အာဆင္နယ္နည္းျပ အာ ေတ တာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သ ေဘာ တူညီမႈရရွိ

အာဆင္နယ္နည္းျပ အာ ေတ တာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သ ေဘာ တူညီမႈရရွိ
====================
အာဆင္နယ္အသင္းဟာ နည္းျပ အာေတတာကို သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔့ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။
စပိန္လူမ်ိဳး နည္းျပအာေတတာရဲ႕ လက္ရွိစာခ်ဳပ္က ဒီရာသီကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အာဆင္နယ္အသင္းက ေနာက္ထပ္ ၄ ႏွစ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
အာေတတာဟာ အာဆင္နယ္အသင္းကို ၂၀၁၉ ခုႏွစ္မွာ စတင္ကိုင္တြယ္ခဲ့တာေၾကာင့္ သက္တမ္း ၆ ႏွစ္နဲ႔ ၉ လ ရွိေနၿပီး လက္ရွိပရီးမီးယားလိဂ္နည္းျပေတြထဲမွာ သက္တမ္းအရွည္ဆုံးအျဖစ္ ရပ္တည္ေနပါတယ္။
အာဆင္နယ္အသင္းက အာေတတာရဲ႕ နည္းျပအဖြဲတစ္ခုလုံးကိုလည္း သက္တမ္းတိုးသြားမွာျဖစ္ၿပီး လစာလည္း တိုးျမႇင့္ေပးသြားမွာပါ။
စာခ်ဳပ္သစ္အရ အာေတတာအေနနဲ႔ တစ္ႏွစ္ ေပါင္ ၁၅ သန္းအထက္ ရရွိသြားမွာျဖစ္ေၾကာင္းလည္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။
အာေတတာက အာဆင္နယ္အသင္းကို နစ္ေပါင္း ၂၀ ေက်ာ္ ေဝးကြာေနခဲ့တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ျပန္လည္ရယူေပးႏိုင္ခဲ့သူျဖစ္ၿပီး ဒီရာသီမွာ ခ်န္ပီယံဆုကာကြယ္ႏိုင္ဖို စိတ္အားထက္သန္ေနပါတယ္။
အာဆင်နယ်နည်းပြ အာ တေ တာ စာချုပ်သစ်ချုပ်ဆိုရန် သ ဘော တူညီမှုရရှိ
====================
အာဆင်နယ်အသင်းဟာ နည်းပြ အာတေတာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
စပိန်လူမျိုး နည်းပြအာတေတာရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက နောက်ထပ် ၄ နှစ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာတေတာဟာ အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာကြောင့် သက်တမ်း ၆ နှစ်နဲ့ ၉ လ ရှိနေပြီး လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ သက်တမ်းအရှည်ဆုံးအဖြစ် ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းက အာတေတာရဲ့ နည်းပြအဖွဲတစ်ခုလုံးကိုလည်း သက်တမ်းတိုးသွားမှာဖြစ်ပြီး လစာလည်း တိုးမြှင့်ပေးသွားမှာပါ။
စာချုပ်သစ်အရ အာတေတာအနေနဲ့ တစ်နှစ် ပေါင် ၁၅ သန်းအထက် ရရှိသွားမှာဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အာတေတာက အာဆင်နယ်အသင်းကို နစ်ပေါင်း ၂၀ ကျော် ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာ ချန်ပီယံဆုကာကွယ်နိုင်ဖို စိတ်အားထက်သန်နေပါတယ်။




