Infinix က GT NX Controller နဲ႔ Station Dock ကို မိတ္ဆက္

Infinix က GT NX Controller နဲ႔ Station Dock ကို မိတ္ဆက္
=======================
Infinix က မိုဘိုင္းဖုန္းတစ္လုံးကို ဂိမ္းစက္လိုအသုံးျပဳႏိုင္ေအာင္ ရည္႐ြယ္ထားတဲ့ GT NX Controller နဲ႔ GT NX Station ဂိမ္းနဲ႔ဆက္စပ္ပစၥည္းအသစ္ေတြကို မိတ္ဆက္လိုက္ပါတယ္။ အဲဒီပစၥည္းေတြကို GT စီးရီးဖုန္းေတြနဲ႔တြဲဖက္အသုံးျပဳႏိုင္ၿပီး ဂိမ္းကစားရာမွာ ထိန္းခ်ဳပ္မႈ၊ အပူခ်ိန္ထိန္းခ်ဳပ္မႈနဲ႔ မ်က္ႏွာျပင္ခ်ိတ္ဆက္မႈေတြကို ပိုမိုေကာင္းမြန္ေစဖို႔ရည္႐ြယ္ထားပါတယ္။
GT NX Controller မွာ Pixel-Level FPS Precision Touchpad ပါဝင္ၿပီး ဂိမ္းေတြမွာ ဖုန္းမ်က္ႏွာျပင္ကို ထိေတြ႕အသုံးျပဳသလိုတိက်စြာခ်ိန္႐ြယ္ႏိုင္ေစရန္ ဒီဇိုင္းျပဳလုပ္ထားပါတယ္။ ခ်ိတ္ဆက္မႈေနာက္က်ခ်ိန္ ေလွ်ာ့ခ်ရန္ ခ်စ္ျပားသုံးခုပါဝင္တဲ့စနစ္ကို အသုံးျပဳထားၿပီး တစ္ႀကိမ္အားသြင္းလွ်င္ ၂၂ နာရီေက်ာ္ အသုံးျပဳႏိုင္တယ္လို႔ Infinix က ဆိုပါတယ္။
GT NX Station ကေတာ့ တစ္ခုတည္းမွာကိုးမ်ိဳးပါ docking station ျဖစ္ၿပီး ဖုန္းအပူခ်ိန္လြန္ကဲမႈေၾကာင့္ ဂိမ္းစြမ္းေဆာင္ရည္က်ဆင္းျခင္းကိုေလွ်ာ့ခ်ရန္ TEC အပူခ်ိန္ထိန္းစနစ္ ထည့္သြင္းေပးထားပါတယ္။ HDMI၊ Ethernet၊ USB-A၊ USB-C၊ microSD နဲ႔ 3.5mm နားၾကပ္ေပါက္တို႔ပါဝင္ၿပီး ဖုန္းမ်က္ႏွာျပင္ကို TV သို႔မဟုတ္ ေမာ္နီတာေပၚမွာျပသႏိုင္ပါတယ္။ ဒါေတြအားလုံးကစမတ္ဖုန္းကို အိမ္သုံးဂိမ္းစနစ္တစ္ခုအထိ အသုံးခ်ႏိုင္ေစဖို႔ျဖစ္ပါတယ္။ Ref: GA
Infinix က GT NX Controller နဲ့ Station Dock ကို မိတ်ဆက်
=======================
Infinix က မိုဘိုင်းဖုန်းတစ်လုံးကို ဂိမ်းစက်လိုအသုံးပြုနိုင်အောင် ရည်ရွယ်ထားတဲ့ GT NX Controller နဲ့ GT NX Station ဂိမ်းနဲ့ဆက်စပ်ပစ္စည်းအသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီပစ္စည်းတွေကို GT စီးရီးဖုန်းတွေနဲ့တွဲဖက်အသုံးပြုနိုင်ပြီး ဂိမ်းကစားရာမှာ ထိန်းချုပ်မှု၊ အပူချိန်ထိန်းချုပ်မှုနဲ့ မျက်နှာပြင်ချိတ်ဆက်မှုတွေကို ပိုမိုကောင်းမွန်စေဖို့ရည်ရွယ်ထားပါတယ်။
GT NX Controller မှာ Pixel-Level FPS Precision Touchpad ပါဝင်ပြီး ဂိမ်းတွေမှာ ဖုန်းမျက်နှာပြင်ကို ထိတွေ့အသုံးပြုသလိုတိကျစွာချိန်ရွယ်နိုင်စေရန် ဒီဇိုင်းပြုလုပ်ထားပါတယ်။ ချိတ်ဆက်မှုနောက်ကျချိန် လျှော့ချရန် ချစ်ပြားသုံးခုပါဝင်တဲ့စနစ်ကို အသုံးပြုထားပြီး တစ်ကြိမ်အားသွင်းလျှင် ၂၂ နာရီကျော် အသုံးပြုနိုင်တယ်လို့ Infinix က ဆိုပါတယ်။
GT NX Station ကတော့ တစ်ခုတည်းမှာကိုးမျိုးပါ docking station ဖြစ်ပြီး ဖုန်းအပူချိန်လွန်ကဲမှုကြောင့် ဂိမ်းစွမ်းဆောင်ရည်ကျဆင်းခြင်းကိုလျှော့ချရန် TEC အပူချိန်ထိန်းစနစ် ထည့်သွင်းပေးထားပါတယ်။ HDMI၊ Ethernet၊ USB-A၊ USB-C၊ microSD နဲ့ 3.5mm နားကြပ်ပေါက်တို့ပါဝင်ပြီး ဖုန်းမျက်နှာပြင်ကို TV သို့မဟုတ် မော်နီတာပေါ်မှာပြသနိုင်ပါတယ်။ ဒါတွေအားလုံးကစမတ်ဖုန်းကို အိမ်သုံးဂိမ်းစနစ်တစ်ခုအထိ အသုံးချနိုင်စေဖို့ဖြစ်ပါတယ်။ Ref: GA




