ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး သတၱမအႀကိမ္ဗဟိုေကာ္မတီအစည္းအ ေဝးႏွင့္ စတုတၳအႀကိမ္ ပါတီညီလာခံက်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ထားရွိမႈမ်ားအား လိုက္လံၾကည့္ရႈ




ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး သတၱမအႀကိမ္ဗဟိုေကာ္မတီအစည္းအ ေဝးႏွင့္ စတုတၳအႀကိမ္ ပါတီညီလာခံက်င္းပႏိုင္ေရး ႀကိဳတင္ျပင္ဆင္ထားရွိမႈမ်ားအား လိုက္လံၾကည့္ရႈ
==================
ဩဂုတ္ ၁၅၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ သတၱမအႀကိမ္ ဗဟိုေကာ္မတီအစည္းအေဝးႏွင့္ စတုတၳအႀကိမ္ ပါတီညီလာခံ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ပါတီဌာနခ်ဳပ္အတြင္း ကားရပ္နားကြင္းမ်ား ျပင္ဆင္ေနမႈ၊ ရိပ္သာေဆာင္ A,B,C ႏွင့္ သင္တန္းေက်ာင္းရွိ အိပ္ေဆာင္မ်ားျပင္ဆင္ထားရွိမႈအား ၁၅-၉-၂၀၂၆ ရက္ေန႔ နံနက္ပိုင္းတြင္ တြဲဖက္အေထြေထြအတြင္ေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဌာနခ်ဳပ္ ဌာနမႉး ဦးမင္းေမာင္ေမာင္တို႔ႏွင့္အတူ လိုက္လံၾကည္ရႈခဲ့ၿပီး လိုအပ္သည္မ်ားအား အခ်ိန္မီေဆာင္႐ြက္ႏိုင္ေရး လမ္းၫႊန္မွာၾကားခဲ့ပါသည္။
ဆက္လက္ၿပီး ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ ညေနပိုင္းတြင္ စတုတၳအႀကိမ္ ပါတီညီလာခံအစီအစဥ္တြင္ ပါဝင္သည့္ ေဖ်ာ္ေျဖေရးအစီအစဥ္အတြက္ ေတးသီခ်င္းႏွင့္ အကမ်ားအတြက္ ေလ့က်င့္ျပင္ဆင္ေနမႈမ်ားအား ၾကည့္ရႈခဲ့ၿပီး လိုအပ္သည္မ်ားအား မွာၾကားခဲ့ပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး သတ္တမအကြိမ်ဗဟိုကော်မတီအစည်းအ ဝေးနှင့် စတုတ္ထအကြိမ် ပါတီညီလာခံကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှု
==================
ဩဂုတ် ၁၅၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေးနှင့် စတုတ္ထအကြိမ် ပါတီညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါတီဌာနချုပ်အတွင်း ကားရပ်နားကွင်းများ ပြင်ဆင်နေမှု၊ ရိပ်သာဆောင် A,B,C နှင့် သင်တန်းကျောင်းရှိ အိပ်ဆောင်များပြင်ဆင်ထားရှိမှုအား ၁၅-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် တွဲဖက်အထွေထွေအတွင်ရေးမှူး ဦးတင်အောင်ချစ်၊ ဌာနချုပ် ဌာနမှူး ဦးမင်းမောင်မောင်တို့နှင့်အတူ လိုက်လံကြည်ရှုခဲ့ပြီး လိုအပ်သည်များအား အချိန်မီဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ညနေပိုင်းတွင် စတုတ္ထအကြိမ် ပါတီညီလာခံအစီအစဉ်တွင် ပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်အတွက် တေးသီချင်းနှင့် အကများအတွက် လေ့ကျင့်ပြင်ဆင်နေမှုများအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ပါသည်။




