘာ ၁၀ ရက္မွစတင္၍ စီအိုင္စာအုပ္ ထုတ္ေပးမည္

ထိုင္းေရာက္ ေ႐ႊ႕ေျပာင္းျမန္မာလုပ္သားအခ်ိဳ႕အား ေအာက္တိုဘာ ၁၀ ရက္မွစတင္၍ စီအိုင္စာအုပ္ ထုတ္ေပးမည္
================================
ထိုင္းႏိုင္ငံေရာက္ ပန္းေရာင္ကတ္ (ေခၚ) ဘတ္႐ိုက္ထားသည့္ ေ႐ႊ႕ေျပာင္းျမန္မာလုပ္သားမ်ားကိုလာမည့္ ေအာက္တိုဘာ ၁၀ ရက္မွစတင္၍ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္(CI) စာအုပ္မ်ား ထပ္မံထုတ္ေပးေတာ့မည္ျဖစ္ေၾကာင္း ထိုင္းအစိုးရ အလုပ္သမား ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရန္အတြက္ ျမန္မာအလုပ္ သမားဝန္ႀကီးဌာနမွ တာဝန္ရွိသူ ၃၁ ဦးကို ေအာက္တိုဘာ ၈ ရက္တြင္ ထိုင္းႏိုင္ငံသို႔ လာေရာက္လုပ္ကိုင္ခြင့္ ျပဳထားေၾကာင္း သိရသည္။
CI စခန္း (CI Centers) မ်ားကို စမြတ္စခြန္၊ စမြတ္ပရာကန္၊ ဆူရတ္ဌာနီ၊ခ်င္းမိုင္ႏွင့္ ခြၽန္ဘူရီ စသည့္ ခ႐ိုင္။ျပည္နယ္ငါးခု၌ ျပန္လည္ဖြင့္လွစ္ ေပးသြားမည္ျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁၇ ရက္မွ ဩဂုတ္ ၁၇ ရက္အထိ CI စာအုပ္မ်ား ထုတ္ေပးခဲ့ေၾကာင္း သိရသည္။
ထိုင္းအစိုးရသည္ ႏိုင္ငံအတြင္းရွိေနသည့္ အေထာက္အထားမဲ့ ျမန္မာ၊လာအို၊ ဗီယက္နမ္ႏွင့္ ကေမာၻဒီးယား ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို ေနထိုင္၊လုပ္ကိုင္ခြင့္ျပဳသည့္ ေ႐ႊ႕ေျပာင္းလုပ္သားသက္ေသခံကတ္ (ေခၚ) ဘတ္ကတ္မ်ားကို ႏွစ္စဥ္နီးပါး ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားအချို့အား အောက်တိုဘာ ၁၀ ရက်မှစတင်၍ စီအိုင်စာအုပ် ထုတ်ပေးမည်
================================
ထိုင်းနိုင်ငံရောက် ပန်းရောင်ကတ် (ခေါ်) ဘတ်ရိုက်ထားသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများကိုလာမည့် အောက်တိုဘာ ၁၀ ရက်မှစတင်၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်များ ထပ်မံထုတ်ပေးတော့မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်သမား ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် မြန်မာအလုပ် သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ ၃၁ ဦးကို အောက်တိုဘာ ၈ ရက်တွင် ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။
CI စခန်း (CI Centers) များကို စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ချင်းမိုင်နှင့် ချွန်ဘူရီ စသည့် ခရိုင်။ပြည်နယ်ငါးခု၌ ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှ ဩဂုတ် ၁၇ ရက်အထိ CI စာအုပ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရသည် နိုင်ငံအတွင်းရှိနေသည့် အထောက်အထားမဲ့ မြန်မာ၊လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများကို နေထိုင်၊လုပ်ကိုင်ခွင့်ပြုသည့် ရွှေ့ပြောင်းလုပ်သားသက်သေခံကတ် (ခေါ်) ဘတ်ကတ်များကို နှစ်စဉ်နီးပါး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။




