ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ တရားမဝင္ Online ေလာင္းကစားလုပ္ကိုင္သူတရားခံ အမ်ိဳးသား ၁၃ ဦး၊ အမ်ိဳးသမီး ၂၃ ဦးတို႔အား သက္ေသခံပစၥည္းႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိ

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ တရားမဝင္ Online ေလာင္းကစားလုပ္ကိုင္သူတရားခံ အမ်ိဳးသား ၁၃ ဦး၊ အမ်ိဳးသမီး ၂၃ ဦးတို႔အား သက္ေသခံပစၥည္းႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိ
============================
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ တရားမဝင္ Online ေလာင္းကစားလုပ္ကိုင္သူ အမ်ိဳးသား ၁၃ ဦး၊ အမ်ိဳးသမီး ၂၃ ဦးကို သက္ေသခံပစၥည္းႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳသစ္(ေျမာက္ပိုင္း)ၿမိဳနယ္၊ အမွတ္(၃၁)ရပ္ကြက္၊ ဗိုလ္ဆြန္ပက္လမ္းရွိ အိမ္အမွတ္(၁၈၃)၌ Online ေလာင္းကစားျပဳလုပ္ေနေၾကာင္း တာဝန္သိျပည္သူမ်ား၏ သတင္းေပးပိုခ်က္အရ လုံၿခဳံေရးတပ္ဖြဲဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲသည္ ၂၀၂၆ ခုႏွစ္၊ ဩဂုတ္ ၂၁ ရက္ေန႔ ညပိုင္းတြင္ အဆိုပါေနအိမ္အား ဝင္ေရာက္ရွာေဖြခဲ့ရာ One5one၊ buffalo 169၊ fujiu ႏွင့္ Sport169 Game Website မ်ားတြင္ Agent အေကာင့္ ခုနစ္ခုဖြင့္လွစ္၍ Online Game ေလာင္းကစားလုပ္ငန္းအား ဦးေဆာင္လုပ္ကိုင္သူ ေအးဉာဏ္ပိုင္ႏွင့္ တရားခံ အမ်ိဳးသား ငါးဦး၊ အမ်ိဳးသမီး ၁၉ ဦး၊ စုစုေပါင္း ၂၅ ဦးတိုအား Online ေလာင္းကစားျပဳလုပ္ရာတြင္ အသုံးျပဳေသာ All In One Computer သုံးလုံး၊ System Box ႏွင့္တြဲလ်က္ Computer Desktop ရွစ္လုံး၊ Computer Desktop ႏွစ္လုံး၊ Laptop ၁၂ လုံး၊ ပရင္တာတစ္လုံး၊ လက္ကိုင္ဖုန္း ၃၆ လုံး၊ Tablet ဖုန္း သုံးလုံး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္လည္းေကာင္း၊ ဩဂုတ္ ၂၃ ရက္တြင္ ေအးဉာဏ္ပိုင္ႏွင့္ ပူးတြဲလုပ္ကိုင္သူ စိုင္းေအာင္သူ(ခ)ဖိုးရွမ္းအား တာခ်ီလိတ္ၿမိဳ၌ လက္ကိုင္ဖုန္းႏွစ္လုံး၊ Tablet(၁)လုံးျဖင့္လည္းေကာင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ဩဂုတ္ ၂၃ ရက္ ညေနပိုင္းတြင္ အလုံၿမိဳနယ္၊ ဆင္မင္းရပ္ကြက္၊ ကမ္းနားလမ္း၊ အမွတ္(၃၈၈/၃၉၈)၊ Golden Team Mansion အိမ္ရာ၊ ေျမညီထပ္ရွိ အခန္းအမွတ္(B6/B7)အား ဝင္ေရာက္စစ္ေဆးခဲ့ရာ တရားခံ အင္ၾကင္းၿမိဳင္အား 99 Legends Online Game ေလာင္းကစားရာတြင္ အသုံးျပဳေသာ All in One Computer ၁၃ လုံး၊ Monitor ၁၆ လုံး၊ System Box ၁၅ လုံး၊ UPS ၄၈ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားျဖင့္လည္းေကာင္း၊ ဩဂုတ္ ၂၅ ရက္ နံနက္ပိုင္းတြင္ 99 Legends Online Game ၏ HR အျဖစ္ ႀကီးၾကပ္လုပ္ကိုင္သူ နန္းဟြမ္ယုန္း(ခ)ရွန္းရွန္း(ခ)အစ္မအား ေဒါပုံၿမိဳနယ္၊ ဗိုလ္ထြန္းဇံရပ္ကြက္၊ ဗိုလ္ေတဇလမ္းႏွင့္ သစၥာလမ္းေထာင့္ရွိ ေနအိမ္၌ လက္ကိုင္ဖုန္းတစ္လုံးႏွင့္ Tabletတစ္လုံးျဖင့္လည္းေကာင္း၊ ဩဂုတ္ ၂၈ ရက္ နံနက္ပိုင္းတြင္ စီမံခန႔္ခြဲလုပ္ကိုင္သူ ေအာင္ေက်ာ္(ခ)AK အား ဗိုလ္တေထာင္ ၿမိဳနယ္၊ (၅)ရပ္ကြက္၊ ဗိုလ္တေထာင္ဘုရားလမ္း၊ အမွတ္(၁၂၃/၁၂၅)၌ iPhone (၃)လုံး၊ iPad (၁)လုံး၊ Apple MacBook (၄)လုံးတိုျဖင့္လည္းေကာင္း၊ စက္တင္ဘာလ ၁ ရက္ေန႔ ညေနပိုင္းတြင္ Leader အျဖစ္လုပ္ကိုင္သူ ခိုင္ႏွင္းေဝ(ခ)မခိုင္အား ေတာင္ဥကၠလာပၿမိဳနယ္၊ (၁၃)ရပ္ကြက္အုပ္ခ်ဳပ္ ေရးမႉး႐ုံးေရွ႕၌ လက္ကိုင္ဖုန္း(၁)လုံးျဖင့္လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူတရားခံ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးတို့အား သက်သေခံပစ္စည်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
