သင့္မွာ ေသြး တိုးရွိရင္ ဒီအစားအစာ ‌ေ-တြ မစားသင့္ပါဘူး

သင့္မွာ ေသြးတိုးရွိရင္ ဒီအစားအစာေတြ မစားသင့္ပါဘူး
======================
နာတာရွည္ ေသြးတိုးေရာဂါဆိုတာ က်ား၊ မ မေ႐ြး ျဖစ္ႏိုင္ၿပီး အသက္ႀကီးတဲ့သူေတြမွာ ပိုၿပီး အျဖစ္မ်ားတဲ့ ေရာဂါျဖစ္ပါတယ္။ ေနထိုင္စားေသာက္မႈပုံစံမမွန္တာ၊ အစာအာဟာရမွ်တေအာင္ မစားတဲ့ လူငယ္ပိုင္းေတြမွာ ေသြးတိုးျဖစ္ႏိုင္ေျခ ျမင့္တက္လာပါတယ္။

ေသြးတိုးေရာဂါ ရွိၿပီဆိုရင္ ဆရာဝန္နဲ႔ အၿမဲ ျပသၿပီး ကိုယ့္ရဲ႕ က်န္းမာေရးအေျခအေနကို ေလ့လာစစ္ေဆးၾကည့္ဖို႔ လိုအပ္ပါတယ္။ ေသြးတိုးက်ေစမယ့္ ေဆးကို အၿမဲေသာက္ေပးရမယ္။ အာဟာရရွိတဲ့ အစားအစာေတြကို စားေပးရမယ္။ ကိုယ္လက္ေလ့က်င့္ခန္း ပုံမွန္လုပ္ေပးရမယ္။ ဒါဆိုရင္ သက္တမ္းရွည္ၾကာစြာ ေနႏိုင္ၿပီး ေသြးတိုးေၾကာင့္ ေနာက္ဆက္တြဲ ေရာဂါေတြ ဝင္လာႏိုင္ဖို အခြင့္အလမ္း အလြန္နည္းသြားမွာ ျဖစ္ပါတယ္။

ေသြးတိုးရွိသူေတြမွာ အစာအာဟာရကို လြန္စြာ ဂ႐ုစိုက္ဖို လိုအပ္တဲ့အတြက္ ေသြးေပါင္ခ်ိန္တက္ေစႏိုင္တဲ့ တခ်ိဳေသာ အစားအစာေတြကို ေရွာင္ၾကဥ္ဖို လိုအပ္ပါတယ္။ ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးဝလံေတြကို မ်ားမ်ားစားေပးရမယ္။ အသားဓါတ္ ျပည့္ဝစြာ စားေပးရမယ္။ ပဲ၊ အဆီထုတ္ထားတဲ့ ႏြားႏိုနဲ႔ ႏိုထြက္ပစၥည္းေတြကိုလည္း စားေပးရပါမယ္။ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းဖို႔ လိုအပ္ပါတယ္။

ဒါေၾကာင့္ ေသြးတိုးရွိသူေတြအေနနဲ႔ ေသြးေပါင္ခ်ိန္ တက္ေစႏိုင္တဲ့ အစားအစာေတြ၊ ေရွာင္ၾကဥ္သင့္တဲ့ အစားအစာေတြကို ဗဟုသုတအေနနဲ႔ ေဝမွ်ေပးခ်င္ပါတယ္။

၁။ ဆား

အငန္ဓါတ္ဟာ ေသြးတိုးေရာဂါကို ပိုဆိုးသြားေစႏိုင္တဲ့ အဓိကတရားခံေတြက တစ္ခုပါပဲ။ အငန္ဓါတ္စားသုံးမႈ မ်ားျခင္းေၾကာင့္ ယေန႔ေခတ္မွာ ေသြးတိုးေရာဂါ ရွိေနတဲ့ သူအေရအတြက္ဟာ မ်ားသထက္ မ်ားလာပါတယ္။ ဒါေၾကာင့္ အစားအစာခ်က္ျပဳတ္ေတာ့မယ္ဆိုရင္ ဆားကို ေလွ်ာ့ထည့္ပါ။ ေပါ့ေပါ့ပါးပါးနဲ႔ အစာေၾကလြယ္ေစမယ့္ အရသာမ်ိဳးျဖစ္ေအာင္ ခ်က္ျပဳတ္ပါ။

