ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းတြင္ အမ်ိဳးသမီးစက္ေခါင္းေမာင္းသူမ်ားအား စတင္တာဝန္ေပးအပ္

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းတြင္ အမ်ိဳးသမီးစက္ေခါင္းေမာင္းသူမ်ားအား စတင္တာဝန္ေပးအပ္
=======================

ျမန္မာ့မီးရထားသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ရန္ကုန္ၿမိဳ႕ပတ္ ရထားလမ္းပိုင္းတြင္ ေျပးဆြဲေနသည့္ရထားမ်ား၌ အမ်ိဳးသမီးစက္ေခါင္းေမာင္းသူမ်ားကို ထည့္သြင္းတာဝန္ေပးရန္ ျမန္မာ့မီးရထားသြား/လာေရးဌာန က စီစဥ္ေဆာင္႐ြက္လ်က္ရွိသည္။

လက္ရွိတြင္ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ား စြမ္းရည္ဖြံ႕ၿဖိဳးေရးဒီဂရီေကာလိပ္မွ AGTI ဒီပလိုမာရရွိထားသူ အမ်ိဳးသမီး ငါးဦးအား ရထားစက္ေခါင္းေမာင္းမ်ားအျဖစ္ ေလ့က်င့္ေမြးထုတ္ထားၿပီး ျဖစ္သည္။

အဆိုပါအမ်ိဳးသမီးငါးဦးသည္ မိတၳီလာၿမိဳ႕ရွိ ဗဟိုပို႔ေဆာင္ဆက္သြယ္ေရးေက်ာင္းတြင္ စက္ေခါင္းေမာင္း ပညာရပ္ကို စာေတြ႕၊ လက္ေတြ႕ သင္ယူၿပီးေျမာက္ခဲ့ၾကသူမ်ားျဖစ္ၿပီး သင္တန္းကာလ ၂၉ ပတ္အတြင္း ေျမျပင္တြင္ တြဲေ႐ႊ႕ ရထားေမာင္းႏွင္ျခင္း၊ လမ္းၾကည့္လိုက္ပါျခင္း၊ လက္ေတြ႕စမ္းသပ္ေမာင္းႏွင္ျခင္း၊ ေမာင္းႏွင္ေျဖဆိုျခင္းႏွင့္ လူေတြ႕ ေမးျမန္းစစ္ေဆးျခင္းမ်ားကို ျဖတ္သန္းေအာင္ျမင္ခဲ့ၾကသူမ်ားျဖစ္ကာ လက္ရွိတြင္ တြဲဖက္စက္ေခါင္းေမာင္းအျဖစ္ လက္ေတြ႕ဆင္းသက္လ်က္ရွိသည္။

အဆိုပါ အမ်ိဳးသမီးစက္ေခါင္းေမာင္း ငါးဦးအား လာမည့္ရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕ပတ္လမ္းပိုင္း၌ ေျပးဆြဲ ေနသည့္ DEMU ႏွင့္ RBE ရထားမ်ားတြင္ စက္ေခါင္းေမာင္းတာဝန္မ်ား စတင္ေပးအပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ ျမ၀တီ


ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် အမျိုးသမီးစက်ခေါင်းမောင်းသူများအား စတင်တာဝန်ပေးအပ်
=======================

မြန်မာ့မီးရထားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသည့်ရထားများ၌ အမျိုးသမီးစက်ခေါင်းမောင်းသူများကို ထည့်သွင်းတာဝန်ပေးရန် မြန်မာ့မီးရထားသွား/လာရေးဌာန က စီစဉ်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ AGTI ဒီပလိုမာရရှိထားသူ အမျိုးသမီး ငါးဦးအား ရထားစက်ခေါင်းမောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ထားပြီး ဖြစ်သည်။

အဆိုပါအမျိုးသမီးငါးဦးသည် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း ပညာရပ်ကို စာတွေ့၊ လက်တွေ့ သင်ယူပြီးမြောက်ခဲ့ကြသူများဖြစ်ပြီး သင်တန်းကာလ ၂၉ ပတ်အတွင်း မြေပြင်တွင် တွဲရွှေ့ ရထားမောင်းနှင်ခြင်း၊ လမ်းကြည့်လိုက်ပါခြင်း၊ လက်တွေ့စမ်းသပ်မောင်းနှင်ခြင်း၊ မောင်းနှင်ဖြေဆိုခြင်းနှင့် လူတွေ့ မေးမြန်းစစ်ဆေးခြင်းများကို ဖြတ်သန်းအောင်မြင်ခဲ့ကြသူများဖြစ်ကာ လက်ရှိတွင် တွဲဖက်စက်ခေါင်းမောင်းအဖြစ် လက်တွေ့ဆင်းသက်လျက်ရှိသည်။

အဆိုပါ အမျိုးသမီးစက်ခေါင်းမောင်း ငါးဦးအား လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ပြေးဆွဲ နေသည့် DEMU နှင့် RBE ရထားများတွင် စက်ခေါင်းမောင်းတာဝန်များ စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြ၀တီ