အိႏၵိယေလတပ္စစ္ေရးေလ့က်င့္မႈတြင္ အေမရိကန္ F-35 တိုက္ေလယာဥ္မ်ား ပထမဆုံးအႀကိမ္ပါဝင္

အိႏၵိယေလတပ္စစ္ေရးေလ့က်င့္မႈတြင္ အေမရိကန္ F-35 တိုက္ေလယာဥ္မ်ား ပထမဆုံးအႀကိမ္ပါဝင္
======================
အေမရိကန္၏ F-35 တိုက္ေလယာဥ္မ်ားသည္ အိႏၵိယႏိုင္ငံက အိမ္ရွင္အျဖစ္က်င္းပသည့္ Tarang Shakti 2026 အမည္ရွိေလတပ္စစ္ေရးေလ့က်င့္မႈတြင္ ပထမဆုံးအႀကိမ္ပါဝင္ေၾကာင္းသိရသည္။ အဆိုပါေလ့က်င့္မႈကို ပါကစၥတန္နယ္စပ္အနီး ရာဂ်က္စသန္ျပည္နယ္ ဂ်ိဳပူၿမိဳ႕ရွိ အိႏၵိယေလတပ္စခန္း၌ ျပဳလုပ္ေနျခင္းျဖစ္သည္။
အေမရိကန္ေလတပ္က F-35 တိုက္ေလယာဥ္ ေျခာက္စင္းႏွင့္ စစ္ဘက္ဝန္ထမ္း ၂၀၀ ေက်ာ္ေစလႊတ္ထားၿပီး အိႏၵိယေလတပ္၏ Su-30MKI၊ Rafale ႏွင့္ ျပည္တြင္းထုတ္ Tejas တိုက္ေလယာဥ္မ်ားႏွင့္အတူ ပူးတြဲေလ့က်င့္မႈမ်ားျပဳလုပ္ေနသည္။ F-35 မ်ားသည္ အိႏၵိယႏိုင္ငံတြင္ ေလေၾကာင္းျပပြဲမ်ား၌ ပါဝင္ခဲ့ဖူးေသာ္လည္း စစ္ေရးေလ့က်င့္မႈတြင္ ပါဝင္ျခင္းမွာ ယခုအႀကိမ္သည္ ပထမဆုံးျဖစ္သည္။
စက္တင္ဘာလ ၂၆ ရက္မွ ေအာက္တိုဘာလ ၁၂ ရက္အထိ ျပဳလုပ္မည့္ Tarang Shakti ေလ့က်င့္မႈတြင္ ႏိုင္ငံရွစ္ႏိုင္ငံပါဝင္ၿပီး ႏိုင္ငံ ၃၂ ႏိုင္ငံမွ စစ္ဘက္ကိုယ္စားလွယ္မ်ားက ေလ့လာသူမ်ားအျဖစ္ တက္ေရာက္သည္။ ႏိုင္ငံမ်ားၾကား ေလေၾကာင္းစစ္ဆင္ေရး ပူးေပါင္းေဆာင္႐ြက္ႏိုင္စြမ္းႏွင့္ အဆင့္ျမင့္တိုက္ေလယာဥ္မ်ား ပူးတြဲအသုံးျပဳႏိုင္စြမ္းတို႔ကို ျမႇင့္တင္ရန္ရည္႐ြယ္၍ေလ့က်င့္ျခင္းျဖစ္သည္ဟု သိရသည္။ Ref: SCMP
အိန္ဒိယလေတပ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် F-35 တိုက်လေယာဉ်များ ပထမဆုံးအကြိမ်ပါဝင်
======================
အမေရိကန်၏ F-35 တိုက်လေယာဉ်များသည် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် Tarang Shakti 2026 အမည်ရှိလေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံးအကြိမ်ပါဝင်ကြောင်းသိရသည်။ အဆိုပါလေ့ကျင့်မှုကို ပါကစ္စတန်နယ်စပ်အနီး ရာဂျက်စသန်ပြည်နယ် ဂျိုပူမြို့ရှိ အိန္ဒိယလေတပ်စခန်း၌ ပြုလုပ်နေခြင်းဖြစ်သည်။
အမေရိကန်လေတပ်က F-35 တိုက်လေယာဉ် ခြောက်စင်းနှင့် စစ်ဘက်ဝန်ထမ်း ၂၀၀ ကျော်စေလွှတ်ထားပြီး အိန္ဒိယလေတပ်၏ Su-30MKI၊ Rafale နှင့် ပြည်တွင်းထုတ် Tejas တိုက်လေယာဉ်များနှင့်အတူ ပူးတွဲလေ့ကျင့်မှုများပြုလုပ်နေသည်။ F-35 များသည် အိန္ဒိယနိုင်ငံတွင် လေကြောင်းပြပွဲများ၌ ပါဝင်ခဲ့ဖူးသော်လည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ ပြုလုပ်မည့် Tarang Shakti လေ့ကျင့်မှုတွင် နိုင်ငံရှစ်နိုင်ငံပါဝင်ပြီး နိုင်ငံ ၃၂ နိုင်ငံမှ စစ်ဘက်ကိုယ်စားလှယ်များက လေ့လာသူများအဖြစ် တက်ရောက်သည်။ နိုင်ငံများကြား လေကြောင်းစစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် အဆင့်မြင့်တိုက်လေယာဉ်များ ပူးတွဲအသုံးပြုနိုင်စွမ်းတို့ကို မြှင့်တင်ရန်ရည်ရွယ်၍လေ့ကျင့်ခြင်းဖြစ်သည်ဟု သိရသည်။ Ref: SCMP




