2026 US Open Junior Girl’s ၿပိဳင္ပြဲတြင္ ခရစ္တီးနားႏွင့္အန္နီကာတို႔ ခ်န္ပီယံဆုဆြတ္ခူး

2026 US Open Junior Girl’s ၿပိဳင္ပြဲတြင္ ခရစ္တီးနားႏွင့္အန္နီကာတို႔ ခ်န္ပီယံဆုဆြတ္ခူး
=============================
အေမရိကန္ႏိုင္ငံ၌က်င္းပခဲ့သည့္ 2026 US Open Junior Girl’s ၿပိဳင္ပြဲတြင္ အေမရိကန္တင္းနစ္ အႁမြာညီအစ္မမ်ားျဖစ္သည့္ ခရစ္တီးနားႏွင့္အန္နီကာတို႔က ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့သည္။

2026 US Open Junior Girl’s ၿပိဳင္ပြဲတြင္ ခရစ္တီးနားႏွင့္အန္နီကာတို႔သည္ ဆီမီးဖိုင္နယ္အဆင့္တြင္ အိႏၵိယတင္းနစ္မယ္ ရီဗာသီႏွင့္ယူကရိန္းတင္းနစ္မယ္ ဆူရွာကိုဗာတို႔အတြဲကို (၇-၆)၊ (၆-၂) ရလဒ္ျဖင့္အႏိုင္ရရွိၿပီး ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ထို႔ေနာက္ ဗိုလ္လုပြဲစဥ္အျဖစ္ ခရစ္တီးနားႏွင့္အန္နီကာတို႔သည္ ႐ုရွားတင္းနစ္မယ္မ်ားျဖစ္ၾကသည့္ ဘရီဇီနာ၊ တီယန္ရီဗီတို႔အတြဲႏွင့္ကစားရာတြင္ (၇-၆)၊ (၆-၃)ရလဒ္ျဖင့္အႏိုင္ရရွိခဲ့ၿပီး ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။

ခရစ္တီးနားႏွင့္အန္နီကာတို႔အတြဲသည္ ၂၀၂၅ ခုႏွစ္ကလည္း ဂရင္းဆလင္းအဆင့္ၿပိဳင္ပြဲျဖစ္သည့္ Australian Open Junior Girls ၿပိဳင္ပြဲတြင္ ခ်န္ပီယံ ဆုဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ယခုအခါတြင္လည္း ဂ်ဴနီယာဂရင္းဆလင္းအဆင့္ၿပိဳင္ပြဲျဖစ္သည့္ 2026 US Open Junior Girl’s ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည့္အတြက္ ဒုတိယအႀကိမ္ေျမာက္ ဂ်ဴနီယာအဆင့္ဂရင္းဆလင္းအဆင့္တြင္ ခ်န္ပီယံဆုဆြတ္ခူးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ _Ref; US Open Tennis #MWD


2026 US Open Junior Girl’s ပြိုင်ပွဲတွင် ခရစ်တီးနားနှင့်အန်နီကာတို့ ချန်ပီယံဆုဆွတ်ခူး
=============================
အမေရိကန်နိုင်ငံ၌ကျင်းပခဲ့သည့် 2026 US Open Junior Girl’s ပြိုင်ပွဲတွင် အမေရိကန်တင်းနစ် အမြွာညီအစ်မများဖြစ်သည့် ခရစ်တီးနားနှင့်အန်နီကာတို့က ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။

2026 US Open Junior Girl’s ပြိုင်ပွဲတွင် ခရစ်တီးနားနှင့်အန်နီကာတို့သည် ဆီမီးဖိုင်နယ်အဆင့်တွင် အိန္ဒိယတင်းနစ်မယ် ရီဗာသီနှင့်ယူကရိန်းတင်းနစ်မယ် ဆူရှာကိုဗာတို့အတွဲကို (၇-၆)၊ (၆-၂) ရလဒ်ဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဗိုလ်လုပွဲစဉ်အဖြစ် ခရစ်တီးနားနှင့်အန်နီကာတို့သည် ရုရှားတင်းနစ်မယ်များဖြစ်ကြသည့် ဘရီဇီနာ၊ တီယန်ရီဗီတို့အတွဲနှင့်ကစားရာတွင် (၇-၆)၊ (၆-၃)ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ခရစ်တီးနားနှင့်အန်နီကာတို့အတွဲသည် ၂၀၂၅ ခုနှစ်ကလည်း ဂရင်းဆလင်းအဆင့်ပြိုင်ပွဲဖြစ်သည့် Australian Open Junior Girls ပြိုင်ပွဲတွင် ချန်ပီယံ ဆုဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယခုအခါတွင်လည်း ဂျူနီယာဂရင်းဆလင်းအဆင့်ပြိုင်ပွဲဖြစ်သည့် 2026 US Open Junior Girl’s ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် ဒုတိယအကြိမ်မြောက် ဂျူနီယာအဆင့်ဂရင်းဆလင်းအဆင့်တွင် ချန်ပီယံဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ _Ref; US Open Tennis #MWD