============================
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်၊ အမှတ်(၃၁)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ အိမ်အမှတ်(၁၈၃)၌ Online လောင်းကစားပြုလုပ်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပိုချက်အရ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့ ညပိုင်းတွင် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ One5one၊ buffalo 169၊ fujiu နှင့် Sport169 Game Website များတွင် Agent အကောင့် ခုနစ်ခုဖွင့်လှစ်၍ Online Game လောင်းကစားလုပ်ငန်းအား ဦးဆောင်လုပ်ကိုင်သူ အေးဉာဏ်ပိုင်နှင့် တရားခံ အမျိုးသား ငါးဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၂၅ ဦးတိုအား Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော All In One Computer သုံးလုံး၊ System Box နှင့်တွဲလျက် Computer Desktop ရှစ်လုံး၊ Computer Desktop နှစ်လုံး၊ Laptop ၁၂ လုံး၊ ပရင်တာတစ်လုံး၊ လက်ကိုင်ဖုန်း ၃၆ လုံး၊ Tablet ဖုန်း သုံးလုံး၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ဩဂုတ် ၂၃ ရက်တွင် အေးဉာဏ်ပိုင်နှင့် ပူးတွဲလုပ်ကိုင်သူ စိုင်းအောင်သူ(ခ)ဖိုးရှမ်းအား တာချီလိတ်မြို၌ လက်ကိုင်ဖုန်းနှစ်လုံး၊ Tablet(၁)လုံးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၃ ရက် ညနေပိုင်းတွင် အလုံမြိုနယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၃၈၈/၃၉၈)၊ Golden Team Mansion အိမ်ရာ၊ မြေညီထပ်ရှိ အခန်းအမှတ်(B6/B7)အား ဝင်ရောက်စစ်ဆေးခဲ့ရာ တရားခံ အင်ကြင်းမြိုင်အား 99 Legends Online Game လောင်းကစားရာတွင် အသုံးပြုသော All in One Computer ၁၃ လုံး၊ Monitor ၁၆ လုံး၊ System Box ၁၅ လုံး၊ UPS ၄၈ လုံးနှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် 99 Legends Online Game ၏ HR အဖြစ် ကြီးကြပ်လုပ်ကိုင်သူ နန်းဟွမ်ယုန်း(ခ)ရှန်းရှန်း(ခ)အစ်မအား ဒေါပုံမြိုနယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်တေဇလမ်းနှင့် သစ္စာလမ်းထောင့်ရှိ နေအိမ်၌ လက်ကိုင်ဖုန်းတစ်လုံးနှင့် Tabletတစ်လုံးဖြင့်လည်းကောင်း၊ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ကျော်(ခ)AK အား ဗိုလ်တထောင် မြိုနယ်၊ (၅)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်း၊ အမှတ်(၁၂၃/၁၂၅)၌ iPhone (၃)လုံး၊ iPad (၁)လုံး၊ Apple MacBook (၄)လုံးတိုဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် Leader အဖြစ်လုပ်ကိုင်သူ ခိုင်နှင်းဝေ(ခ)မခိုင်အား တောင်ဥက္ကလာပမြိုနယ်၊ (၁၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးရှေ့၌ လက်ကိုင်ဖုန်း(၁)လုံးဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။




