ေနျပည္ေတာ္တြင္ ဆိုင္ကယ္မ်ား လိုက္လံခိုးယူသူႏွစ္ဦးအား ဆိုင္ကယ္ ၁၉ စီးႏွင့္အတူ ဖမ္းမိ

ေနျပည္ေတာ္တြင္ ဆိုင္ကယ္မ်ား လိုက္လံခိုးယူသူႏွစ္ဦးအား ဆိုင္ကယ္ ၁၉ စီးႏွင့္အတူ ဖမ္းမိ
=======================
စက္တင္ဘာ ၉

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ေမာ္ေတာ္ဆိုင္ကယ္မ်ား လိုက္လံခိုးယူခဲ့သည့္ အမ်ိဳးသားႏွစ္ဦးကို သက္ေသခံေမာ္ေတာ္ဆိုင္ကယ္ ၁၉ စီးႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ေမ ၁၂ ရက္ နံနက္ပိုင္းတြင္ ပ်ဥ္းမနားၿမိဳ႕နယ္၊ စက္႐ုံေက်း႐ြာေန မထက္ထက္ၿဖိဳးသည္ Honda Wave-100 အမ်ိဳးအစား ေမာ္ေတာ္ဆိုင္ကယ္ကို ေဈးကုန္းေက်း႐ြာရွိ ဆင္ေ-သေဈးအနီး၌ ရပ္ထားခဲ့ၿပီး ေဈးဝယ္သြားရာမွ ျပန္လာစဥ္ ဆိုင္ကယ္ေပ်-ာက္ဆုံးေနသည္ကို ေတြ႕ရွိခဲ့သည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ပ်ဥ္းမနားၿမိဳ႕မရဲစခန္း၌ (ပ)၁၄၅/၂၀၂၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ ျဖင့္ အမႈဖြင့္၍ စုံစမ္းစစ္ေဆးခဲ့သည္။

ရဲတပ္ဖြဲ႕က သတင္းရယူစုံစမ္းမႈမ်ား ေဆာင္႐ြက္ခဲ့ရာ စက္တင္ဘာ ၁ ရက္ ညပိုင္းတြင္ ျပစ္မႈက်ဴးလြန္သူမ်ားျဖစ္သည့္ ပ်ဥ္းမနားၿမိဳ႕နယ္၊ ေညာင္ပင္သာေက်း႐ြာေန လမင္းေဇာ္ႏွင့္ ဥယ်ာဥ္စုရပ္ကြက္ေန ဇင္ရဲထြန္း (ခ) ရဲထြန္းတို႔ကို ၎တို႔၏ ေနအိမ္အသီးသီး၌ ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူႏွစ္ဦးအား ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ၂၀၂၆ ခုႏွစ္ ေမ၊ ဇြန္ႏွင့္ ဇူလိုင္လမ်ားအတြင္း ပ်ဥ္းမနားၿမိဳ႕နယ္မွ ေမာ္ေတာ္ဆိုင္ကယ္ ၁၃ စီးႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ အျခားၿမိဳ႕နယ္မ်ားမွ ေမာ္ေတာ္ဆိုင္ကယ္ ေျခာက္စီး၊ စုစုေပါင္း ၁၉ စီးကို ခိုးယူခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရၿပီး အဆိုပါဆိုင္ကယ္မ်ားကိုလည္း ျပန္လည္သိမ္းဆည္းရမိခဲ့သည္။

လက္ရွိတြင္ လမင္းေဇာ္ႏွင့္ ဇင္ရဲထြန္း (ခ) ရဲထြန္းတို႔အား သက္ဆိုင္ရာနယ္ေျမရဲစခန္းအသီးသီး၌ အမႈေပါင္း ၁၆ မႈျဖင့္ အမႈဖြင့္ထားၿပီး ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။


နေပြည်တော်တွင် ဆိုင်ကယ်များ လိုက်လံခိုးယူသူနှစ်ဦးအား ဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖမ်းမိ
=======================
စက်တင်ဘာ ၉

နေပြည်တော်ကောင်စီနယ်မြေအတွင်း မော်တော်ဆိုင်ကယ်များ လိုက်လံခိုးယူခဲ့သည့် အမျိုးသားနှစ်ဦးကို သက်သေခံမော်တော်ဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၁၂ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ မထက်ထက်ဖြိုးသည် Honda Wave-100 အမျိုးအစား မော်တော်ဆိုင်ကယ်ကို ဈေးကုန်းကျေးရွာရှိ ဆင်ေ-သဈေးအနီး၌ ရပ်ထားခဲ့ပြီး ဈေးဝယ်သွားရာမှ ပြန်လာစဉ် ဆိုင်ကယ်ပျေ-ာက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပျဉ်းမနားမြို့မရဲစခန်း၌ (ပ)၁၄၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးခဲ့သည်။

ရဲတပ်ဖွဲ့က သတင်းရယူစုံစမ်းမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ လမင်းဇော်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း (ခ) ရဲထွန်းတို့ကို ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူနှစ်ဦးအား ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ၂၀၂၆ ခုနှစ် မေ၊ ဇွန်နှင့် ဇူလိုင်လများအတွင်း ပျဉ်းမနားမြို့နယ်မှ မော်တော်ဆိုင်ကယ် ၁၃ စီးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြားမြို့နယ်များမှ မော်တော်ဆိုင်ကယ် ခြောက်စီး၊ စုစုပေါင်း ၁၉ စီးကို ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရပြီး အဆိုပါဆိုင်ကယ်များကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် လမင်းဇော်နှင့် ဇင်ရဲထွန်း (ခ) ရဲထွန်းတို့အား သက်ဆိုင်ရာနယ်မြေရဲစခန်းအသီးသီး၌ အမှုပေါင်း ၁၆ မှုဖြင့် အမှုဖွင့်ထားပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။