လက္ရွိကမာၻ႔ခ်န္ပီယံစပိန္အသင္း အဂၤလန္အသင္းကိုအႏိုင္ရရွိ

လက္ရွိကမာၻ႔ခ်န္ပီယံစပိန္အသင္း အဂၤလန္အသင္းကိုအႏိုင္ရရွိ
===========================
UEFA Nations League A Group(3) ပြဲစဥ္၌ အဂၤလန္အသင္းႏွင့္လက္ရွိကမာၻ႔ခ်န္ပီယံစပိန္အသင္းတို႔ စက္တင္ဘာလ ၂၇ရက္ နံနက္ပိုင္းတြင္ ယွဥ္ၿပိဳင္ကစားၾကရာ စပိန္အသင္းက အဂၤလန္အသင္း ကို ၃ဂိုး ၂ ဂိုးျဖင့္အႏိုင္ရရွိခဲ့ေၾကာင္းသိရသည္။
ပထမပိုင္းပြဲစတင္ခ်ိန္မွာပင္တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္တိုက္စစ္ဆင္ကစားခဲ့ၾကၿပီးပြဲကစားခ်ိန္ ၂ မိနစ္တြင္ စပိန္လူငယ္ၾကယ္ပြင့္ကစားသမားလာမင္ယာမယ္ကစပိန္အသင္းအတြက္ဦးေဆာင္ဂိုးသြင္းယူေပးခဲ့သည္။ပြဲကစားခ်ိန္ ၃၆ မိနစ္တြင္ အဂၤလန္အသင္းအတြက္ဂ်ဴဘယ္လင္ဂမ္ ဖန္တီးေပးေသာေဘာလုံးကို အန္တိုနီေဂၚဒန္ က အပိုင္ကန္သြင္းယူခဲ့ေသာေၾကာင့္ ပြဲကစားခ်ိန္ ၃၆ မိနစ္တြင္ တစ္ဖက္၁ ဂိုးစီျဖင့္ သေရရလဒ္ထြက္ေပၚခဲ့သည္။
ထို႔ေနာက္ ပြဲကစားခ်ိန္ မိနစ္၄၀တြင္နီကို အိုဝိုင္လီဖန္တီးေပးေသာေဘာလုံးကို တိုက္စစ္မႉးဟယ္ရီကိန္းေခါင္းတိုက္ အဆုံးသတ္ခဲ့ေသာေၾကာင့္ပထမပိုင္းပြဲၿပီးခ်ိန္တြင္ အဂၤလန္အသင္းက စပိန္အသင္းကို ၂ဂိုး ၁ ဂိုးျဖင့္ ဦးေဆာင္ႏိုင္ခဲ့သည္။
ဒုတိယပိုင္း ပြဲကစားခ်ိန္တြင္စပိန္အသင္းတိုက္စစ္ျမႇင့္တင္ကစားခဲ့ေသာ္လည္းစပိန္အသင္းကစားသမားမ်ားကရရွိလာသည့္အခြင့္အေရးမ်ားကိုအသုံးမခ်ႏိုင္ခဲ့ေပ။ ပြဲကစားခ်ိန္ ၅၄ မိနစ္တြင္ အဂၤလန္အသင္းအတြက္ ပယ္နယ္တီကန္သြင္းခြင့္ရရွိခဲ့သည္။အဆိုပါပယ္နယ္တီကို အဂၤ လန္ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကန္သြင္းခဲ့ရာဂိုးအျဖစ္ေျပာင္းလဲႏိုင္ျခင္းမရွိခဲ့ေပ။
စပိန္အသင္းအတြက္ ပြဲကစားခ်ိန္မိနစ္ ၆၀ တြင္အဲလက္ေဗနာက ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီး ၇၄မိနစ္တြင္ အိုရာဇာဘယ္က အႏိုင္ဂိုးသြင္းယူေပးခဲ့သည္။ပြဲၿပီးဆုံးခ်ိန္တြင္ လက္ရွိကမာၻ႔ခ်န္ပီယံစပိန္အသင္းက အဂၤလန္အသင္းကို ၃ ဂိုး ၂ ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည္။စပိန္အသင္းလူငယ္ၾကယ္ပြင့္ကစားသမားလာမင္ယာမယ္က စပိန္လက္ေ႐ြးစင္အသင္းအတြက္ ၃၃ ပြဲကစားၿပီး ဂိုးဖန္တီးမႈ ၁၂ ႀကိမ္ႏွင့္ သြင္းဂိုးခုနစ္ဂိုးသြင္းယူထားသည္။
