ဂ်ိဳကိုဗစ္က China Open အမ်ိဳးသားတစ္ဦးခ်င္း ခ်န္ပီယံဆုကို ၇ ႀကိမ္ေျမာက္ ဆြတ္ခူး

ဂ်ိဳကိုဗစ္က China Open အမ်ိဳးသားတစ္ဦးခ်င္း ခ်န္ပီယံဆုကို ၇ ႀကိမ္ေျမာက္ ဆြတ္ခူး
===================

တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕တြင္ ေအာက္တိုဘာ ၆ ရက္က ယွဥ္ၿပိဳင္ခဲ့သည့္ China Open တင္းနစ္ၿပိဳင္ပြဲ အမ်ိဳးသားတစ္ဦးခ်င္းပြဲစဥ္၌ ဝါရင့္ ဆားဘီးယားတင္းနစ္ကစားသမား ႏိုဗက္ ဂ်ိဳကိုဗစ္က ယခုၿပိဳင္ပြဲ၌ ၎၏ ၇ ႀကိမ္ေျမာက္ ခ်န္ပီယံဆုဖလားကို ဆြတ္ခူးခဲ့ပါသည္။

၂၀၀၉ ႏွင့္ ၂၀၁၀ ခုႏွစ္တြင္လည္းေကာင္း၊ ၂၀၁၂ မွ ၂၀၁၅ ခုႏွစ္အထိလည္းေကာင္း China Open ခ်န္ပီယံျဖစ္ခဲ့သည့္ ဂ်ိဳကိုဗစ္မွာ ယခုၿပိဳင္ပြဲတြင္ ၎၏အေကာင္းဆုံးစံခ်ိန္ကို ဆက္လက္ထိန္းထားႏိုင္ခဲ့သည္။ ၂၄ ႀကိမ္တိုင္တိုင္ ဂရင္းစလင္း ခ်န္ပီယံျဖစ္ခဲ့သည့္ ဂ်ိဳကိုဗစ္သည္ ကြာတားဖိုင္နယ္ပြဲစဥ္၌ ဂ်ာမနီႏိုင္ငံမွ အလက္ဇန္းဒါး ဇဲဗရက္ဗ္ (ဆီဒင္-၁) ကို ေနာက္မွလိုက္ကစားကာ အႏိုင္ရရွိခဲ့သလို ဆီမီးဖိုင္နယ္တြင္ ပြဲစဥ္၌လည္း ႐ုရွားႏိုင္ငံမွ ဒါနီလ္ မက္ဗီဒက္ဗ္ (ဆီဒင္-၃) မွာ ေနာက္မွလိုက္ကစားေနရခ်ိန္ ၿပိဳင္ပြဲမွထုတ္ပယ္ခံရသည့္အတြက္ ဂ်ိဳကိုဗစ္အေနျဖင့္ ဗိုလ္လုပြဲသို႔ တက္ေရာက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ဗိုလ္လုပြဲတြင္ အသက္ ၂၇ ႏွစ္အ႐ြယ္ အဲလက္စ္ ဒီမေနာ္ယာႏွင့္ ယွဥ္ၿပိဳင္ခဲ့ရာ ဂ်ိဳကိုဗစ္က ပထမပြဲလတ္တြင္ ၇-၆ (၃) ျဖင့္ အႏိုင္ရရွိခဲ့သည္။ ၾသစေၾတးလ်ကစားသမားမွာ ဒုတိယပြဲလတ္တြင္ ၁-၀ ျဖင့္ ဦးေဆာင္ေနစဥ္ ဘယ္ဘက္ေပါင္ၿခံႂကြက္သား ဒဏ္ရာေၾကာင့္ ဆက္လက္ကစားႏိုင္ျခင္း မရွိေတာ့သျဖင့္ အရႈံးေပးခဲ့ရသည္။ ယခုအႏိုင္ရလဒ္ေၾကာင့္ ဂ်ိဳကိုဗစ္အေနျဖင့္ China Open တြင္ ၃၄ ပြဲဆက္ ႏိုင္ပြဲရရွိခဲ့ၿပီျဖစ္သလို အဆိုပါ ဆားဘီးယားၾကယ္ပြင့္အေနျဖင့္ ၎ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ China Open ၿပိဳင္ပြဲ ခုနစ္ႀကိမ္စလုံးတြင္လည္း ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့သည္။ Xinhua


ဂျိုကိုဗစ်က China Open အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုကို ၇ ကြိမ်မြောက် ဆွတ်ခူး
===================

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အောက်တိုဘာ ၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်၌ ဝါရင့် ဆားဘီးယားတင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်က ယခုပြိုင်ပွဲ၌ ၎င်း၏ ၇ ကြိမ်မြောက် ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့ပါသည်။

၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်တွင်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိလည်းကောင်း China Open ချန်ပီယံဖြစ်ခဲ့သည့် ဂျိုကိုဗစ်မှာ ယခုပြိုင်ပွဲတွင် ၎င်း၏အကောင်းဆုံးစံချိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။ ၂၄ ကြိမ်တိုင်တိုင် ဂရင်းစလင်း ချန်ပီယံဖြစ်ခဲ့သည့် ဂျိုကိုဗစ်သည် ကွာတားဖိုင်နယ်ပွဲစဉ်၌ ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ် (ဆီဒင်-၁) ကို နောက်မှလိုက်ကစားကာ အနိုင်ရရှိခဲ့သလို ဆီမီးဖိုင်နယ်တွင် ပွဲစဉ်၌လည်း ရုရှားနိုင်ငံမှ ဒါနီလ် မက်ဗီဒက်ဗ် (ဆီဒင်-၃) မှာ နောက်မှလိုက်ကစားနေရချိန် ပြိုင်ပွဲမှထုတ်ပယ်ခံရသည့်အတွက် ဂျိုကိုဗစ်အနေဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲတွင် အသက် ၂၇ နှစ်အရွယ် အဲလက်စ် ဒီမနော်ယာနှင့် ယှဉ်ပြိုင်ခဲ့ရာ ဂျိုကိုဗစ်က ပထမပွဲလတ်တွင် ၇-၆ (၃) ဖြင့် အနိုင်ရရှိခဲ့သည်။ သြစတြေးလျကစားသမားမှာ ဒုတိယပွဲလတ်တွင် ၁-၀ ဖြင့် ဦးဆောင်နေစဉ် ဘယ်ဘက်ပေါင်ခြံကြွက်သား ဒဏ်ရာကြောင့် ဆက်လက်ကစားနိုင်ခြင်း မရှိတော့သဖြင့် အရှုံးပေးခဲ့ရသည်။ ယခုအနိုင်ရလဒ်ကြောင့် ဂျိုကိုဗစ်အနေဖြင့် China Open တွင် ၃၄ ပွဲဆက် နိုင်ပွဲရရှိခဲ့ပြီဖြစ်သလို အဆိုပါ ဆားဘီးယားကြယ်ပွင့်အနေဖြင့် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် China Open ပြိုင်ပွဲ ခုနစ်ကြိမ်စလုံးတွင်လည်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။ Xinhua