ေဂ်ာ့ရႉးဝါးဗန္ႏွင့္ ပန္တိုဂ်ာတို႔ စက္တင္ဘာ ၁၉ ရက္ မ ေက်ပြဲထိုးသတ္မည္

ေဂ်ာ့ရႉးဝါးဗန္ႏွင့္ ပန္တိုဂ်ာတို႔ စက္တင္ဘာ ၁၉ ရက္ မ ေက်ပြဲထိုးသတ္မည္
===================
UFC ဖလိုင္းဝိတ္တန္း ကမာၻ႔ခ်န္ပီယံခါးပတ္အတြက္ လက္ရွိခ်န္ပီယံ ေဂ်ာ့ရႉးဝါးဗန္ (Joshua Van) ႏွင့္ ဘရာဇီးႏိုင္ငံသား ခ်န္ပီယံေဟာင္း အလက္ဇန္းဒါး ပန္တိုဂ်ာ (Alexandre Pantoja) တို႔၏ မေက်ပြဲ (Rematch) ကို စက္တင္ဘာ ၁၉ ရက္တြင္ အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕၌ က်င္းပမည္ျဖစ္သည္။

အဆိုပါပြဲကို ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရွိ Crypto.com Arena ၌ က်င္းပမည့္ UFC 331 ၿပိဳင္ပြဲ၏ ေခါင္းတြဲဆိုင္း (Main Event) အျဖစ္ ထည့္သြင္းက်င္းပမည္ျဖစ္ၿပီး ကစားသမားႏွစ္ဦးစလုံး ေလာ့စ္အိန္ဂ်လိစ္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း UFC ၏ Fight Week အစီအစဥ္မ်ားအရ သိရသည္။

၎တို႔ႏွစ္ဦးသည္ ၿပီးခဲ့သည့္ UFC 323 ၿပိဳင္ပြဲတြင္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့ၾကၿပီး ပြဲစတင္ၿပီး ၂၆ စကၠန႔္အၾကာတြင္ ပန္တိုဂ်ာ လက္ေမာင္းဒ-ဏ္ရာရရွိခဲ့သျဖင့္ ေဂ်ာ့ရႉးဝါးဗန္က TKO ျဖင့္ အႏိုင္ရကာ ဖလိုင္းဝိတ္တန္း ကမာၻ႔ခ်န္ပီယံခါးပတ္ကို ရယူခဲ့ျခင္းျဖစ္သည္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ေဂ်ာ့ရႉးဝါးဗန္သည္ ယင္းေနာက္ ေမလက က်င္းပခဲ့သည့္ UFC 328 ၿပိဳင္ပြဲတြင္ ဂ်ပန္ဖို-က္တာ တတ္ဆူ႐ို တိုင္ရာ (Tatsuro Taira) ကို ပၪၥမအခ်ီ TKO ျဖင့္ အႏိုင္ယူကာ ခ်န္ပီယံခါးပတ္ကို ပထမဆုံးအႀကိမ္ ေအာင္ျမင္စြာ ကာကြယ္ထားႏိုင္ခဲ့သည္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ပန္တိုဂ်ာသည္ ေဂ်ာ့ရႉးဝါးဗန္ႏွင့္ မေတြ႕ဆုံမီ ဖလိုင္းဝိတ္ခ်န္ပီယံခါးပတ္ကို ေလးႀကိမ္အထိ ေအာင္ျမင္စြာ ကာကြယ္ထားႏိုင္ခဲ့သူျဖစ္ၿပီး ယခုပြဲတြင္ ခ်န္ပီယံခါးပတ္ ျပန္လည္ရယူႏိုင္ေရး ႀကိဳးပမ္းမည္ျဖစ္သည္။

UFC 331 ၿပိဳင္ပြဲကို စက္တင္ဘာ ၁၉ ရက္တြင္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ Crypto.com Arena ၌ က်င္းပမည္ျဖစ္ၿပီး ေဂ်ာ့ရႉးဝါးဗန္ႏွင့္ ပန္တိုဂ်ာတို႔၏ ဖလိုင္းဝိတ္ခ်န္ပီယံ မေက်ပြဲကို Main Event အျဖစ္ က်င္းပသြားမည္ျဖစ္သည္။


ဂျော့ရှူးဝါးဗန်နှင့် ပန်တိုဂျာတို့ စက်တင်ဘာ ၁၉ ရက် မကျေပွဲထိုးသတ်မည်
===================
UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့၏ မကျေပွဲ (Rematch) ကို စက်တင်ဘာ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်း (Main Event) အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ကစားသမားနှစ်ဦးစလုံး လော့စ်အိန်ဂျလိစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း UFC ၏ Fight Week အစီအစဉ်များအရ သိရသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် UFC 323 ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး ပွဲစတင်ပြီး ၂၆ စက္ကန့်အကြာတွင် ပန်တိုဂျာ လက်မောင်းဒ-ဏ်ရာရရှိခဲ့သဖြင့် ဂျော့ရှူးဝါးဗန်က TKO ဖြင့် အနိုင်ရကာ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူခဲ့ခြင်းဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် ဂျော့ရှူးဝါးဗန်သည် ယင်းနောက် မေလက ကျင်းပခဲ့သည့် UFC 328 ပြိုင်ပွဲတွင် ဂျပန်ဖို-က်တာ တတ်ဆူရို တိုင်ရာ (Tatsuro Taira) ကို ပဉ္စမအချီ TKO ဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့သည်။

အသက် ၃၆ နှစ်အရွယ် ပန်တိုဂျာသည် ဂျော့ရှူးဝါးဗန်နှင့် မတွေ့ဆုံမီ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို လေးကြိမ်အထိ အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့သူဖြစ်ပြီး ယခုပွဲတွင် ချန်ပီယံခါးပတ် ပြန်လည်ရယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်သည်။

UFC 331 ပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့ Crypto.com Arena ၌ ကျင်းပမည်ဖြစ်ပြီး ဂျော့ရှူးဝါးဗန်နှင့် ပန်တိုဂျာတို့၏ ဖလိုင်းဝိတ်ချန်ပီယံ မကျေပွဲကို Main Event အဖြစ် ကျင်းပသွားမည်ဖြစ်သည်။