ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီးပါတီမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ရန္ကုန္တိုင္းေဒသႀကီးပါတီမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
==========
ေအာက္တိုဘာ ၄၊ ရန္ကုန္
ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၃ – ၁၀ -၂၀၂၆ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီးမွ တိုင္းေဒသႀကီးပါတီဥကၠ႒၊ အတြင္းေရးမႉးႏွင့္ ေကာ္မတီဝင္မ်ား၊ ခ႐ိုင္ပါတီဥကၠ႒မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ ပါတီဥကၠ႒ ဦးခင္ရီက ပါတီညီလာခံမွ ခ်မွတ္လိုက္သည့္ ပါတီ၏လုပ္ငန္းစဥ္မ်ား၊ စနစ္မ်ား၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ေရးကိစၥရပ္မ်ားအပါအဝင္ ပါတီ၏ လမ္းၫႊန္ခ်က္မ်ားအား ရွင္းလင္းမွာၾကား လမ္းၫႊန္ခဲ့ပါသည္။
အဆိုပါေတြ႕ဆုံရာသို႔ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီႏွင့္အတူ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး၊ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာနႏၵာလွျမင့္၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေနလင္း၊ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးေ႒းေအာင္၊ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ ခ႐ိုင္ပါတီဥကၠ႒မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးပါတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
==========
အောက်တိုဘာ ၄၊ ရန်ကုန်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၃ – ၁၀ -၂၀၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီညီလာခံမှ ချမှတ်လိုက်သည့် ပါတီ၏လုပ်ငန်းစဉ်များ၊ စနစ်များ၊ ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပါအဝင် ပါတီ၏ လမ်းညွှန်ချက်များအား ရှင်းလင်းမှာကြား လမ်းညွှန်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံရာသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာလှမြင့်၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။




