အႀကိမ္(၂၀)ေျမာက္ အာရွအားကစားၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္ တက္ဂ္ေဘာအသင္းအား ေသာင္းေသာင္းျဖျဖဂုဏ္ျပဳႀကိဳဆို

အႀကိမ္(၂၀)ေျမာက္ အာရွအားကစားၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္ တက္ဂ္ေဘာအသင္းအား ေသာင္းေသာင္းျဖျဖဂုဏ္ျပဳႀကိဳဆို
========================
၂၀၂၆ ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္မွ ၂၀ ရက္အထိ ဂ်ပန္ႏိုင္ငံအိုင္ခ်ီ-နာဂိုယာၿမိဳ႕ရွိ Nagoya City Higashi Sports Center ၌ က်င္းပခဲ့‌သည့္ အႀကိမ္(၂၀)ေျမာက္အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္တက္ဂ္ေဘာအသင္းသည္ ျမန္မာႏိုင္ငံကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ တက္ဂ္ေဘာအမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ ခင္ႏွင္းေဝက ေ႐ႊတံဆိပ္ဆု(၁)ခု၊ တက္ဂ္ေဘာ အမ်ိဳးသမီး ႏွစ္ေယာက္တြဲၿပိဳင္ပြဲတြင္ ဆုမြန္ေအာင္ႏွင့္ ျဖဴျဖဴသန္းတို႔အတြဲက ေငြတံဆိပ္ဆု(၁)ခု၊ တက္ဂ္ေဘာအမ်ိဳးသားတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ ေစာဖ႐ိုင္းေဒးက ေၾကးတံဆိပ္ဆု(၁)ခုတို႔ကို ျမန္မာႏိုင္ငံအတြက္ ထိုက္ထိုက္တန္တန္ ဆြတ္ခူးရယူေပးႏိုင္ခဲ့သည္။

အႀကိမ္(၂၀)ေျမာက္ အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္တက္ဂ္ေဘာအသင္းမွ နည္းျပ (၂)ဦးႏွင့္ အားကစားသမား (၄)ဦးတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ျမန္မာႏိုင္ငံအတြက္ ေ႐ႊတံဆိပ္(၁)ခု၊ ေငြတံဆိပ္(၁)ခုႏွင့္ေၾကးတံဆိပ္(၁)ခုတို႔ကို ထိုက္ထိုက္တန္တန္ဆြတ္ခူးရယူေပးႏိုင္ခဲ့ကာ အာရွအားကစား ၿပိဳင္ပြဲဝင္ႏိုင္ငံမ်ား၏အလယ္တြင္ ျမန္မာႏိုင္ငံေတာ္အလံကို လႊင့္ထူ၍ ဂုဏ္ယူဝင့္ႂကြားစြာ ဆုရစင္ျမင့္ထက္၌ မွတ္တိုင္သစ္တစ္ရပ္စိုက္ထူႏိုင္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာ့လက္ေ႐ြးစင္ တက္ဂ္ေဘာအားကစားသမားမ်ား၏ အာရွအဆင့္ ယွဥ္ၿပိဳင္ႏိုင္ေသာစြမ္းရည္ကိုျပသႏိုင္ခဲ့သည့္ ေအာင္ျမင္မႈတစ္ရပ္လည္းျဖစ္သည္။

အဆိုပါၿပိဳင္ပြဲတြင္ ဆုတံဆိပ္ရရွိခဲ့ၾကသည့္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ျမန္မာ့လက္ေ႐ြးစင္တက္ဂ္ေဘာအသင္းမွ နည္းျပမ်ားႏွင့္အားကစားသမားမ်ား သည္ ယေန႔ညေနပိုင္းတြင္ ထိုင္းႏိုင္ငံမွေလေၾကာင္းခရီးျဖင့္ ရန္ကုန္ၿမိဳ႕သို႔ျပန္လည္ေရာက္ရွိလာရာ ရန္ကုန္တိုင္းေဒသႀကီး လူမႈေရးရာဝန္ႀကီး ဦးဗိုလ္ေဌး၊ အားကစားေရးရာဝန္ႀကီးဌာန၊ အားကစားႏွင့္ကာယပညာဦးစီးဌာနမွတာဝန္ရွိသူမ်ား၊ အားကစားႏွင့္ကာယပညာသိပၸံ(ရန္ကုန္)မွတာဝန္ရွိသူမ်ား၊ ေက်ာင္း သား/ေက်ာင္းသူမ်ား၊ ျမန္မာႏိုင္ငံ တက္ဂ္ေဘာအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒါက္တာ ထက္ခိုင္ဝင္းႏွင့္ အလုပ္အမႈေဆာင္မ်ား၊ ၿပိဳင္ပြဲဝင္အားကစားသမားမ်ား၏ မိဘေဆြမ်ိဳး၊ မိတ္သဂၤဟမ်ားက ဂုဏ္ျပဳပန္းစည္းမ်ားျဖင့္ ေသာင္းေသာင္းျဖျဖ ဂုဏ္ျပဳႀကိဳဆိုခဲ့သည္။