၂။ သိုေလွာင္ထားတဲ့ အသား

စတိုးဆိုင္ေတြမွာ တာရွည္ခံေအာင္ ထုတ္ပိုးျပင္ဆင္ထားတဲ့ အသားေတြဟာ လတ္ဆတ္တယ္လို ထင္ရပါတယ္။ တကယ္ကေတာ့ ဒီအသားေတြကို ဆား၊ အခ်ိဳမႈန႔္ေတြနဲ႔ နယ္ထားတဲ့အျပင္ တာရွည္ခံေစဖို ဓါတုေဗဒနည္းပညာေတြနဲ႔ ျပဳလုပ္ထားတာ ျဖစ္တဲ့အတြက္ ေသြးတိုးရွင္ေတြအတြက္ ေသြးေပါင္တက္ေစႏိုင္တဲ့အျပင္ က်န္းမာေရးအတြက္လည္း ေရရွည္မွာ ဆိုးက်ိဳးမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။

၃။ ပီဇာ

ဆိုင္မွာ အလြယ္တကူ မွာစားလို ရတဲ့ ပီဇာျဖစ္ပါေစ၊ တာရွည္ခံေအာင္ အေအးခန္းထဲမွာ ထုတ္ပိုးၿပီး ျပဳလုပ္ထားတဲ့ ပီဇာေတြဟာ ေသြးတိုးေရာဂါရွင္ေတြ ေရွာင္သင့္တဲ့ အစားအစာ စာရင္းထဲမွာ ပါပါတယ္။ ကိုယ်ခန္ဓါအတွက် မေကာင္းတဲ့ ကယ္လိုရီနဲ႔ ကိုလက္စထေရာဓါတ္ေတြ မ်ားတဲ့အျပင္ ဆားနဲ႔ ဟင္းခတ္မႈန႔္မ်ားစြာ ပါဝင္တဲ့အတြက္ က်န္းမာေရးအတြက္ မေကာင္းပါဘူး။

၄။ ဆားရည္စိမ္ထားတဲ့ ဟင္းသီးဟင္း႐ြက္

ကြၽန္ေတာ္တို ျမန္မာလူမ်ိဳးေတြ အလြန္ႀကိဳက္ၾကတဲ့ တိုစရာေတြထဲမွာ ဆားရည္စိမ္ထားတဲ့ ဟင္းသီးဟင္း႐ြက္ေတြဟာလည္း ထိပ္ဆုံးက ပါဝင္ေနပါတယ္။ သဘာဝနည္းလမ္းနဲ႔ တာရွည္ခံေအာင္ ျပဳလုပ္ဖိုအတြက္ ဆားရည္နဲ႔ နာရီေပါင္းမ်ားစြာ ႏွပ္ေနေအာင္ စိမ္ထားတာ ျဖစ္ပါတယ္။ ဒီအခါမွာ သခြားသီးလို က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတာင္ ဆားရည္ေတြ အတြင္းထဲထိ စိမ့္ဝင္သြားတဲ့အတြက္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

၅။ သိုေလွာင္ထားတဲ့ ခရမ္းခ်ဥ္သီး အႏွစ္

စည္သြပ္ဘူးနဲ႔ ျဖစ္ေစ၊ ဖန္ပုလင္းနဲ႔ ျဖစ္ေစ ခရမ္းခ်ဥ္သီး အႏွစ္ကို သိုေလွာင္တဲ့ အခါ ဆားကို ထည့္ေပးရပါတယ္။ ေသြးတိုးေရာဂါရွင္တိုင္း ေရွာင္ၾကဥ္သင့္တဲ့ အရာေတြထဲမွာ ဆားဟာ ထိပ္ဆုံးက ပါဝင္ေနပါတယ္။ ဒါေၾကာင့္ တာရွည္ခံေအာင္ ဆားထည့္ၿပီး သိုေလွာင္ထားတဲ့ ခရမ္းခ်ဥ္သီးအႏွစ္အစား လတ္လတ္ဆတ္ဆတ္ ခရမ္းခ်ဥ္သီးကို လွီးစိတ္ၿပီး ခ်က္ျပဳတ္တာဟာ အရသာပိုရွိသလို က်န္းမာေရးနဲ႔လည္း ပိုၿပီး သင့္ေတာ္ပါတယ္။

