ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ သတၱမအႀကိမ္ေျမာက္ ပါတီဗဟိုေကာ္မတီအစည္းအေဝး(၂၀၂၆) က်င္းပျပဳလုပ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ သတၱမအႀကိမ္ေျမာက္ ပါတီဗဟိုေကာ္မတီအစည္းအေဝး(၂၀၂၆) က်င္းပျပဳလုပ္
=======================
စက္တင္ဘာ ၁၈၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ သတၱမအႀကိမ္ေျမာက္ ပါတီဗဟိုေကာ္မတီအစည္းအေဝး(၂၀၂၆) အခမ္းအနားကို ၁၈-၉-၂၀၂၆ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။

အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္း သီဆိုဖြင့္လွစ္ခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ ယေန႔ အခမ္းအနားသို႔ တက္ေရာက္လာသူမ်ားအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာပါေစေၾကာင္း ဆုမြန္ေတာင္းစကားေျပာၾကားၿပီး၊ ပါတီဥကၠ႒ တာဝန္ယူစဥ္ကာလကစလို႔ ေဆာင္႐ြက္ခဲ့သည့္ ကိစၥရပ္မ်ား၊ ေရတို/ေရရွည္ ရည္မွန္းခ်က္မ်ားအား ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ခဲ့မႈမ်ား၊ အဓိကထားေဆာင္႐ြက္ခဲ့ရသည့္ နယ္ပယ္(၈)ရပ္ က႑မ်ား၊ ရက္ (၉၀)စီမံခ်က္၊ ျပည့္မ႑ိဳင္စီမံခ်က္၊ အစိမ္းေရာင္စီမံခ်က္မ်ား ခ်မွတ္ေဆာင္႐ြက္ခဲ့မႈမ်ား၊ ေ႐ြးေကာက္ပြဲ ေအာင္ျမင္ခဲ့မႈမ်ား၊ ပါတီဗဟိုေကာ္မတီ၏ လုပ္ငန္းစဥ္မ်ား၊ အနာဂတ္တြင္ ျပည္ခိုင္ၿဖိဳးပါတီႀကီး ဆက္လက္ေအာင္ျမင္မႈ ရရွိေရး အေတြ႕အႀကဳံေတြ၊ အားသာခ်က္ / အားနည္းခ်က္ေတြ၊ ပါတီဗဟိုေကာ္မတီဝင္ေတြမွာ ရွိသင့္တဲ့ အရည္အေသြးေတြ၊ အႀကံျပဳလုပ္ငန္းစဥ္ေတြကို အထူးအေလးအနက္ထား ခံယူၿပီး မွတစ္ပါးအျခားမရွိတဲ့ ပါတီတစ္ရပ္ ျဖစ္ထြန္းေပၚေပါက္ဖို႔ ဝိုင္းဝန္းႀကိဳးစား ေပးၾကရန္ ေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ ဗဟိုေကာ္မတီအစည္းအေဝး သဘာပတိအဖြဲ႕မွ ေနရာယူၿပီး သဘာပတိအျဖစ္ ဗဟိုအတိုင္ပင္ခံ ဦးသိန္းေအာင္၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ဦးရာဝမ္ဂ်ဳံး၊ ဦးေအာင္ခ်ိဳဦးတို႔မွ ေဆာင္႐ြက္ခဲ့ၾကၿပီး သဘာပတိမွ အမွာစကားေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးက ပါတီ၏ အေျခခံမူဝါဒ သေဘာတရားႏွင့္ ပါတီဖြဲ႕စည္းပုံ အေျခခံစည္းမ်ဥ္း၊ ပါတီေကာ္မတီအဆင့္ဆင့္ ေ႐ြးခ်ယ္ဖြဲ႕စည္းေရးလုပ္ထုံးလုပ္နည္းမ်ား၊ ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္းက တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ပါတီေကာ္မတီအဆင့္ဆင့္ဖြဲ႕စည္းၿပီးစီးမႈမ်ား၊ ဗဟိုအတြင္းေရးမႉး ေဒါက္တာေက်ာ္ေက်ာ္ေဌးက လတ္တေလာအေျခအေနအရ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဖြဲ႕စည္းႏိုင္ျခင္းမရွိေသးေသာ ခ႐ိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီမ်ားစာရင္းႏွင့္ ယာယီဖြဲ႕စည္းမႈမ်ား၊ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြးက ပါတီညီလာခံသို႔တင္သြင္းမည့္ စာတမ္း(၅)ေစာင္ျပဳစုရန္ အစုဖြဲ႕ဖြဲစည္းျခင္းမ်ား၊ ဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္က ယခင္ပါတီဗဟိုေကာ္မတီဝင္မ်ားက ပါတီတာဝန္မ်ား ျပန္လည္အပ္ႏွင္းျခင္း တို႔အား ဗဟိုေကာ္မတီအစည္းအေဝးသို႔ တင္သြင္းခဲ့ၿပီး သဘာပတိႏွင့္ သဘာပတိအဖြဲ႕ဝင္မ်ား၊ တက္ေရာက္လာသူမ်ား၏ ေရွ႕ေမွာက္တြင္ အတည္ျပဳခ်က္မ်ားရယူခဲ့ပါသည္။

၎ေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ သတၱမအႀကိမ္ေျမာက္ ပါတီဗဟိုေကာ္မတီအစည္းအေဝး(၂၀၂၆)အား ေႂကြးေၾကာ္သံမ်ားအား သံၿပိဳင္ေႂကြးေၾကာ္၍ ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ ေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ပါသည္။ အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ပါတီဗဟိုအတိုင္ပင္ခံမ်ား၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဖိတ္ၾကားထားေသာဧည့္သည့္ေတာ္မ်ား၊ ဗဟိုအတြင္းေရးမႉးမ်ားႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား စုစုေပါင္းအင္အား (၄၀၀)ဦးေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၆) ကျင်းပပြုလုပ်