ဆက္လက္၍ ေအာင္ျမင္မႈဆုတံဆိပ္မ်ားရရွိခဲ့သည့္ ျမန္မာလက္ေ႐ြးစင္တက္ဂ္ေဘာအသင္းအား ႏိုင္ငံေတာ္က ေပးအပ္သည့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြ က်ပ္ သိန္း ၆၀၀၊ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ကေပးအပ္သည့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြ က်ပ္ သိန္း ၆၀၀ ႏွင့္ျမန္မာႏိုင္ငံတက္ဂ္ေဘာအဖြဲ႕ခ်ဳပ္က ေပးအပ္သည့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြ က်ပ္ သိန္း ၆၀၀၊ စုစုေပါင္းဂုဏ္ျပဳခ်ီးျမႇင့္ေငြ က်ပ္ သိန္း ၁၈၀၀ ကို ရန္ကုန္တိုင္းေဒသႀကီး လူမႈေရးရာဝန္ႀကီး ဦးဗိုလ္ေဌး၊ အားကစားေရးရာဝန္ႀကီးဌာန၊ အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဉာဏ္ေဇာ္ဦး၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ဦးႏွင့္ျမန္မာႏိုင္ငံ တက္ဂ္ေဘာအားကစားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒါက္တာထက္ခိုင္ဝင္းတို႔က ေပးအပ္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရ သည္။ (ျမ၀တီ)


အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းအား သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို
========================
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံအိုင်ချီ-နာဂိုယာမြို့ရှိ Nagoya City Higashi Sports Center ၌ ကျင်းပခဲ့‌သည့် အကြိမ်(၂၀)မြောက်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းသည် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တက်ဂ်ဘောအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေက ရွှေတံဆိပ်ဆု(၁)ခု၊ တက်ဂ်ဘော အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲက ငွေတံဆိပ်ဆု(၁)ခု၊ တက်ဂ်ဘောအမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် စောဖရိုင်းဒေးက ကြေးတံဆိပ်ဆု(၁)ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းမှ နည်းပြ (၂)ဦးနှင့် အားကစားသမား (၄)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့်ကြေးတံဆိပ်(၁)ခုတို့ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရယူပေးနိုင်ခဲ့ကာ အာရှအားကစား ပြိုင်ပွဲဝင်နိုင်ငံများ၏အလယ်တွင် မြန်မာနိုင်ငံတော်အလံကို လွှင့်ထူ၍ ဂုဏ်ယူဝင့်ကြွားစွာ ဆုရစင်မြင့်ထက်၌ မှတ်တိုင်သစ်တစ်ရပ်စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအားကစားသမားများ၏ အာရှအဆင့် ယှဉ်ပြိုင်နိုင်သောစွမ်းရည်ကိုပြသနိုင်ခဲ့သည့် အောင်မြင်မှုတစ်ရပ်လည်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းမှ နည်းပြများနှင့်အားကစားသမားများ သည် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံမှလေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှတာဝန်ရှိသူများ၊ ကျောင်း သား/ကျောင်းသူများ၊ မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ထက်ခိုင်ဝင်းနှင့် အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများက ဂုဏ်ပြုပန်းစည်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့သည်။

ဆက်လက်၍ အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာလက်ရွေးစင်တက်ဂ်ဘောအသင်းအား နိုင်ငံတော်က ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၆၀၀၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၆၀၀ နှင့်မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ်က ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၆၀၀၊ စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၁၈၀၀ ကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်မြန်မာနိုင်ငံ တက်ဂ်ဘောအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာထက်ခိုင်ဝင်းတို့က ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရ သည်။ (မြ၀တီ)