နီေပါႏိုင္ငံ တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူ ၃၅၉ ဦး ေသဆုံး၊ ၉၁၀ ဦး ေပ်ာက္ဆုံးလ်က္ရွိ

နီေပါႏိုင္ငံတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူ ၃၅၉ ဦး ေသဆုံး၊ ၉၁၀ ဦး ေပ်ာက္ဆုံးလ်က္ရွိ
==================
ဩဂုတ္ ၂၈ ရက္
ဩဂုတ္ ၂၇ ရက္ ညေနအထိ နီေပါႏိုင္ငံ ေရႀကီးေရလွ်ံမႈ ျဖစ္ပြားေသာေဒသမွ ေသဆုံးသူဦးေရ ၃၅၉ ဦး၏ ႐ုပ္အေလာင္းအား ရွာေဖြေတြ႕ရွိခဲ့ၿပီးျဖစ္ကာ အျခားသူ ၉၁၀ ဦး ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း နီေပါႏိုင္ငံ အမ်ိဳးသား သဘာဝေဘးအႏၲရာယ္ ေလွ်ာ့ခ်ေရးႏွင့္ စီမံခန႔္ခြဲမႈ အာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့သည္။
ေဘးဒဏ္သင့္ေဒသ၌ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ၿပီး အာဏာပိုင္မ်ားက ေပ်ာက္ဆုံးေနေသာသူမ်ားအား ရွာေဖြရန္ႏွင့္ ပိုမိုမ်ားျပားေသာ ႐ုပ္အေလာင္းမ်ား ဆယ္ယူႏိုင္ရန္ ႀကိဳးပမ္းလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ေဘးဒဏ္သင့္ေဒသမွ ႏိုင္ငံျခားသား ၃၁ ဦးကို ကယ္ဆယ္ႏိုင္ၿပီးျဖစ္ေၾကာင္း နီေပါႏိုင္ငံ ခရီးသြားလုပ္ငန္း ဘုတ္အဖြဲ႕က ဆိုသည္။ နီေပါႏိုင္ငံ ရဲတပ္ဖြဲ႕ကလည္း ေဘးဒဏ္သင့္အိမ္ေထာင္စုအားလုံး နီးစပ္ရာရဲစခန္းသို႔ သြားေရာက္ၿပီး ေပ်ာက္ဆုံးသူ၏ သက္ဆိုင္ရာ အခ်က္အလက္ႏွင့္ ပိုင္ဆိုင္ပစၥည္းမ်ားျပသၾကရန္ တိုက္တြန္းထားေၾကာင္း သိရသည္။ (Xinhua)
နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၅၉ ဦး သေဆုံး၊ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိ
==================
ဩဂုတ် ၂၈ ရက်
ဩဂုတ် ၂၇ ရက် ညနေအထိ နီပေါနိုင်ငံ ရေကြီးရေလျှံမှု ဖြစ်ပွားသောဒေသမှ သေဆုံးသူဦးရေ ၃၅၉ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ အခြားသူ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဘေးဒဏ်သင့်ဒေသ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အာဏာပိုင်များက ပျောက်ဆုံးနေသောသူများအား ရှာဖွေရန်နှင့် ပိုမိုများပြားသော ရုပ်အလောင်းများ ဆယ်ယူနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဘေးဒဏ်သင့်ဒေသမှ နိုင်ငံခြားသား ၃၁ ဦးကို ကယ်ဆယ်နိုင်ပြီးဖြစ်ကြောင်း နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က ဆိုသည်။ နီပေါနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ဘေးဒဏ်သင့်အိမ်ထောင်စုအားလုံး နီးစပ်ရာရဲစခန်းသို့ သွားရောက်ပြီး ပျောက်ဆုံးသူ၏ သက်ဆိုင်ရာ အချက်အလက်နှင့် ပိုင်ဆိုင်ပစ္စည်းများပြသကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)




