ဒဏ္ရာေၾကာင့္ ႏွစ္လၾကာ အနားယူရမယ့္ ေနမာ

ဒဏ္ရာေၾကာင့္ ႏွစ္လၾကာ အနားယူရမယ့္ ေနမာ
===============
ဆန္းတို႔စ္အသင္းအတြက္ ကစားေပးခဲ့စဥ္ ဒဏ္ရာအသစ္တစ္ခု ရရွိခဲ့ၿပီးေနာက္ ေနမာမွာ ႏွစ္လၾကာနီးပါးအထိ ကစားႏိုင္ဖြယ္ မရွိေၾကာင္း သိရသည္။
Globo Esporte ၏ ေဖာ္ျပမႈအရ အသက္ ၃၄ ႏွစ္အ႐ြယ္ရွိသည့္ ေနမာမွာ ၎၏ညာဘက္ေပါင္အေရွ႕ဘက္ ႂကြက္သားမ်ားတြင္ အဆင့္ ၂ ရွိသည့္ ျပတ္ေတာက္ဒဏ္ရာရခဲ့ျခင္းျဖစ္ၿပီး ယင္းဒဏ္ရာထိုးႏွက္ခ်က္ေၾကာင့္ ဆန္းတို႔စ္အသင္း၏ ပြဲစဥ္ေပါင္း ၁၃ ပြဲကို လြဲေခ်ာ္မည္ျဖစ္ေၾကာင္း သိရသည္။
လြန္ခဲ့သည့္သုံးႏွစ္အတြင္း ဒဏ္ရာမ်ားႏွင့္ ႐ုန္းကန္ခဲ့ရသည့္ တိုက္စစ္မႉး ေနမာအတြက္ ဆန္းတို႔စ္အသင္းကလည္း အခ်ိန္ေပးထားၿပီး ေနမာျပန္ကစားႏိုင္ေရးအတြက္ အလ်င္မလိုေၾကာင္း အဆိုပါသတင္းက ထပ္ေလာင္းေဖာ္ျပခဲ့သည္။
ေနမာမွာ ဘရာဇီးလက္ေ႐ြးစင္အသင္းအတြက္ ထာဝရဂိုးအမ်ားဆုံးသြင္းထားသူျဖစ္ေသာ္လည္း ေျခေထာက္ႂကြက္သားႏွင့္ ဒူးဒဏ္ရာမ်ားကို စဥ္ဆက္မျပတ္ခံစားခဲ့ရမႈေၾကာင့္ ယခုႏွစ္အတြင္း၌ ဆန္းတို႔စ္အသင္းအတြက္ ၂၄ ပြဲသာ ကစားေပးႏိုင္ခဲ့သည္။
ဘာစီလိုနာႏွင့္ ပီအက္စ္ဂ်ီအသင္းတို႔၏ ၾကယ္ပြင့္ေဟာင္းလည္းျဖစ္သည့္ ေနမာမွာ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ၁၆ သင္းအဆင့္မွ ဘရာဇီးအသင္းထြက္ခဲ့ရၿပီးေနာက္ ၿပီးခဲ့သည့္ ဇူလိုင္လအတြင္းက ႏိုင္ငံတကာလက္ေ႐ြးစင္ကစားသမားဘဝမွ အနားယူေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့သူလည္း ျဖစ္သည္။
ဒဏ်ရာကြောင့် နှစ်လကြာ အနားယူရမယ့် နေမာ
===============
ဆန်းတို့စ်အသင်းအတွက် ကစားပေးခဲ့စဥ် ဒဏ်ရာအသစ်တစ်ခု ရရှိခဲ့ပြီးနောက် နေမာမှာ နှစ်လကြာနီးပါးအထိ ကစားနိုင်ဖွယ် မရှိကြောင်း သိရသည်။
Globo Esporte ၏ ဖော်ပြမှုအရ အသက် ၃၄ နှစ်အရွယ်ရှိသည့် နေမာမှာ ၎င်း၏ညာဘက်ပေါင်အရှေ့ဘက် ကြွက်သားများတွင် အဆင့် ၂ ရှိသည့် ပြတ်တောက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ရာထိုးနှက်ချက်ကြောင့် ဆန်းတို့စ်အသင်း၏ ပွဲစဥ်ပေါင်း ၁၃ ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်သုံးနှစ်အတွင်း ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရသည့် တိုက်စစ်မှူး နေမာအတွက် ဆန်းတို့စ်အသင်းကလည်း အချိန်ပေးထားပြီး နေမာပြန်ကစားနိုင်ရေးအတွက် အလျင်မလိုကြောင်း အဆိုပါသတင်းက ထပ်လောင်းဖော်ပြခဲ့သည်။
နေမာမှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ထာဝရဂိုးအများဆုံးသွင်းထားသူဖြစ်သော်လည်း ခြေထောက်ကြွက်သားနှင့် ဒူးဒဏ်ရာများကို စဥ်ဆက်မပြတ်ခံစားခဲ့ရမှုကြောင့် ယခုနှစ်အတွင်း၌ ဆန်းတို့စ်အသင်းအတွက် ၂၄ ပွဲသာ ကစားပေးနိုင်ခဲ့သည်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့၏ ကြယ်ပွင့်ဟောင်းလည်းဖြစ်သည့် နေမာမှာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆ သင်းအဆင့်မှ ဘရာဇီးအသင်းထွက်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နိုင်ငံတကာလက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သူလည်း ဖြစ်သည်။




