ပန္တိုဂ်ာ ကိုအမွတ္နဲ႔အႏိုင္ယူၿပီး ဂ်ိဳရႈအာဗန္ ခ်န္ပီယံခါးပတ္ကိုကာကြယ္

ပန္တိုဂ်ာ ကိုအမွတ္နဲ႔အႏိုင္ယူၿပီး ဂ်ိဳရႈအာဗန္ ခ်န္ပီယံခါးပတ္ကိုကာကြယ္
=======================
စက္တင္ဘာ ၂၀

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာစ့္အိန္ဂ်လိစ္ၿမိဳမွာက်င္းပခဲ့တဲ့ UFC 331 ၿပိဳင္ပြဲရဲ႕ ေခါင္ပြဲျဖစ္တဲ့ ဖလိုင္းဝိတ္တန္းခ်န္ပီယံဗိုလ္လုပြဲမွာ ဂ်ိဳရႈအာဗန္ ဟာ ပန္တိုဂ်ာ ကိုအမွတ္နဲ႔အႏိုင္ယူၿပီး ခ်န္ပီယံခါးပတ္ကိုကာကြယ္ႏိုင္ခဲ့ပါတယ္။ ဂ်ိဳရႈအာဗန္အေနနဲ႔ ခ်န္ပီယံခါးပတ္ကို ဒုတိယအႀကိမ္ေျမာက္ ကာကြယ္ႏိုင္ခဲ့ၿပီး ပန္တိုဂ်ာနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့ ၂ ပြဲစလုံးကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဗန္ဟာ ပန္တိုဂ်ာရဲ႕ ခ်ဳပ္ကြက္ေတြကို ၅ ခ်ီအထိ အေကာင္းဆုံးခုခံရင္း လက္သီးထိုးခ်က္ေတြနဲ႔အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ဗန္ဟာ UFC မွာ သမိုင္းေၾကာင္းတေလွ်ာက္ ဒုတိယ အသက္ငယ္ဆုံး ခ်န္ပီယံ အျဖစ္လည္းမွတ္တမ္းဝင္ခဲ့ ပါတယ္။ ဂ်ိဳရႈအာဗန္ ဟာ ဒီပြဲစဥ္မွာ ပန္တိုဂ်ာ ကို ၄၉ မွတ္ – ၄၆ မွတ္ ၊ ၄၈ မွတ္ – ၄၇ မွတ္ ၊ ၅၀ မွတ္ – ၄၅ မွတ္ဆိုတဲ့ ဒိုင္လူႀကီး ၃ ဦးစလုံးရဲ႕ တစ္ညီတစ္ၫြတ္တည္းဆုံးျဖတ္ခ်က္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ေၾကာင္းသိရွိရပါတယ္။


ပန်တိုဂျာ ကိုအမှတ်နဲ့အနိုင်ယူပြီး ဂျိုရှုအာဗန် ချန်ပီယံခါးပတ်ကိုကာကွယ်
=======================
စက်တင်ဘာ ၂၀

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လောစ့်အိန်ဂျလိစ်မြိုမှာကျင်းပခဲ့တဲ့ UFC 331 ပြိုင်ပွဲရဲ့ ခေါင်ပွဲဖြစ်တဲ့ ဖလိုင်းဝိတ်တန်းချန်ပီယံဗိုလ်လုပွဲမှာ ဂျိုရှုအာဗန် ဟာ ပန်တိုဂျာ ကိုအမှတ်နဲ့အနိုင်ယူပြီး ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ခဲ့ပါတယ်။ ဂျိုရှုအာဗန်အနေနဲ့ ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့ပြီး ပန်တိုဂျာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ၂ ပွဲစလုံးကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဗန်ဟာ ပန်တိုဂျာရဲ့ ချုပ်ကွက်တွေကို ၅ ချီအထိ အကောင်းဆုံးခုခံရင်း လက်သီးထိုးချက်တွေနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဗန်ဟာ UFC မှာ သမိုင်းကြောင်းတလျှောက် ဒုတိယ အသက်ငယ်ဆုံး ချန်ပီယံ အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ ပါတယ်။ ဂျိုရှုအာဗန် ဟာ ဒီပွဲစဉ်မှာ ပန်တိုဂျာ ကို ၄၉ မှတ် – ၄၆ မှတ် ၊ ၄၈ မှတ် – ၄၇ မှတ် ၊ ၅၀ မှတ် – ၄၅ မှတ်ဆိုတဲ့ ဒိုင်လူကြီး ၃ ဦးစလုံးရဲ့ တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။