(၂၀) ႀကိမ္ေျမာက္ အာရွအားကစားၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာ့တက္ဂ္ေဘာအဖြဲ႕ ဂ်ပန္ႏိုင္ငံသို႔ ထြက္ခြာ

(၂၀) ႀကိမ္ေျမာက္ အာရွအားကစားၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျမန္မာ့တက္ဂ္ေဘာအဖြဲ႕ ဂ်ပန္ႏိုင္ငံသို႔ ထြက္ခြာ
===================
စက္တင္ဘာ ၁၅

ဂ်ပန္ႏိုင္ငံ၊ အိုင္ခ်ီ-နာဂိုယာၿမိဳ႕တို႔တြင္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ (၂၀) ႀကိမ္ေျမာက္ အာရွအားကစားၿပိဳင္ပြဲ (20th Asian Games 2026) သို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာႏိုင္ငံ တက္ဂ္ေဘာ (Teqball) အားကစားအဖြဲ႕သည္ စက္တင္ဘာလ ၁၄ ရက္တြင္ ဂ်ပန္ႏိုင္ငံသို႔ ေလေၾကာင္းခရီးျဖင့္ ထြက္ခြာသြားၿပီ ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ အာရွၿပိဳင္ပြဲတြင္ တက္ဂ္ေဘာအားကစားနည္းကို ပထမဆုံးအႀကိမ္ တရားဝင္ထည့္သြင္းက်င္းပျခင္းျဖစ္ၿပီး ျမန္မာ့လက္ေ႐ြးစင္တက္ဂ္ေဘာအဖြဲ႕သည္ ၿပိဳင္ပြဲတြင္ ဆုတံဆိပ္ရရွိရန္အတြက္ ထိုင္းႏိုင္ငံသားနည္းျပခ်ဳပ္၏ ဦးေဆာင္မႈျဖင့္ ကာလရွည္ၾကာ စနစ္တက် စိစစ္ေလ့က်င့္ ျပင္ဆင္ခဲ့ေၾကာင္း သိရသည္။

၂၀ ႀကိမ္ေျမာက္ အာရွၿပိဳင္ပြဲ၏ တက္ဂ္ေဘာၿပိဳင္ပြဲမ်ားကို စက္တင္ဘာလ ၁၇ ရက္မွ ၂၀ ရက္ေန႔အထိ Nagoya Arena ၌ က်င္းပသြားမည္ျဖစ္ရာ ျမန္မာအသင္းအေနျဖင့္ ရာသီဥတုႏွင့္ ကြင္းအေျခအေနမ်ား က်င့္သားရေစရန္အတြက္ ၿပိဳင္ပြဲမစတင္မီ ႀကိဳတင္ထြက္ခြာသြားျခင္း ျဖစ္သည္။

အဆိုပါ ဂ်ပန္အာရွၿပိဳင္ပြဲသို႔ ျမန္မာႏိုင္ငံအေနျဖင့္ တက္ဂ္ေဘာအားကစားနည္းအျပင္ ပိုက္ေက်ာ္ျခင္း၊ အမ်ိဳးသမီးေဘာလုံး၊ အီးစေပါ့ (Esports) ႏွင့္ ဂြၽမ္းဘား စသည့္ အားကစားနည္း (၅) မ်ိဳးျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။


(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တက်ဂ်ဘောအဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ
===================
စက်တင်ဘာ ၁၅

ဂျပန်နိုင်ငံ၊ အိုင်ချီ-နာဂိုယာမြို့တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ တက်ဂ်ဘော (Teqball) အားကစားအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်တွင် ဂျပန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် အာရှပြိုင်ပွဲတွင် တက်ဂ်ဘောအားကစားနည်းကို ပထမဆုံးအကြိမ် တရားဝင်ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအဖွဲ့သည် ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိရန်အတွက် ထိုင်းနိုင်ငံသားနည်းပြချုပ်၏ ဦးဆောင်မှုဖြင့် ကာလရှည်ကြာ စနစ်တကျ စိစစ်လေ့ကျင့် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

၂၀ ကြိမ်မြောက် အာရှပြိုင်ပွဲ၏ တက်ဂ်ဘောပြိုင်ပွဲများကို စက်တင်ဘာလ ၁၇ ရက်မှ ၂၀ ရက်နေ့အထိ Nagoya Arena ၌ ကျင်းပသွားမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ရာသီဥတုနှင့် ကွင်းအခြေအနေများ ကျင့်သားရစေရန်အတွက် ပြိုင်ပွဲမစတင်မီ ကြိုတင်ထွက်ခွာသွားခြင်း ဖြစ်သည်။

အဆိုပါ ဂျပန်အာရှပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် တက်ဂ်ဘောအားကစားနည်းအပြင် ပိုက်ကျော်ခြင်း၊ အမျိုးသမီးဘောလုံး၊ အီးစပေါ့ (Esports) နှင့် ဂျွမ်းဘား စသည့် အားကစားနည်း (၅) မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။