လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ကဝၿမိဳ႕နယ္ရွိဌာနဆိုင္ရာမ်ား ရပ္ကြက္/အုပ္ခ်ဳပ္ေရးမႉးမ်ားေတြ႕ဆုံ


လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ကဝၿမိဳ႕နယ္ရွိဌာနဆိုင္ရာမ်ား ရပ္ကြက္/အုပ္ခ်ဳပ္ေရးမႉးမ်ားေတြ႕ဆုံ
===========================
ကဝ ၊ စက္တင္ဘာ ၂
အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အမွတ္(၁၀)ဦးလွသိန္း ၊ ျပည္ခိုင္ၿဖိဳးပါတီ ပဲခူးတိုင္းေဒသႀကီး(အေရွ႕) ေခတၱဥကၠ႒ဦးေအာင္ဝင္းထြန္း ၊အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အမွတ္(၁)ဦးေအာင္စိုး ၊ ကဝၿမိဳနယ္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးမ်ိဳးေဆြထြန္း ၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ဦးမ်ိဳးျမင့္တိုပါဝင္ေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအဖြဲ႕သည္ စက္တင္ဘာလ ၂ရက္ေန႔ နံနက္ ၉နာရီအခ်ိန္က ကဝၿမိဳနယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံးအစည္းအေဝးခန္းမ၌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးရဲထြန္း ဦးေဆာင္ေသာၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား ၊ ကဝၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္/ေက်း႐ြာအုပ္စုအသီးသီးမွ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ေတြ႕ဆုံ၍ လႊတ္ေတာ္အေတြ႕အႀကဳံရွင္းလင္းခဲ့သည္ ။
ေရွးဦးစြာအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းမွ မိတ္ဆက္စကားေျပာၾကားခဲ့ၿပီး ႏိုင္ငံေတာ္သမၼတႀကီးဦးေဆာင္ေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရအဖြဲ႕၏ျပည္တြင္း/ ျပည္ပက႑အစုံ၌ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈမ်ား ၊ မိမိတိုႏိုင္ငံ၏ပကတိအေျခအေနမ်ား ၊ မဲဆႏၵရွင္မိဘျပည္သူမ်ား၏ ေထာက္ခံအားေပးတင္ေျမႇာက္ထားေသာကိုယ္စားလွယ္မ်ားမွ သက္ဆိုင္ရာ ျပည္သူ႔လႊတ္ေတာ္ ၊အမ်ိဳးသားလႊတ္ေတာ္ ၊ တိုင္းေဒသႀကီးလႊတ္ေတာ္မ်ားတြင္ လႊတ္ေတာ္မ်ား၏က႑အလိုက္ ျပည္သူ႔အက်ိဳးျပဳ ဥပေဒျပဳေရး ၊ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားအားေဆာင္႐ြက္ေနမႈမ်ားအား ခ်ျပရွင္းလင္းခဲ့သည္ ။ ထပ္မံ၍ အမ်ားျပည္သူအားအခြန္ထမ္းျခင္းဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားအား ပိုမိုက်ယ္ျပန္႔စြာအသိပညာေပးႏိုင္ေစေရး ၊ အခြန္ထမ္းျပည္သူမ်ား၏ အခြန္ထမ္းအခြင့္အေရးမ်ားျဖစ္ေသာ ကင္းလြတ္ခြင့္ ၊သက္သာခြင့္ ၊ ျပန္အမ္းေငြေတာင္းပိုင္ခြင့္ ၊ အယူခံပိုင္ခြင့္စေသာကိစၥရပ္မ်ားအား အေသးစိတ္ရွင္းလင္းေဆြးေႏြးျခင္းတိုကိုထည့္သြင္းေျပာၾကားခဲ့ၿပီး တက္ေရာက္လာၾကေသာ ၿမိဳနယ္ဌာနဆိုင္ရာအႀကီးအကဲမ်ားႏွင့္ အုပ္ခ်ဳပ္ေရးမႉမ်ားမွ မိမိတို၏စီစဥ္ေဆာင္႐ြက္ေနမႈမ်ား ၊ ေဒသဖြံၿဖိဳးေရးအတြက္လိုအပ္ခ်က္မ်ားအား ရွင္းလင္း တင္ျပ ေဆြးေႏြးခဲ့ၾကၿပီး တင္ျပခ်က္မ်ားအေပၚ တာဝန္ရွိသူမ်ားမွ ဌာန၏ လုပ္ထုံးလုပ္နည္းမ်ားအား ခ်ျပ ရွင္းလင္း ေဆြးေႏြးခဲ့ၿပီး အခမ္းအနားကို ေအာင္ျမင္စြာ႐ုပ္သိမ္းခဲ့သည္ ။
လွှတ်တော်ကိုယ်စားလှယ်များနှင့် ကဝမြို့နယ်ရှိဌာနဆိုင်ရာများ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများတွေ့ဆုံ
===========================
ကဝ ၊ စက်တင်ဘာ ၂
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)ဦးလှသိန်း ၊ ပြည်ခိုင်ဖြိုးပါတီ ပဲခူးတိုင်းဒေသကြီး(အရှေ့) ခေတ္တဥက္ကဋ္ဌဦးအောင်ဝင်းထွန်း ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးအောင်စိုး ၊ ကဝမြိုနယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမျိုးဆွေထွန်း ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမျိုးမြင့်တိုပါဝင်သော လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် စက်တင်ဘာလ ၂ရက်နေ့ နံနက် ၉နာရီအချိန်က ကဝမြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထွန်း ဦးဆောင်သောမြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ကဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံရှင်းလင်းခဲ့သည် ။
ရှေးဦးစွာအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတကြီးဦးဆောင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ပြည်တွင်း/ ပြည်ပကဏ္ဍအစုံ၌ ကြိုးပမ်းဆောင်ရွက်နေမှုများ ၊ မိမိတိုနိုင်ငံ၏ပကတိအခြေအနေများ ၊ မဲဆန္ဒရှင်မိဘပြည်သူများ၏ ထောက်ခံအားပေးတင်မြှောက်ထားသောကိုယ်စားလှယ်များမှ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော်များတွင် လွှတ်တော်များ၏ကဏ္ဍအလိုက် ပြည်သူ့အကျိုးပြု ဥပဒေပြုရေး ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအားဆောင်ရွက်နေမှုများအား ချပြရှင်းလင်းခဲ့သည် ။ ထပ်မံ၍ အများပြည်သူအားအခွန်ထမ်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ပိုမိုကျယ်ပြန့်စွာအသိပညာပေးနိုင်စေရေး ၊ အခွန်ထမ်းပြည်သူများ၏ အခွန်ထမ်းအခွင့်အရေးများဖြစ်သော ကင်းလွတ်ခွင့် ၊သက်သာခွင့် ၊ ပြန်အမ်းငွေတောင်းပိုင်ခွင့် ၊ အယူခံပိုင်ခွင့်စသောကိစ္စရပ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းတိုကိုထည့်သွင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြိုနယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် အုပ်ချုပ်ရေးမှူများမှ မိမိတို၏စီစဥ်ဆောင်ရွက်နေမှုများ ၊ ဒေသဖွံဖြိုးရေးအတွက်လိုအပ်ချက်များအား ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများမှ ဌာန၏ လုပ်ထုံးလုပ်နည်းများအား ချပြ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည် ။