၆။ သၾကား

ဆီးခ်ိဳေရာဂါဖစ္ေစတဲ့ အဓိကတရားခံအျဖစ္ သၾကားကို လူသိမ်ားၾကပါတယ္။ အခ်ိဳဓါတ္ စားသုံးမႈ မ်ားလာတဲ့အခါ ကိုယ္အေလးခ်ိန္ တက္ၿပီး အဝလြန္လာမယ္။ ဆီးခ်ိဳျဖစ္လာတဲ့အခါ ေသြးတိုးေရာဂါျဖစ္ဖို အခြင့္အလမ္း ပိုမ်ားလာပါတယ္။ ေသြးတိုးရွိၿပီးသားသူေတြအတြက္ ေသြးတြင္း သၾကားဓါတ္ကို ျမင့္တက္ေစတဲ့အျပင္ ေသြးေပါင္တက္ေစႏိုင္တာေၾကာင့္ မစားသင့္ပါဘူး။ အခ်ိဳဓါတ္မ်ားတဲ့ မုန႔္ေတြ၊ အေအး၊ ေဖ်ာ္ရည္ေတြ၊ စားစရာထဲမွာ သၾကား အလြန္အကြၽံထည့္တာမ်ိဳး ေရွာင္ၾကဥ္သင့္ပါတယ္။

၇။ အဆီ

အငန္ဓါတ္နဲ႔ အခ်ိဳဓါတ္အျပင္ ကိုယ္ခႏၶာကို ဒုကၡေပးႏိုင္တဲ့ အရာေတြထဲမွာ ျပည့္ဝဆီနဲ႔ မသန႔္ရွင္းတဲ့ အဆီ၊ ကိုလက္စထေရာမ်ားတဲ့ အဆီ စားသုံးျခင္းလည္း တစ္ခုအပါအဝင္ပါပဲ။ အနီေရာင္ရွိတဲ့ အသားေတြ ဥပမာ ဝက္သား၊ အမဲသား၊ ၾကက္အေရခြံ၊ အဆီမထုတ္ထားတဲ့ ႏိုထြက္ပစၥည္းေတြ၊ ေထာပတ္၊ စားအုန္းဆီေတြကို ေလွ်ာ့စားေပးပါ။ မျပည့္ဝဆီေတြ ျဖစ္တဲ့ ပဲဆီ၊ ႏွမ္းဆီ၊ သံလြင္ဆီ၊ ေထာပတ္သီး အဆီအႏွစ္ေတြကေတာ့ ေသြးတိုးေရာဂါရွင္ေတြအတြက္ စားဖို သင့္ေလ်ာ္ပါတယ္။

၈။ အရက္

အရက္ေသာက္ျခင္းေၾကာင့္ အသည္း၊ ေက်ာက္ကပ္၊ ႏွလုံးက်န္းမာေရးကို ထိခိုက္ေစတဲ့အျပင္ ေသြးတိုးေရာဂါရွင္ေတြလည္း ေသြးေပါင္တက္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြ ျဖစ္တဲ့ ကင္ဆာေရာဂါ၊ အသည္းအဆီဖုံးတာ၊ အဝလြန္တာ၊ ကိုယ္အေလးခ်ိန္တက္တာေတြပါ ျဖစ္လာႏိုင္ပါတယ္။

ဒါဆိုရင္ ေသြးတိုးေရာဂါရွိတဲ့သူေတြ ဘာစားေပးသင့္လဲ?။

အမွ်င္ဓါတ္မ်ားတဲ့ အစားအစာေတြ၊ ဟင္းသီးဟင္း႐ြက္၊ သစ္သီးဝလံတိုကို အဓိကစားသုံးေပးပါ။ အဆီ၊ အငန္၊ အခ်ိဳ စားသုံးမႈ နည္းႏိုင္သမွ် နည္းေအာင္ စားပါ။ ေလ့က်င့္ခန္း မ်ားမ်ားလုပ္ပါ။ ေဆးလိပ္၊ အရက္ ေလွ်ာ့ေသာက္ပါ။ အထိုင္မ်ားၿပီး လႈပ္ရွားမႈနည္းျခင္းဟာလည္း ေသြးတိုးေရာဂါသည္ေတြအတြက္ မေကာင္းတဲ့ အေလ့အက်င့္ျဖစ္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။

Card : HelloSayarwon

#Yoyarlay


သင့်မှာ သွေးတိုးရှိရင် ဒီအစားအစာတွေ မစားသင့်ပါဘူး
======================
နာတာရှည် သွေးတိုးရောဂါဆိုတာ ကျား၊ မ မရွေး ဖြစ်နိုင်ပြီး အသက်ကြီးတဲ့သူတွေမှာ ပိုပြီး အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံမမှန်တာ၊ အစာအာဟာရမျှတအောင် မစားတဲ့ လူငယ်ပိုင်းတွေမှာ သွေးတိုးဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

