ဘန္ေကာက္တြင္ အဆိုေတာ္ Bruno Mars ေဖ်ာ္ေျဖပြဲျပဳလုပ္မည္

ဘန္ေကာက္တြင္ အဆိုေတာ္ Bruno Mars ေဖ်ာ္ေျဖပြဲျပဳလုပ္မည္
=====================
ကမာၻေက်ာ္အဆိုေတာ္ Bruno Mars ရဲ႕ ပရိသတ္ေတြအတြက္ အႀကီးစားဂီတေဖ်ာ္ေျဖပြဲတစ္ခုကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပသြားမယ္လို The Thaiger သတင္းမွာေဖာ္ျပပါတယ္။
Bruno Mars ရဲ႕ The Romantic Tour အစီအစဥ္အျဖစ္ ၂၀၂၇ ခုႏွစ္၊ ဧၿပီလ ၂၄ ရက္နဲ႔ ၂၅ ရက္တို႔မွာ ဘန္ေကာက္ၿမိဳရွိ ရာဇမဂၤလာ National Stadium မွာ ႏွစ္ညဆက္တိုက္ ေဖ်ာ္ေျဖသြားမွာ ျဖစ္ပါတယ္။ အဲဒီေဖ်ာ္ေျဖပြဲကို Live Nation Tero က တင္ဆက္မွာျဖစ္ၿပီး Bruno Mars ရဲ႕ နာမည္ႀကီးသီခ်င္းေတြနဲ႔အတူ ပရိသတ္ေတြကို အႀကီးစား Stage Show တစ္ခုအျဖစ္ ခံစားခြင့္ရေစမွာ ျဖစ္ပါတယ္။
ဒီ Tour ဟာ Bruno Mars ရဲ႕ အယ္လ္ဘမ္သစ္ The Romantic ကို အဓိကထားၿပီး ေဖ်ာ္ေျဖသြားမယ့္ အစီအစဥ္ျဖစ္တာေၾကာင့္ အယ္လ္ဘမ္သစ္ထဲက သီခ်င္းေတြကို Live Performance အေနနဲ႔ ၾကားရမယ့္အျပင္ သူ႔ရဲ႕ လူႀကိဳက္မ်ားတဲ့ သီခ်င္းေဟာင္းေတြလည္း ပါဝင္လာဖို ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတာပါ။
အာရွေဒသအတြင္း ျပဳလုပ္မယ့္ Tour အစီအစဥ္မွာလည္း Bruno Mars တစ္ေယာက္တည္းသာ မဟုတ္ဘဲ Anderson Paak က DJ Pee Wee နာမည္နဲ႔ ပါဝင္အားျဖည့္ေပးသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သီခ်င္းနားေထာင္႐ုံသာမက Live Music နဲ႔ DJ Performance ေတြကိုပါ တစ္ေနရာတည္းမွာ ခံစားႏိုင္မယ့္ ေဖ်ာ္ေျဖပြဲတစ္ခု ျဖစ္လာမွာပါ။
ဘန္ေကာက္ေဖ်ာ္ေျဖပြဲအတြက္ လက္မွတ္ေဈးႏႈန္းေတြကေတာ့ အမ်ိဳးအစားနဲ႔ ထိုင္ခုံေနရာအလိုက္ ထိုင္းဘတ္ ၂၈၀၀ ကေန ၉၃၀၀ အထိ သတ္မွတ္ထားပါတယ္။
ဘန်ကောက်တွင် အဆိုတော် Bruno Mars ဖျော်ဖြေပွဲပြုလုပ်မည်
=====================
ကမ္ဘာကျော်အဆိုတော် Bruno Mars ရဲ့ ပရိသတ်တွေအတွက် အကြီးစားဂီတဖျော်ဖြေပွဲတစ်ခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပသွားမယ်လို The Thaiger သတင်းမှာဖော်ပြပါတယ်။
Bruno Mars ရဲ့ The Romantic Tour အစီအစဉ်အဖြစ် ၂၀၂၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ ဘန်ကောက်မြိုရှိ ရာဇမင်္ဂလာ National Stadium မှာ နှစ်ညဆက်တိုက် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ အဲဒီဖျော်ဖြေပွဲကို Live Nation Tero က တင်ဆက်မှာဖြစ်ပြီး Bruno Mars ရဲ့ နာမည်ကြီးသီချင်းတွေနဲ့အတူ ပရိသတ်တွေကို အကြီးစား Stage Show တစ်ခုအဖြစ် ခံစားခွင့်ရစေမှာ ဖြစ်ပါတယ်။
ဒီ Tour ဟာ Bruno Mars ရဲ့ အယ်လ်ဘမ်သစ် The Romantic ကို အဓိကထားပြီး ဖျော်ဖြေသွားမယ့် အစီအစဉ်ဖြစ်တာကြောင့် အယ်လ်ဘမ်သစ်ထဲက သီချင်းတွေကို Live Performance အနေနဲ့ ကြားရမယ့်အပြင် သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းဟောင်းတွေလည်း ပါဝင်လာဖို ပရိသတ်တွေက မျှော်လင့်နေကြတာပါ။
အာရှဒေသအတွင်း ပြုလုပ်မယ့် Tour အစီအစဉ်မှာလည်း Bruno Mars တစ်ယောက်တည်းသာ မဟုတ်ဘဲ Anderson Paak က DJ Pee Wee နာမည်နဲ့ ပါဝင်အားဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သီချင်းနားထောင်ရုံသာမက Live Music နဲ့ DJ Performance တွေကိုပါ တစ်နေရာတည်းမှာ ခံစားနိုင်မယ့် ဖျော်ဖြေပွဲတစ်ခု ဖြစ်လာမှာပါ။
ဘန်ကောက်ဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်းတွေကတော့ အမျိုးအစားနဲ့ ထိုင်ခုံနေရာအလိုက် ထိုင်းဘတ် ၂၈၀၀ ကနေ ၉၃၀၀ အထိ သတ်မှတ်ထားပါတယ်။



