AFC Women’s Champions League အုပ္စု (က) တြင္ ဧရာဝတီအမ်ိဳးသမီးအသင္း ေျမာက္ကိုရီးယား၊ ဂ်ပန္၊ အီရန္ကလပ္မ်ားႏွင့္ ယွဥ္ၿပိဳင္ရမည္

AFC Women’s Champions League အုပ္စု (က) တြင္ ဧရာဝတီအမ်ိဳးသမီးအသင္း ေျမာက္ကိုရီးယား၊ ဂ်ပန္၊ အီရန္ကလပ္မ်ားႏွင့္ ယွဥ္ၿပိဳင္ရမည္
======================
ျမန္မာႏိုင္ငံကိုယ္စားျပဳ ဧရာဝတီအမ်ိဳးသမီးအသင္းသည္ ၂၀၂၆-၂၇ ရာသီ AFC Women’s Champions League အုပ္စုအဆင့္ မဲခြဲမႈအရ အုပ္စု (က) တြင္ ေျမာက္ကိုရီးယား၊ ဂ်ပန္ႏွင့္ အီရန္ႏိုင္ငံတို႔မွ ထိပ္တန္းကလပ္အသင္းမ်ားႏွင့္ တစ္အုပ္စုတည္း က်ေရာက္ခဲ့ေၾကာင္း သိရသည္။

စက္တင္ဘာ ၃ ရက္တြင္ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ရွိ AFC House ၌ က်င္းပခဲ့သည့္ အုပ္စုအဆင့္ မဲခြဲမႈအရ ဧရာဝတီအမ်ိဳးသမီးအသင္းသည္ Naegohyang Women’s FC (ေျမာက္ကိုရီးယား)၊ INAC Kobe Leonessa (ဂ်ပန္) ႏွင့္ Bam Khatoon FC (အီရန္) တို႔ႏွင့္အတူ အုပ္စု (က) တြင္ ပါဝင္ခဲ့သည္။

အဆိုပါ အုပ္စုအဆင့္တြင္ အသင္း ၁၂ သင္းကို အုပ္စု ၃ ခုခြဲ၍ ယွဥ္ၿပိဳင္ေစမည္ျဖစ္ရာ အုပ္စုတစ္ခုခ်င္းစီမွ ပထမ၊ ဒုတိယ ရရွိသူမ်ားႏွင့္ အေကာင္းဆုံး တတိယရ ၂ သင္းတို႔ ကြာတားဖိုင္နယ္သို႔ တက္ေရာက္ခြင့္ ရရွိမည္ျဖစ္သည္။
အုပ္စု (က) ပြဲစဥ္မ်ားကို ဧရာဝတီအမ်ိဳးသမီးအသင္းက အိမ္ရွင္အျဖစ္ လက္ခံက်င္းပသြားမည္ျဖစ္ရာ ျပည္တြင္း၌ တိုက္႐ိုက္ ၾကည့္ရႈအားေပးႏိုင္မည္ျဖစ္ၿပီး ဧရာဝတီအမ်ိဳးသမီးအသင္းသည္ Preliminary Stage အုပ္စု (F) တြင္ FC Jurong၊ No Limits FC ႏွင့္ New Taipei City Hang Yuan FC တို႔ကို အႏိုင္ရရွိကာ အုပ္စုဗိုလ္အျဖစ္ Group Stage သို႔ တက္ေရာက္လာျခင္းျဖစ္သည္။


AFC Women’s Champions League အုပ်စု (က) တွင် ဧရာဝတီအမျိုးသမီးအသင်း မြောက်ကိုရီးယား၊ ဂျပန်၊ အီရန်ကလပ်များနှင့် ယှဉ်ပြိုင်ရမည်
======================
မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းသည် ၂၀၂၆-၂၇ ရာသီ AFC Women’s Champions League အုပ်စုအဆင့် မဲခွဲမှုအရ အုပ်စု (က) တွင် မြောက်ကိုရီးယား၊ ဂျပန်နှင့် အီရန်နိုင်ငံတို့မှ ထိပ်တန်းကလပ်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC House ၌ ကျင်းပခဲ့သည့် အုပ်စုအဆင့် မဲခွဲမှုအရ ဧရာဝတီအမျိုးသမီးအသင်းသည် Naegohyang Women’s FC (မြောက်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်) နှင့် Bam Khatoon FC (အီရန်) တို့နှင့်အတူ အုပ်စု (က) တွင် ပါဝင်ခဲ့သည်။

အဆိုပါ အုပ်စုအဆင့်တွင် အသင်း ၁၂ သင်းကို အုပ်စု ၃ ခုခွဲ၍ ယှဉ်ပြိုင်စေမည်ဖြစ်ရာ အုပ်စုတစ်ခုချင်းစီမှ ပထမ၊ ဒုတိယ ရရှိသူများနှင့် အကောင်းဆုံး တတိယရ ၂ သင်းတို့ ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
အုပ်စု (က) ပွဲစဉ်များကို ဧရာဝတီအမျိုးသမီးအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ ပြည်တွင်း၌ တိုက်ရိုက် ကြည့်ရှုအားပေးနိုင်မည်ဖြစ်ပြီး ဧရာဝတီအမျိုးသမီးအသင်းသည် Preliminary Stage အုပ်စု (F) တွင် FC Jurong၊ No Limits FC နှင့် New Taipei City Hang Yuan FC တို့ကို အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် Group Stage သို့ တက်ရောက်လာခြင်းဖြစ်သည်။