=======================
စက်တင်ဘာ ၁၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၆) အခမ်းအနားကို ၁၈-၉-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ယနေ့ အခမ်းအနားသို့ တက်ရောက်လာသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်တောင်းစကားပြောကြားပြီး၊ ပါတီဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလကစလို့ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ ရေတို/ရေရှည် ရည်မှန်းချက်များအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများ၊ အဓိကထားဆောင်ရွက်ခဲ့ရသည့် နယ်ပယ်(၈)ရပ် ကဏ္ဍများ၊ ရက် (၉၀)စီမံချက်၊ ပြည့်မဏ္ဍိုင်စီမံချက်၊ အစိမ်းရောင်စီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အောင်မြင်ခဲ့မှုများ၊ ပါတီဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပြည်ခိုင်ဖြိုးပါတီကြီး ဆက်လက်အောင်မြင်မှု ရရှိရေး အတွေ့အကြုံတွေ၊ အားသာချက် / အားနည်းချက်တွေ၊ ပါတီဗဟိုကော်မတီဝင်တွေမှာ ရှိသင့်တဲ့ အရည်အသွေးတွေ၊ အကြံပြုလုပ်ငန်းစဉ်တွေကို အထူးအလေးအနက်ထား ခံယူပြီး မှတစ်ပါးအခြားမရှိတဲ့ ပါတီတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးစား ပေးကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုကော်မတီအစည်းအဝေး သဘာပတိအဖွဲ့မှ နေရာယူပြီး သဘာပတိအဖြစ် ဗဟိုအတိုင်ပင်ခံ ဦးသိန်းအောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးရာဝမ်ဂျုံး၊ ဦးအောင်ချိုဦးတို့မှ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိမှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပါတီ၏ အခြေခံမူဝါဒ သဘောတရားနှင့် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ ပါတီကော်မတီအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းရေးလုပ်ထုံးလုပ်နည်းများ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပါတီကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီးစီးမှုများ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက လတ်တလောအခြေအနေအရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်းနိုင်ခြင်းမရှိသေးသော ခရိုင်/မြို့နယ် ပါတီကော်မတီများစာရင်းနှင့် ယာယီဖွဲ့စည်းမှုများ၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပါတီညီလာခံသို့တင်သွင်းမည့် စာတမ်း(၅)စောင်ပြုစုရန် အစုဖွဲ့ဖွဲစည်းခြင်းများ၊ ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်က ယခင်ပါတီဗဟိုကော်မတီဝင်များက ပါတီတာဝန်များ ပြန်လည်အပ်နှင်းခြင်း တို့အား ဗဟိုကော်မတီအစည်းအဝေးသို့ တင်သွင်းခဲ့ပြီး သဘာပတိနှင့် သဘာပတိအဖွဲ့ဝင်များ၊ တက်ရောက်လာသူများ၏ ရှေ့မှောက်တွင် အတည်ပြုချက်များရယူခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၆)အား ကြွေးကြော်သံများအား သံပြိုင်ကြွေးကြော်၍ နေ့လည် ၁၂ နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီဗဟိုအတိုင်ပင်ခံများ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဖိတ်ကြားထားသောဧည့်သည့်တော်များ၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ စုစုပေါင်းအင်အား (၄၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။