ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေရးရာေကာ္မတီဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ေတြ႕ဆုံ

 

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေရးရာေကာ္မတီဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ေတြ႕ဆုံ
==========================
ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီသည္ စက္တင္ဘာ ၅ ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီး အတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေရးရာေကာ္မတီဥကၠ႒မ်ားႏွင့္ အတြင္းေရးမႉးမ်ားအား မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္၌ ေတြ႕ဆုံခဲ့ပါသည္။

ေတြ႕ဆုံစဥ္ လႊတ္ေတာ္က႑ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ဥပေဒျပဳေရး ပိုမိုခိုင္မာေစေရး၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ဥပေဒမ်ားကို ကြၽမ္းက်င္စြာေလ့လာေရးႏွင့္ ျပည္သူ႔လိုအပ္ခ်က္မ်ားကို ထိေရာက္စြာ ကိုယ္စားျပဳေဆာင္႐ြက္ေရး တို႔ကို အေလးထားေျပာၾကားခဲ့ပါသည္။

ထို႔အျပင္ လႊတ္ေတာ္ေကာ္မတီမ်ားကို ပိုမိုအားေကာင္းေစရန္ ပညာရွင္မ်ားႏွင့္ လက္ေတြ႕နယ္ပယ္မွ ကြၽမ္းက်င္သူမ်ား၏ အႀကံျပဳခ်က္မ်ား ရယူရန္၊ ျပည္သူမ်ား လႊတ္ေတာ္၏လုပ္ငန္းမ်ားကို ပိုမိုသိရွိႏိုင္ေစရန္ Website၊ လူမႈကြန္ရက္ႏွင့္ မီဒီယာမ်ားအသုံးျပဳရန္၊ Open Parliament၊ Public Hearings၊ Online Petition စသည့္ ပါလီမန္ဆိုင္ရာ လုပ္ငန္းစဥ္မ်ားကို ေဖာ္ေဆာင္ရန္ တိုက္တြန္းခဲ့သည္။

ထို႔ေနာက္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးေအာင္ေက်ာ္မိုးက လႊတ္ေတာ္လုပ္ငန္းေဆာင္႐ြက္မႈမ်ားႏွင့္ ေကာ္မတီမ်ား၏ လုပ္ငန္းအေျခအေနမ်ားကို ရွင္းလင္းတင္ျပရာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒မွ လိုအပ္သည္မ်ားအား ျဖည့္စြက္မွာၾကားခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီး အတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံပြဲအား ႐ုတ္သိမ္းခဲ့ပါသည္။

ဆက္လက္ၿပီး ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးခင္ရီသည္ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္မိုး၊ ဒုတိယဥကၠ႒ႏွင့္အတူ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္တြင္ ဖြဲ႕စည္းထားသည့္ ေရးရာေကာ္မတီမ်ား၏ ဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ေတြ႕ဆုံရာ ေကာ္မတီဥကၠ႒မ်ားက ေကာ္မတီအလိုက္ လုပ္ငန္းေဆာင္႐ြက္မႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပၾကၿပီး ျပည္သူ႔လႊတ္ေတာ္ဥကၠ႒က လိုအပ္သည္မ်ားကို လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရွိရပါသည္။

အဆိုပါ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေရးရာေကာ္မတီဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ေတြ႕ဆုံပြဲ အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးခင္ရီ၊ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးေအာင္ေက်ာ္မိုး၊ ဒုတိယဥကၠ႒ ဦးေက်ာ္ျမင့္၊ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံ
==========================
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် စက်တင်ဘာ ၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဥပဒေပြုရေး ပိုမိုခိုင်မာစေရေး၊ လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေများကို ကျွမ်းကျင်စွာလေ့လာရေးနှင့် ပြည်သူ့လိုအပ်ချက်များကို ထိရောက်စွာ ကိုယ်စားပြုဆောင်ရွက်ရေး တို့ကို အလေးထားပြောကြားခဲ့ပါသည်။

ထို့အပြင် လွှတ်တော်ကော်မတီများကို ပိုမိုအားကောင်းစေရန် ပညာရှင်များနှင့် လက်တွေ့နယ်ပယ်မှ ကျွမ်းကျင်သူများ၏ အကြံပြုချက်များ ရယူရန်၊ ပြည်သူများ လွှတ်တော်၏လုပ်ငန်းများကို ပိုမိုသိရှိနိုင်စေရန် Website၊ လူမှုကွန်ရက်နှင့် မီဒီယာများအသုံးပြုရန်၊ Open Parliament၊ Public Hearings၊ Online Petition စသည့် ပါလီမန်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက လွှတ်တော်လုပ်ငန်းဆောင်ရွက်မှုများနှင့် ကော်မတီများ၏ လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ပါသည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌနှင့်အတူ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံရာ ကော်မတီဥက္ကဋ္ဌများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။