သွေးတိုးရောဂါ ရှိပြီဆိုရင် ဆရာဝန်နဲ့ အမြဲ ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို လေ့လာစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ သွေးတိုးကျစေမယ့် ဆေးကို အမြဲသောက်ပေးရမယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားပေးရမယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရမယ်။ ဒါဆိုရင် သက်တမ်းရှည်ကြာစွာ နေနိုင်ပြီး သွေးတိုးကြောင့် နောက်ဆက်တွဲ ရောဂါတွေ ဝင်လာနိုင်ဖို အခွင့်အလမ်း အလွန်နည်းသွားမှာ ဖြစ်ပါတယ်။

သွေးတိုးရှိသူတွေမှာ အစာအာဟာရကို လွန်စွာ ဂရုစိုက်ဖို လိုအပ်တဲ့အတွက် သွေးပေါင်ချိန်တက်စေနိုင်တဲ့ တချိုသော အစားအစာတွေကို ရှောင်ကြဉ်ဖို လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရမယ်။ အသားဓါတ် ပြည့်ဝစွာ စားပေးရမယ်။ ပဲ၊ အဆီထုတ်ထားတဲ့ နွားနိုနဲ့ နိုထွက်ပစ္စည်းတွေကိုလည်း စားပေးရပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းဖို့ လိုအပ်ပါတယ်။

ဒါကြောင့် သွေးတိုးရှိသူတွေအနေနဲ့ သွေးပေါင်ချိန် တက်စေနိုင်တဲ့ အစားအစာတွေ၊ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

၁။ ဆား

အငန်ဓါတ်ဟာ သွေးတိုးရောဂါကို ပိုဆိုးသွားစေနိုင်တဲ့ အဓိကတရားခံတွေက တစ်ခုပါပဲ။ အငန်ဓါတ်စားသုံးမှု များခြင်းကြောင့် ယနေ့ခေတ်မှာ သွေးတိုးရောဂါ ရှိနေတဲ့ သူအရေအတွက်ဟာ များသထက် များလာပါတယ်။ ဒါကြောင့် အစားအစာချက်ပြုတ်တော့မယ်ဆိုရင် ဆားကို လျှော့ထည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေမယ့် အရသာမျိုးဖြစ်အောင် ချက်ပြုတ်ပါ။

၂။ သိုလှောင်ထားတဲ့ အသား

စတိုးဆိုင်တွေမှာ တာရှည်ခံအောင် ထုတ်ပိုးပြင်ဆင်ထားတဲ့ အသားတွေဟာ လတ်ဆတ်တယ်လို ထင်ရပါတယ်။ တကယ်ကတော့ ဒီအသားတွေကို ဆား၊ အချိုမှုန့်တွေနဲ့ နယ်ထားတဲ့အပြင် တာရှည်ခံစေဖို ဓါတုဗေဒနည်းပညာတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် သွေးတိုးရှင်တွေအတွက် သွေးပေါင်တက်စေနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

၃။ ပီဇာ

ဆိုင်မှာ အလွယ်တကူ မှာစားလို ရတဲ့ ပီဇာဖြစ်ပါစေ၊ တာရှည်ခံအောင် အအေးခန်းထဲမှာ ထုတ်ပိုးပြီး ပြုလုပ်ထားတဲ့ ပီဇာတွေဟာ သွေးတိုးရောဂါရှင်တွေ ရှောင်သင့်တဲ့ အစားအစာ စာရင်းထဲမှာ ပါပါတယ်။ ကိုယျခန်ဓါအတှကျ မကောင်းတဲ့ ကယ်လိုရီနဲ့ ကိုလက်စထရောဓါတ်တွေ များတဲ့အပြင် ဆားနဲ့ ဟင်းခတ်မှုန့်များစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် မကောင်းပါဘူး။

၄။ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်

ကျွန်တော်တို မြန်မာလူမျိုးတွေ အလွန်ကြိုက်ကြတဲ့ တိုစရာတွေထဲမှာ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ သဘာဝနည်းလမ်းနဲ့ တာရှည်ခံအောင် ပြုလုပ်ဖိုအတွက် ဆားရည်နဲ့ နာရီပေါင်းများစွာ နှပ်နေအောင် စိမ်ထားတာ ဖြစ်ပါတယ်။ ဒီအခါမှာ သခွားသီးလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတောင် ဆားရည်တွေ အတွင်းထဲထိ စိမ့်ဝင်သွားတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၅။ သိုလှောင်ထားတဲ့ ခရမ်းချဉ်သီး အနှစ်

