ဘဏ္စနစ္မ်ား လုံၿခဳံေရးက်ိဳးေပါက္ျခင္းမရွိဟု က ေမာၻဇဘဏ္ထုတ္ျပန္

ဘဏ္စနစ္မ်ား လုံၿခဳံေရးက်ိဳးေပါက္ျခင္းမရွိဟု က ေမာၻဇဘဏ္ထုတ္ျပန္
======================
ကေမာၻဇဘဏ္အေနျဖင့္ ဆိုင္ဘာလုံၿခဳံေရး စစ္ေဆးမႈမ်ားကို စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ရွိရာ ေနာက္ဆုံးစစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ဘဏ္၏စနစ္မ်ား လုံၿခဳံေရးက်ိဳးေပါက္ျခင္း သို႔မဟုတ္ ထိုးေဖာက္ဝင္ေရာက္ခံရျခင္း လုံးဝမရွိေၾကာင္း မေန႔က သတင္းထုတ္ျပန္လိုက္ပါသည္။
ဘဏ္၏ ထုတ္ျပန္ခ်က္တြင္ သုံးစြဲသူမ်ား၏ လုံၿခဳံေရးႏွင့္ ကိုယ္ေရးအခ်က္အလက္မ်ားကို အစဥ္အၿမဲ အေလးထား ကာကြယ္ေစာင့္ေရွာက္လ်က္ရွိေၾကာင္း ေဖာ္ျပထားၿပီး၊ သုံးစြဲသူမ်ားႏွင့္ အမ်ားျပည္သူအေနျဖင့္ မိမိတို၏ ဘဏ္အေကာင့္ႏွင့္ ကိုယ္ေရးအခ်က္အလက္မ်ား လုံၿခဳံေရးအတြက္ ေအာက္ပါအခ်က္မ်ားကို အထူးသတိျပဳ လိုက္နာၾကရန္ ႏႈိးေဆာ္ထားသည္။
ထို႔အျပင္ မသကၤာဖြယ္ လင့္ခ္မ်ား ေရွာင္ရွားရန္ — မသကၤာဖြယ္ရာ သို႔မဟုတ္ မေမွ်ာ္လင့္ဘဲ ေရာက္ရွိလာေသာ လင့္ခ္မ်ားကို ႏွိပ္ျခင္းမွ ေရွာင္ၾကဥ္ရန္၊အေကာင့္လုံၿခဳံေရး ျမႇင့္တင္ရန္ — မိမိအေကာင့္မ်ားကို 2FA Verification သိုမဟုတ္ Biometric (လက္ေဗြ/မ်က္ႏွာ) စနစ္မ်ားျဖင့္ လုံၿခဳံေရး အဆင့္ျမႇင့္တင္ထားရန္၊Antivirus အသုံးျပဳရန္ — အသုံးျပဳသည့္ Laptop ႏွင့္ ကြန္ပ်ဴတာမ်ားတြင္ Antivirus ေဆာ့ဖ္ဝဲလ္မ်ား စနစ္တက် ထည့္သြင္း အသုံးျပဳရန္၊လွ်ိဝွက္အခ်က္အလက္မ်ား မမွ်ေဝရန္ — အီးေမးလ္၊ SMS သို႔မဟုတ္ ဆိုရွယ္မီဒီယာမ်ားမွ ေရာက္ရွိလာေသာ လင့္ခ္မ်ားတြင္ ဘဏ္အေကာင့္ဝင္သည့္ အခ်က္အလက္မ်ား၊ စကားဝွက္မ်ားႏွင့္ OTP မ်ားကို မည္သည့္အခါမွ် ႐ိုက္ထည့္ျခင္း မျပဳလုပ္ရန္ ထုတ္ျပန္ထားသည္။
သုံးစြဲသူမ်ားအေနျဖင့္ Phishing လင့္ခ္တစ္ခုကို ႏွိပ္မိ၍ ဘဏ္အေကာင့္ဆိုင္ရာ အခ်က္အလက္မ်ား ထည့္သြင္းမိသည္ဟု သံသယရွိပါက အကူအညီရယူရန္ ကေမာၻဇဘဏ္၏ Hotline ဖုန္းနံပါတ္ 09951018555 သို႔မဟုတ္ customer_service@kbzbank.com သို အျမန္ဆုံး ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။
ဘဏ်စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်းမရှိဟု ကမ္ဘောဇဘဏ်ထုတ်ပြန်
======================
ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နောက်ဆုံးစစ်ဆေးတွေ့ရှိချက်များအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း သို့မဟုတ် ထိုးဖောက်ဝင်ရောက်ခံရခြင်း လုံးဝမရှိကြောင်း မနေ့က သတင်းထုတ်ပြန်လိုက်ပါသည်။
ဘဏ်၏ ထုတ်ပြန်ချက်တွင် သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ဖော်ပြထားပြီး၊ သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့် မိမိတို၏ ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာကြရန် နှိုးဆော်ထားသည်။
ထို့အပြင် မသင်္ကာဖွယ် လင့်ခ်များ ရှောင်ရှားရန် — မသင်္ကာဖွယ်ရာ သို့မဟုတ် မမျှော်လင့်ဘဲ ရောက်ရှိလာသော လင့်ခ်များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ရန်၊အကောင့်လုံခြုံရေး မြှင့်တင်ရန် — မိမိအကောင့်များကို 2FA Verification သိုမဟုတ် Biometric (လက်ဗွေ/မျက်နှာ) စနစ်များဖြင့် လုံခြုံရေး အဆင့်မြှင့်တင်ထားရန်၊Antivirus အသုံးပြုရန် — အသုံးပြုသည့် Laptop နှင့် ကွန်ပျူတာများတွင် Antivirus ဆော့ဖ်ဝဲလ်များ စနစ်တကျ ထည့်သွင်း အသုံးပြုရန်၊လျှိဝှက်အချက်အလက်များ မမျှဝေရန် — အီးမေးလ်၊ SMS သို့မဟုတ် ဆိုရှယ်မီဒီယာများမှ ရောက်ရှိလာသော လင့်ခ်များတွင် ဘဏ်အကောင့်ဝင်သည့် အချက်အလက်များ၊ စကားဝှက်များနှင့် OTP များကို မည်သည့်အခါမျှ ရိုက်ထည့်ခြင်း မပြုလုပ်ရန် ထုတ်ပြန်ထားသည်။
သုံးစွဲသူများအနေဖြင့် Phishing လင့်ခ်တစ်ခုကို နှိပ်မိ၍ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်များ ထည့်သွင်းမိသည်ဟု သံသယရှိပါက အကူအညီရယူရန် ကမ္ဘောဇဘဏ်၏ Hotline ဖုန်းနံပါတ် 09951018555 သို့မဟုတ် customer_service@kbzbank.com သို အမြန်ဆုံး ဆက်သွယ်နိုင်ကြောင်း သိရသည်။