လက်ရှိကမ္ဘာ့ချန်ပီယံစပိန်အသင်း အင်္ဂလန်အသင်းကိုအနိုင်ရရှိ
===========================
UEFA Nations League A Group(3) ပွဲစဉ်၌ အင်္ဂလန်အသင်းနှင့်လက်ရှိကမ္ဘာ့ချန်ပီယံစပိန်အသင်းတို့ စက်တင်ဘာလ ၂၇ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားကြရာ စပိန်အသင်းက အင်္ဂလန်အသင်း ကို ၃ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်။
ပထမပိုင်းပွဲစတင်ချိန်မှာပင်တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီးပွဲကစားချိန် ၂ မိနစ်တွင် စပိန်လူငယ်ကြယ်ပွင့်ကစားသမားလာမင်ယာမယ်ကစပိန်အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။ပွဲကစားချိန် ၃၆ မိနစ်တွင် အင်္ဂလန်အသင်းအတွက်ဂျူဘယ်လင်ဂမ် ဖန်တီးပေးသောဘောလုံးကို အန်တိုနီဂေါ်ဒန် က အပိုင်ကန်သွင်းယူခဲ့သောကြောင့် ပွဲကစားချိန် ၃၆ မိနစ်တွင် တစ်ဖက်၁ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့နောက် ပွဲကစားချိန် မိနစ်၄၀တွင်နီကို အိုဝိုင်လီဖန်တီးပေးသောဘောလုံးကို တိုက်စစ်မှူးဟယ်ရီကိန်းခေါင်းတိုက် အဆုံးသတ်ခဲ့သောကြောင့်ပထမပိုင်းပွဲပြီးချိန်တွင် အင်္ဂလန်အသင်းက စပိန်အသင်းကို ၂ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်း ပွဲကစားချိန်တွင်စပိန်အသင်းတိုက်စစ်မြှင့်တင်ကစားခဲ့သော်လည်းစပိန်အသင်းကစားသမားများကရရှိလာသည့်အခွင့်အရေးများကိုအသုံးမချနိုင်ခဲ့ပေ။ ပွဲကစားချိန် ၅၄ မိနစ်တွင် အင်္ဂလန်အသင်းအတွက် ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သည်။အဆိုပါပယ်နယ်တီကို အင်္ဂ လန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းကန်သွင်းခဲ့ရာဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။
စပိန်အသင်းအတွက် ပွဲကစားချိန်မိနစ် ၆၀ တွင်အဲလက်ဗေနာက ချေပဂိုးသွင်းယူပေးခဲ့ပြီး ၇၄မိနစ်တွင် အိုရာဇာဘယ်က အနိုင်ဂိုးသွင်းယူပေးခဲ့သည်။ပွဲပြီးဆုံးချိန်တွင် လက်ရှိကမ္ဘာ့ချန်ပီယံစပိန်အသင်းက အင်္ဂလန်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။စပိန်အသင်းလူငယ်ကြယ်ပွင့်ကစားသမားလာမင်ယာမယ်က စပိန်လက်ရွေးစင်အသင်းအတွက် ၃၃ ပွဲကစားပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်နှင့် သွင်းဂိုးခုနစ်ဂိုးသွင်းယူထားသည်။




