မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္း ဧရိယာ ၆၁,၀၀၈ ဧကရွိ သုဝဏၰသွ်ံေတာင္ ႀကိဳးျပင္ကာကြယ္ေတာ သတ္မွတ္

မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္း ဧရိယာ ၆၁,၀၀၈ ဧကရွိ သုဝဏၰသွ်ံေတာင္ ႀကိဳးျပင္ကာကြယ္ေတာ သတ္မွတ္
=======================
ရွမ္းျပည္နယ္၊ က်ိဳင္းတုံခ႐ိုင္၊ မိုင္းပ်ဥ္းၿမိဳ႕နယ္အတြင္း က်ေရာက္ေနသည့္ ဧရိယာအက်ယ္အဝန္း ၆၁,၀၀၈ ဧကရွိ နယ္ေျမကို “သုဝဏၰသွ်ံေတာင္ ႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္ သတ္မွတ္လိုက္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနထံမွ သိရသည္။
အဆိုပါ ႀကိဳးျပင္ကာကြယ္ေတာကို ၂၀၁၈ ခုႏွစ္ သစ္ေတာဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ (င) အရ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္မ်ားကို က်င့္သုံး၍ ၂၀၂၆ ခုႏွစ္၊ စက္တင္ဘာ ၁ ရက္မွစတင္ကာ အတည္ျပဳ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။
ႀကိဳးျပင္ကာကြယ္ေတာ သတ္မွတ္ျခင္းျဖင့္ ေဒသအတြင္း သစ္ေတာဖုံးလႊမ္းေနသည့္ နယ္ေျမမ်ားကို ဥပေဒႏွင့္အညီ ပိုမိုထိေရာက္စြာ ကာကြယ္ထိန္းသိမ္းႏိုင္မည္ျဖစ္ၿပီး သဘာဝေဂဟစနစ္မ်ားႏွင့္ ေရထြက္ေဒသမ်ားကို ေရရွည္တည္တံ့ေစကာ ရာသီဥတုေျပာင္းလဲမႈ၏ သက္ေရာက္မႈမ်ားကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္သည္။
သုဝဏၰသွ်ံေတာင္ ႀကိဳးျပင္ကာကြယ္ေတာအတြင္း ကြၽန္း၊ ထင္းရႉး၊ အင္ၾကင္း၊ သစ္အယ္၊ သစ္ခ်၊ သစ္ယား (ေလာက္ယား) ႏွင့္ ေတာင္တမာ စသည့္ အဖိုးတန္သစ္ပင္မ်ိဳးစိတ္မ်ားအျပင္ ေမ်ာက္၊ ေတာဝက္၊ ဂ်ီ၊ ဆတ္၊ ယုန္၊ ေတာၾကက္၊ ခါႏွင့္ ငုံး စသည့္ ေတာ႐ိုင္းတိရစာၦန္မ်ား၏ သဘာဝေနထိုင္က်က္စားရာ နယ္ေျမမ်ားကို ပါဝင္ ထိန္းသိမ္းႏိုင္မည္ျဖစ္သည္။
ထို႔ျပင္ ေရထြက္စိမ့္စမ္းမ်ား ပိုမိုေကာင္းမြန္လာမည္ျဖစ္၍ ေဒသခံျပည္သူမ်ား၏ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ဥယ်ာဥ္ၿခံေျမလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစကာ ေက်း႐ြာသုံးေရ အရင္းအျမစ္မ်ားႏွင့္ လူမႈစီးပြားဘဝကို မ်ားစြာ အေထာက္အကူျပဳႏိုင္မည္ျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ သယံဇာတ
မိုင်းပျဉ်းမြို့နယ်အတွင်း ဧရိယာ ၆၁,၀၀၈ ဧကရှိ သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ်
=======================
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၆၁,၀၀၈ ဧကရှိ နယ်မြေကို “သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ ကြိုးပြင်ကာကွယ်တောကို ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစတင်ကာ အတည်ပြု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒေသအတွင်း သစ်တောဖုံးလွှမ်းနေသည့် နယ်မြေများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး သဘာဝဂေဟစနစ်များနှင့် ရေထွက်ဒေသများကို ရေရှည်တည်တံ့စေကာ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။
သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တောအတွင်း ကျွန်း၊ ထင်းရှူး၊ အင်ကြင်း၊ သစ်အယ်၊ သစ်ချ၊ သစ်ယား (လောက်ယား) နှင့် တောင်တမာ စသည့် အဖိုးတန်သစ်ပင်မျိုးစိတ်များအပြင် မျောက်၊ တောဝက်၊ ဂျီ၊ ဆတ်၊ ယုန်၊ တောကြက်၊ ခါနှင့် ငုံး စသည့် တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေထိုင်ကျက်စားရာ နယ်မြေများကို ပါဝင် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ထို့ပြင် ရေထွက်စိမ့်စမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်၍ ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေကာ ကျေးရွာသုံးရေ အရင်းအမြစ်များနှင့် လူမှုစီးပွားဘဝကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သယံဇာတ