စည်သွပ်ဘူးနဲ့ ဖြစ်စေ၊ ဖန်ပုလင်းနဲ့ ဖြစ်စေ ခရမ်းချဉ်သီး အနှစ်ကို သိုလှောင်တဲ့ အခါ ဆားကို ထည့်ပေးရပါတယ်။ သွေးတိုးရောဂါရှင်တိုင်း ရှောင်ကြဉ်သင့်တဲ့ အရာတွေထဲမှာ ဆားဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် တာရှည်ခံအောင် ဆားထည့်ပြီး သိုလှောင်ထားတဲ့ ခရမ်းချဉ်သီးအနှစ်အစား လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးကို လှီးစိတ်ပြီး ချက်ပြုတ်တာဟာ အရသာပိုရှိသလို ကျန်းမာရေးနဲ့လည်း ပိုပြီး သင့်တော်ပါတယ်။

၆။ သကြား

ဆီးချိုရောဂါဖစ်စေတဲ့ အဓိကတရားခံအဖြစ် သကြားကို လူသိများကြပါတယ်။ အချိုဓါတ် စားသုံးမှု များလာတဲ့အခါ ကိုယ်အလေးချိန် တက်ပြီး အဝလွန်လာမယ်။ ဆီးချိုဖြစ်လာတဲ့အခါ သွေးတိုးရောဂါဖြစ်ဖို အခွင့်အလမ်း ပိုများလာပါတယ်။ သွေးတိုးရှိပြီးသားသူတွေအတွက် သွေးတွင်း သကြားဓါတ်ကို မြင့်တက်စေတဲ့အပြင် သွေးပေါင်တက်စေနိုင်တာကြောင့် မစားသင့်ပါဘူး။ အချိုဓါတ်များတဲ့ မုန့်တွေ၊ အအေး၊ ဖျော်ရည်တွေ၊ စားစရာထဲမှာ သကြား အလွန်အကျွံထည့်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

၇။ အဆီ

အငန်ဓါတ်နဲ့ အချိုဓါတ်အပြင် ကိုယ်ခန္ဓာကို ဒုက္ခပေးနိုင်တဲ့ အရာတွေထဲမှာ ပြည့်ဝဆီနဲ့ မသန့်ရှင်းတဲ့ အဆီ၊ ကိုလက်စထရောများတဲ့ အဆီ စားသုံးခြင်းလည်း တစ်ခုအပါအဝင်ပါပဲ။ အနီရောင်ရှိတဲ့ အသားတွေ ဥပမာ ဝက်သား၊ အမဲသား၊ ကြက်အရေခွံ၊ အဆီမထုတ်ထားတဲ့ နိုထွက်ပစ္စည်းတွေ၊ ထောပတ်၊ စားအုန်းဆီတွေကို လျှော့စားပေးပါ။ မပြည့်ဝဆီတွေ ဖြစ်တဲ့ ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီး အဆီအနှစ်တွေကတော့ သွေးတိုးရောဂါရှင်တွေအတွက် စားဖို သင့်လျော်ပါတယ်။

၈။ အရက်

အရက်သောက်ခြင်းကြောင့် အသည်း၊ ကျောက်ကပ်၊ နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် သွေးတိုးရောဂါရှင်တွေလည်း သွေးပေါင်တက်စေနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ကင်ဆာရောဂါ၊ အသည်းအဆီဖုံးတာ၊ အဝလွန်တာ၊ ကိုယ်အလေးချိန်တက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် သွေးတိုးရောဂါရှိတဲ့သူတွေ ဘာစားပေးသင့်လဲ?။

အမျှင်ဓါတ်များတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတိုကို အဓိကစားသုံးပေးပါ။ အဆီ၊ အငန်၊ အချို စားသုံးမှု နည်းနိုင်သမျှ နည်းအောင် စားပါ။ လေ့ကျင့်ခန်း များများလုပ်ပါ။ ဆေးလိပ်၊ အရက် လျှော့သောက်ပါ။ အထိုင်များပြီး လှုပ်ရှားမှုနည်းခြင်းဟာလည်း သွေးတိုးရောဂါသည်တွေအတွက် မကောင်းတဲ့ အလေ့အကျင့်ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

Card : HelloSayarwon

#Yoyarlay