ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ေမာင္းႏွင္လာသည့္ ယာဥ္တစ္စီးေပၚမွ က်ပ္ ၉ ဒသမ ၃ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီး

ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ေမာင္းႏွင္လာသည့္ ယာဥ္တစ္စီးေပၚမွ က်ပ္ ၉ ဒသမ ၃ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီး
============================
ျပင္ဦးလြင္ၿမိဳနယ္တြင္ ေမာင္းႏွင္လာသည့္ ယာဥ္တစ္စီးေပၚမွ က်ပ္ ၉ ဒသမ ၃ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲမွ သိရသည္။

စက္တင္ဘာ ၁၈ ရက္ ညေန ၆ နာရီခန္႔တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲသည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ ျပင္ဦးလြင္ၿမိဳနယ္၊ ပင္လိန္(အေရွ႕)ေက်း႐ြာအနီးတြင္ ဝင္းႏိုင္ဦး(ခ)ဝင္းႏိုင္ ေမာင္းႏွင္လာသည့္ JAC အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသိုရွာေဖြရာ ယာဥ္ေပၚတြင္ သိုဝွက္သယ္ေဆာင္ေသာ စိတ္ႂကြေဆးျပား ၆၂ သိန္း(ခန္႔မွန္းက်ပ္ ၉ ဒသမ ၃ ဘီလ်ံ)ႏွင့္ လက္ကိုင္ဖုန္း တစ္လုံးတိုအား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖမ္းဆီးရမိသူ ဝင္းႏိုင္ဦး(ခ)ဝင္းႏိုင္(၅၄)ႏွစ္အား ပိတ္ခ်င္းေျမာင္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲမွ သိရသည္။


ပြင်ဦးလွင်မြိုနယ်တွင် မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ ကျပ် ၉ ဒသမ ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီး
============================
ပြင်ဦးလွင်မြိုနယ်တွင် မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ ကျပ် ၉ ဒသမ ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ သိရသည်။

စက်တင်ဘာ ၁၈ ရက် ညနေ ၆ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲသည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြိုနယ်၊ ပင်လိန်(အရှေ့)ကျေးရွာအနီးတွင် ဝင်းနိုင်ဦး(ခ)ဝင်းနိုင် မောင်းနှင်လာသည့် JAC အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသိုရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်သော စိတ်ကြွဆေးပြား ၆၂ သိန်း(ခန့်မှန်းကျပ် ၉ ဒသမ ၃ ဘီလျံ)နှင့် လက်ကိုင်ဖုန်း တစ်လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ ဝင်းနိုင်ဦး(ခ)ဝင်းနိုင်(၅၄)နှစ်အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ သိရသည်။